Travel

မြန်မာတွေ အတုယူသင့်တဲ့ ဗီယက်နမ်နိုင်ငံက Farm Tourism

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေဟာ ခရီးသွားလုပ်ငန်းကို ပုံစံအမျိုးမျိုးနဲ့ အကောင်အထည်ဖော် လုပ်ဆောင်လာနေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းနဲ့ အအောင်မြင်ဆုံးနိုင်ငံကတော့ ထိုင်းနိုင်ငံပါပဲ။

ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရေး ဝန်ကြီးချုပ်ကိုယ်တိုင်က ခရီးသွားလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေသလို ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင်ကလည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် စိတ်ကူး စိတ်သန်းကောင်းများစွာ ရှိပါတယ်။

ခရီးသွားလုပ်ငန်းဆိုတာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးရတဲ့လုပ်ငန်းပါ။ မြန်မာနိုင်ငံမှာ လည်ပတ်စရာနေရာတွေ အများကြီး ရှိပေမယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေက ရှားပါတယ်။ ပြောစရာ ပြစရာဆိုလည်း ပုဂံ၊ အင်းလေး၊ ဦးပိန်၊ ပျူ၊ သရေခေတ္တရာ ဒါလောက်ပါပဲ။ တကယ်တော့ မြန်မာနိုင်ငံမှာ သမိုင်းဝင် နေရာပေါင်းများစွာ ရှိပေမယ့် နိုင်ငံတကာ ခရီးသွားတွေကို ထိထိရောက်ရောက် မဆွဲဆောင်နိုင်ကြသေးပါဘူး။

ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဟိုက်ပါရေတံခွန်ဟာ အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ ရေတံခွန် ဖြစ်ပေမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ သွားရောက်နိုင်တဲ့နေရာ မဟုတ်သေးပါဘူး။ နိုင်ငံခြား ဧည့်သည်တွေမဆိုထားနဲ့ ပြည်တွင်း ခရီးသွားတွေတောင် ကျီးလန့်စာစားပြီး သွားနေရတဲ့နေရာ ဖြစ်ပါတယ်။

မိုးနဲမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် နေရာတွေဆိုရင်လည်း ဒီလိုပါပဲ။ တွင်ကျယ်အောင် မလုပ်ဆောင်နိုင်သေးတဲ့အတွက် လူမသိ သူမသိ ပျောက်ဆုံးနေရပါတယ်။ ဒီလိုနေရာမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပေမယ့် နိုင်ငံခြားခရီးသည်တွေကို ကန့်သတ်ထားတဲ့အတွက် မထင်မရှားဖြစ်နေပါသေးတယ်။ ပြည်တွင်းစစ်ကြီးကလည်း အဆက်မပြတ် ဖြစ်နေတဲ့အတွက် မြန်မာ့ခရီးသွားလုပ်ငန်းက ထင်တိုင်းမပေါက်နိုင် ဖြစ်နေပါတယ်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ ခရီးသွားလုပ်ငန်းကို နိုင်ငံတကာက စိတ်ဝင်စားလာအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်လာပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း Little Zoo Café ဆိုရင်လည်း ခရီးသွားတွေ စိတ်ဝင်စားကြတဲ့နေရာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ စိတ်ကူးတမျိုးနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။ အဲဒါကတော့ Farm Tourism ၊ Agritourism လို့ခေါ်တဲ့ လယ်သမားတွေရဲ့ဘဝနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ အကြောင်းကို လေ့လာတဲ့ ခရီးသွားလုပ်ငန်းပါ။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံလို့ ကြွေးကြော်ထားပေမယ့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေမှာတော့ ဒီလိုစိတ်ကူးမျိုး မရှိသေးပါဘူး။

Farm Tourism လုပ်ငန်းဟာ ဗီယက်နမ်နိုင်ငံမှာအောင်မြင်နေတဲ့ခရီးသွားလုပ်ငန်းပါ။ ဒါကြောင့်လည်း လယ်သမားတွေရဲ့ဘဝကို လေ့လာတဲ့ Farm Tourism လုပ်ငန်းဟာ အရှေ့တောင်အာရှမှာ ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။ အောင်မြင်နေတဲ့ Farm Tourism လုပ်ငန်းတည်ရှိတဲ့ နေရာကတော့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက Tra Que ကျေးရွာပါပဲ။ “Tra Que Vegetable Village” လို့လည်း ခေါ်လေ့ ရှိပါတယ်။

Tra Que ရွာကလေးဟာ Hoi An မြို့တော်ရဲ့ အရှေ့ မြောက်ဘက်၊ ၃ ကီလိုမီတာအဝေးမှာ တည်ရှိပါတယ်။ အဲဒီရွာက စားသောက်ဆိုင်တွေကလည်း လတ်ဆတ်တဲ့ အော်ဂဲနစ် အသီးအရွက်တွေကိုသာ ရောင်းချလေ့ ရှိပါတယ်။ အချိန်ပေးပြီး လည်ပတ်သူတွေအနေနဲ့ စိမ်းလန်းကျယ်ပြန့်တဲ့ လယ်ကွင်းတွေထဲ ကျွဲစီးနိုင်သလို စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေကို ဝင်ရောက် ကူညီနိုင်ပါတယ်။

အခုဆိုရင် အဲဒီ ရွာလေးကို နေ့စဉ် ခရီးသွား ရာနဲ့ချီပြီး လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ခရီးသွားအုပ်စုတွေ နေ့စဉ်လိုလို လာရောက်လည်ပတ်နေတဲ့အတွက်လည်း သူတို့ဘဝတွေက ပျော်ရွှင်စရာကောင်းသလို ပိုပြီးလွယ်ကူလာခဲ့တယ်လို့ အသက် ၇၅ နှစ်အရွယ် လယ်သမားကြီး Nguyen Thi Xiem က ပြောပါတယ်။

Ref. Tuoitrenews

You may also like these stories:

နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ

ဗုဒ္ဓဂါယာကို ကမ္ဘာ့အဆင့်အတန်းမီ နေရာဖြစ်လာအောင် ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရ

လအလိုက် ခရီးထွက်သင့်တဲ့ မြန်မာနိုင်ငံက ဒေသများ

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

Did you find apk for android? You can find new Free Android Games and apps.
Loading