အရှေ့တောင်အာရှနိုင်ငံ အများစုကို တရုတ်ခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း တရုတ်နိုင်ငံပြင်ပကို ခရီးထွက်ကြတဲ့ တရုတ်နိုင်ငံသားတွေ အများကြီးရှိနေပါတယ်။ ဒီနှစ်အစောပိုင်းမှာဆိုရင်လည်း ထိုင်းနိုင်ငံကို တရုတ်နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားအများစု လာရောက် လည်ပတ်ခဲ့ကြပါတယ်။
ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့ကြီးရဲ့ အဆိုအရ ကမ္ဘာအနှံ့ လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေ အများအပြား ရှိနေပါတယ်။ တရုတ်ခရီးသွားဟာ ကမ္ဘာအနှံ့ လည်ပတ်နေကြပေမယ့် ငွေပေးချေမှုစနစ်မှာဆိုရင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ WeChat Pay နဲ့ AliPay စနစ်ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။
ဒီငွေပေးချေမှုစနစ်ကြောင့်လည်း သက်ဆိုင်ရာနိုင်ငံတွေမှာ ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာအနှံ့ လည်ပတ်နေကြပေမယ့် တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ နေထိုင် စားသောက်လေ့ ရှိကြပါတယ်။ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေကြသူတွေက စီမံပေးထားတဲ့ အတိုင်းသာ နေထိုင်ကြပါတယ်။
နီပေါနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေကလည်း ဒီစနစ်အတိုင်းသာ ပြုမူနေထိုင်လေ့ ရှိကြပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်း WeChat Pay နဲ့ AliPay စနစ်ကိုသာ အသုံးပြုကြပါတယ်။
ဒီငွေပေးချေမှုစနစ်ဟာ တရုတ်နိုင်ငံမှာသာ တရားဝင်သုံးလို့ရတဲ့ စနစ်ပါ။ ဒီစနစ်ကို အသုံးပြုတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းကနေ ရရှိမယ့် ဝင်ငွေတွေဟာ တရုတ်နိုင်ငံကိုသာ ပြန်ရောက်သွားပါတယ်။
ကျန်တဲ့ နိုင်ငံတွေမှာတော့ တရားမဝင်တဲ့ ငွေပေးချေမှုစနစ် ဖြစ်တဲ့အတွက်ကြောင့် နီပေါအစိုးရက တရုတ်ခရီးသွားတွေ သုံးလေ့သုံးထရှိတဲ့ WeChat Pay နဲ့ AliPay ကို ခွင့်မပြုတော့ပါဘူး။ နီပေါအစိုးရအနေနဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရတဲ့ ဒီငွေပေးချေမှုစနစ်ကို အသုံးပြုခွင့်မပေးတော့ဘူးလို့ နီပေါနိုင်ငံ ဗဟိုဘဏ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
Nepal Rastra ဘဏ်က ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Laxmi Prapanna Niroula ကလည်း “ဒီငွေပေးချေ မှုစနစ်က တရားမဝင်တဲ့အတွက် တရုတ်သွားတွေကို အသုံးပြုခွင့်ပေးမှာ မဟုတ်တော့ဘူး။ တရုတ် ခရီးသွားတွေအနေနဲ့ ဒီစနစ်ကိုအသုံးပြုပြီး ငွေချေတာကိုတွေ့ရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ် ခံရမယ်”လို့ ပြောပါတယ်။
နီပေါနိုင်ငံရဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ ဧဝရက်တောင်နဲ့ မြတ်စွာဘုရားဖွားမြင်ရာ လုမ္ဗိနီဥယျာဉ်ကို ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၁ ဒဿမ ၁ သန်း လာရောက်ခဲ့ပြီး ၁၅၃,၀၀၀ ယောက်က တရုတ်ခရီးသွားတွေ ဖြစ်ကြပါတယ်။
တရုတ်ခရီးသွားတွေဟာ တရုတ်ပြည်မှာ ဘဏ်စာရင်းတွေ ဖွင့်ထားကြပြီး ငွေပေးချေတဲ့ စနစ်မှာတော့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကိုသာ အသုံးပြုတဲ့အတွက် ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။
ဒါကြောင့်လည်း နီပေါအစိုးရ နီပေါနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အသုံးပြုခွင့် ပိတ်ပင်လိုက်တာပါ။ မြန်မာနိုင်ငံမှာလည်း ဒီစနစ်ကပေးတဲ့ဒဏ်ကို ခံနေရတဲ့အတွက် အစိုးရအနေနဲ့ ပါဝင်ဖြေရှင်းသင့်နေပါတယ်။ တခြားနိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရတွေက ဒီစနစ်ကို တားမြစ်မှုတွေ လုပ်လာတာ တွေ့နေရပါတယ်။
Ref. Reuters, Japantime, Thehimalayantimes
You may also like these stories:
၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ
ဧဝရက်တောင်ဝန်းကျင် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်တော့မည်
ဧဝရက် တောင်တက်သမားတွေ သေဆုံးပြီးနောက် နီပေါနိုင်ငံက စည်းမျဉ်းအသစ်များ ထုတ်ပြန်
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
ဇီးရိုးဘတ်ဂျက်ကို နှိမ်နင်းမယ်လို့ ကမ္ဘောဒီးယား ခရီးသွားဝန်ကြီး ကတိပြု