အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွား အများအပြား လာရောက် လည်ပတ်ကြတဲ့ အကြောင်းကတော့ ဝန်ဆောင်မှုကောင်းတာလည်း ပါဝင်ပါတယ်။ အသစ်တက်လာတဲ့ ခရီးသွားလာရေးဝန်ကြီးကလည်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က ၃၈ ဒဿမ ၂၇ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၄၁ သန်း လာရောက်မယ်လို့ ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။
၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှာတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ခရီးသွားအရေအတွက် တိုးလာခဲ့ပါတယ်။ တရုတ် ခရီးသွားအရေအတွက် ကျဆင်းနေရာကနေ ပြန်လည် တိုးလာခဲ့ပါတယ်။ တရုတ်ခရီးသွားတွေဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့ ဈေးကွက်တခုဖြစ်ပြီး သြဂုတ်လအတွင်းမှာ ၁ သန်းကျော် လာရောက်ခဲ့ပါတယ်။
သြဂုတ်လအတွင်း ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားပေါင်း ၃ ဒဿမ ၄၁ သန်းလာရောက်ခဲ့ကြပြီး ဝင်ငွေ ထိုင်းဘတ် ၁၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒဿမ ၅၅ ဘီလီယံ) ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ခရီးသွား အများအပြား လာရောက် လည်ပတ်တာနဲ့အတူ ဝင်ငွေရရှိနှုန်းကလည်း အချိုးညီတဲ့ နိုင်ငံပါ။
အခုလို ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေရရှိနေတဲ့ အကြောင်းကတော့ ဇီးရိုးဘတ်ဂျက် ခရီးသွားတွေကို ထိုင်းအစိုးရက တစိုက်မတ်မတ် နိမ်နင်းနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ တရုတ်ခရီးသွားအရေအတွက် တိုးလာခဲ့ပေမယ့် စက်တင်ဘာလအတွင်းမှာတော့ တရုတ် ခရီးသွားအရေအတွက်က ပြန်လည် ကျဆင်းသွားခဲ့ပြန်ပါတယ်။
အခုလို တရုတ်ခရီးသွား အရေအတွက်ပြန်လည် ကျဆင်းသွားရတဲ့ အကြောင်းကတော့ တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့လည်း စီးပွားရေးကျဆင်းမှုတွေ ရှိနေကြောင်း Asiatimes မှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံက လာရောက် လည်ပတ်တဲ့ ခရီးသွားအရေအတွက်က ၃ ပုံ ၁ ပုံ ရှိနေပါတယ်။ အခုလို တရုတ်ခရီးသွားအရေအတွက် ပြန်လည် ကျဆင်းသွားရတဲ့အကြောင်းက တရုတ်နိုင်ငံရဲ့စီးပွားရေးကြောင့်ဖြစ်သလို မနှစ်ကဖြစ်ခဲ့တဲ့ လှေတိမ်းမှောက်မှုကြောင့်လည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လှေတိမ်းမှောက်မှုကြောင့် တရုတ်ခရီးသွား ၄၇ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရက Maya ပင်လယ်အော်ကို ခရီးသွားတွေ သွားရောက် လည်ပတ်ခွင့် ပိတ်ပင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ ပြန်လည်ဖွင့်လှစ်ဖို့ အလားအလာ မရှိသေးပါဘူး။
တရုတ်ခရီးသွား အရေအတွက် ပြန်လည် ကျဆင်းသွားရတဲ့ အကြောင်းတွေထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုကြောင့်လည်း ပါဝင်ပါတယ်။ အဲဒီလုယက်မှုကို ကျူးလွန်ခဲ့သူကတော့ ထိုင်းအငှားယာဉ်မောင်းတဦးဖြစ်ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင် တယောက်ကို လုယက်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref. Asiatimes, Chiangraitimes
You may also like these stories:
ထိုင်းမှာ ပိုက်ဆံ လုယက်မှု ဖြစ်ပွားပြီးနောက် ခရီးသွားများအတွက် သတိပေးချက် ထွက်လာ
နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက ကန်ချနာဘူရီမြို့
ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့
တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပြုမယ့်အဆို ထိုင်းဒုဝန်ကြီးချုပ် သဘောမတူ