Travel

လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေကို ထောင်ဒဏ် ချမှတ်မယ့် ဘာလီကျွန်း

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံဟာ လှပပြီး လည်ပတ်ချင်စရာ ပေါများတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာ အထင်ကရ နေရာတွေ များစွာရှိတဲ့အနက် ဘာလီကျွန်းဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်ရာ နေရာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ စာရင်းဇယားဗျူရိုရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဘာလီကျွန်းကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၆ သန်းကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ သြစတြေးလျနိုင်ငံသားပေါင်းက ၁ သန်းကျော် ရှိခဲ့ပါတယ်။

အခုဆိုရင်တော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အလာများတဲ့ ဘာလီကျွန်းမှာ ဥပဒေအသစ် တရပ် ထွက်ပေါ်လာပါတော့မယ်။ အဲဒီ ဥပဒေကတော့ လက်မထပ်ရသေးတဲ့ စုံတွဲတွေ ဘာလီကျွန်းမှာ လိင်မှုကိစ္စ ပြုကြတာကို တားမြစ်မယ့် ဥပဒေပါ။

ဘာလီကျွန်းကို လာရောက် လည်ပတ်ကြတဲ့ စုံတွဲတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ တရားဝင် လက်ထပ်ပြီးသူတွေသာ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင် ဘာလီကျွန်းက ဟိုတယ်ခန်းတွေကို ငှားရမ်း နေထိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

လက်မထပ်ဘဲ လိင်မှုကိစ္စကျူးလွန်တာဟာ ညစ်ညမ်းတဲ့ အပြုအမူတရပ်လို့ အင်ဒိုနီးရှားနိုင်ငံက လက်ခံထားပါတယ်။ ဒါကြောင့်လည်း လက်မထပ်ရသေးဘဲ အတူနေသူတွေကို ထောင် ၆ လ အပြစ်ပေးနိုင်တဲ့ ဥပဒေတရပ်ကို အင်ဒိုနီးရှားနိုင်ငံက ပြဋ္ဌာန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင် အများစု နေထိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဘာသာရေးအရဆိုရင်လည်း လက်မထပ်ဘဲ အတူနေတာကို ပြစ်မှုမြောက်တယ်လို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်း ဘာလီကျွန်းကို သွားရောက် လည်ပတ်သူတွေအနေနဲ့ လက်မထပ်ရသေးဘဲ အတူနေတဲ့ ကိစ္စကို ဆင်ခြင်ရတော့မှာလည်း ဖြစ်ပါတယ်။

လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဘာလီကျွန်းက ဟိုတယ်တွေကလည်း လက်ခံတော့မှာ မဟုတ်ပါဘူး။

Ref. Cntraveller.in

You may also like these stories:

စွန့်ပစ်အမှိုက်တွေကြောင့် ပျက်စီးဖို့အန္တရာယ်ကြုံလာနေတဲ့ ဘာလီကျွန်း

စမတ်ဖုန်း အသုံးပြုခြင်းကို တာမြစ်လိုက်တဲ့ ဘာလီက အပန်းဖြေစခန်း

Pre-Wedding ဓာတ်ပုံ ရိုက်လို့ကောင်းတဲ့ အာရှနိုင်ငံများ

အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading