Travel

နိုင်ငံသားတွေရဲ့ ပျော်ရွှင်ခြင်းကို အလေးထားတဲ့ ဘူတန်နိုင်ငံ

Want create site? Find Free WordPress Themes and plugins.

ဘူတန်နိုင်ငံဟာ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး တရားဝင်နာမည်ကတော့ ဘူတန်ဘုရင့်နိုင်ငံ (Kingdom of Bhutan)လို့ ခေါ်ပါပဲ။ အာရှနိုင်ငံဖြစ်တဲ့ဘူတန်နိုင်ငံဟာ အရှေ့ ၊ အနောက် နဲ့ တောင် ဖက်တွေက အိန္ဒိယနိုင်ငံ ၊ မြောက်ဖက်မှာဆိုရင်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နဲ့နယ်နိမိတ် ချင်း ထိစပ်နေပါတယ်။

ဘူတန်ရဲ့ အဓိပ္ပါယ်ကတော့ မိုးကြိုးနဂါးတိုင်းပြည် (Land of Thunder Dragon) ပါပဲ။ ဒီလိုခေါ်ရတဲ့ အကြောင်း ကတော့ ဘူတန်နိုင်ငံမှာ မိုးခြိမ်းရင် ကြောက်စရာကောင်းပြီး မိုးခြိမ်းတာဟာ နဂါးတွေရဲ့ အရိပ်အယောင်လို့ ယူဆထားတဲ့အတွက်ပါပဲ။

ဘူတန်နိုင်ငံမှာ ထူးခြားချက်တွေများစွာ ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှု ကို လူတဦးချင်း ဝင်ငွေနဲ့ တိုင်းတာလေ့ရှိကြပေမယ့် ဘူတန်နိုင်ငံမှာတော့ အခြေအနေက တမျိုးပါ။ ဘူတန်နိုင်ငံမှာတော့ လူတဦးချင်း ဝင်ငွေနဲ့ တိုင်းပြည်တိုးတက်မှုကို မတိုင်းတာဘဲ လူတဦးချင်းပျော် ရွှင်မှုနဲ့သာ တိုင်းတာပါတယ်။ လူတွေရဲ့ ပျော်ရွှင် ကျေနပ်နေမှုကိုသာဘူတန်နိုင်ငံက အလေးထားပါ တယ်။

ဒါကြောင့်လည်း ဘူတန်နိုင်ငံဟာ အာရှမှာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် အပျော်ရွှင်ဆုံး နိုင်ငံဖြစ်တယ်လို့ Business Week မဂ္ဂဇင်းက ၂၀၀၆ ခုနှစ်မှာ ရွေးချယ်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ဘူတန်နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုက အမြင့်ဆုံးနေရာမှာ ရှိနေပါတယ်။

နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဘူတန်နိုင်ငံမှာ ဆေးရွက်ကြီးနဲ့ ဆေးလိပ် ရောင်းချခွင့်မရှိပါ ဘူး။ ၂၀၁၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး ပန်းခြံ ၊ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ဈေး နဲ့ ရုပ်ရှင်ရုံ စ တဲ့ နေရာတွေမှာ ဆေးလိပ်သောက် တာကို ဥပဒေနဲ့ တားမြစ်ခဲ့ပါတယ်။

ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့နိုင်ငံတကာခရီးသွားဧည့်သည်တွေအနေနဲ့ ဆေးလိပ်သယ်ဆောင် လာခဲ့မယ်ဆိုရင် လည်း အခွန်အများကြီးဆောင်ပြီးမှ သယ်ယူခွင့်ရပါတယ်။ ဆေးရွက်ကြီးနဲ့ ဆေးလိပ်ရောင်းချနေ တာ ဖမ်းမိခဲ့ရင်လည်း ထောင် ၃ နှစ် ကနေ ၅ နှစ်အထိ ကျနိုင်ပါတယ်။

ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ TV နဲ့ အင်တာနက်ကို နောက်အကျဆုံးသုံးခဲ့ရတဲ့ နိုင်ငံတနိုင်ငံပါပဲ။ ၁၉၉၉ ခုနှစ် မတိုင်ခင်ကာလအထိ ဘူတန်နိုင်ငံမှာ TV အသုံးပြုခွင့် မရှိခဲ့ပါတယ်။ အခုမှသာ ဘူတန် နိုင်ငံသားတွေဟာ TV နဲ့ အင်တာနက်ကို အသုံးပြုခွင့်ရတဲ့ နိုင်ငံပါ။

ဘူတန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘူတန်အစိုးရက သူတို့နိုင်ငံယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေကိုထိခိုက်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းမှာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘူတန်နိုင်ငံကို လာရောက် လည်ပတ်လိုသူတွေအနေနဲ့ တရက်ကို အမေရိကန်ဒေါ်လာ ၂၅၀ အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။ အစိုးရက သတ်မှတ်ပေးထားတဲ့ အတိုင်းအတာကို သုံးစွဲနိုင်မှာသာ ဘူတန်နိုင်ငံကို လာရောက်လည်ပတ်နိုင်ပါတယ်။

ဘူတန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကိုလည်း စိုးရိမ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး နိုင်ငံဧရိယာ အများစုကိုလည်း သစ်တောတွေက ဖုံးလွှမ်းထားပါတယ်။ စိုက်ပျိုးရေးမှာဆိုရင်လည်း ရိုးရာ စိုက်ပျိုးရေး နည်းပညာ ကိုသာအသုံးပြုလေ့ရှိပြီး နိုင်ငံလုံးအတိုင်းအတာနဲ့ ဓာတ်မြေသြဇာ ၊ ပိုးသတ် ဆေးစတာတွေအသုံးမပြုဘဲ စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နေပါတယ်။ နိုင်ငံလုံးအတိုင်းအတာနဲ့ အပြည့်အဝ မအောင်မြင်သေးပေမယ့် အောင်မြင်လုနီးပါးတော့ ဖြစ်နေပါ ပြီ။

နောက်ထပ် ထူးခြားတာတွေကတော့ ဘူတန်နိုင်ငံမှာ ရိုးရာအဆောက်အဦတွေကိုသာ ဆောက်လုပ်ခွင့်ရှိပါတယ်။ ဘူတန်နိုင်ငံသားအများစုကလည်း ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ရပါတယ်။ ရိုးရာ ဝတ်စုံကတော့ မဝတ်မနေရပါပဲ။

ဘူတန်နိုင်ငံသားတွေဟာ ဘာသာရေးကို လေးလေးနက်နက်ယုံကြည်လေ့ရှိကြပါတယ်။ ဘူတန်နိုင်ငံဟာ တိဘက်နဲ့ အိန္ဒိယအကြားမှာရှိနေတဲ့အတွက် ယဉ်ကျေးမှုတွေကိုလည်း အဲဒီနိုင်ငံ တွေဆီက ရပါတယ်။

နောက်ထပ်ထူးခြားတာကတော့ ဘူတန်နိုင်ငံဟာ အမျိုးသမီးတွေကို ဦးစားပေးတဲ့အချက်ပါပဲ။ တချို့ နိုင်ငံတွေမှာ ဘာသာရေးအရ အမျိုးသမီးမဝင်ရ စတဲ့ကန့်သတ်ချက်တွေရှိနေပေမယ့် ဘူတန်နိုင်ငံ မှာတော့ အဲဒီလိုကန့်သတ်ချက်မျိုး မရှိပါဘူး။ အမျိုးသမီးတွေကို အထူးအလေးပေးဆက်ဆံတဲ့ အတွက် ဘူတန်နိုင်ငံက အမျိုးသမီးတွေက ကျန်တဲ့နိုင်ငံက အမျိုးသမီးတွေထက် ပိုပြီး ပျော်ရွှင်လေ့ ရှိကြပါတယ်။

Ref:en.wikipedia,my.wikipedia,holidify

You may also like these stories

LGBT အသိုင်းအဝိုင်းတွေကို လက်ခံလိုက်ပြီဖြစ်တဲ့ ဘူတန်နိုင်ငံ

ခရီးသွားတွေ အလာနည်းနေသေးတဲ့ ဘူတန်နိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading