ခရီးသွားရင်း လေယာဉ်ပေါ်မှာ ကလေးငယ်တွေနဲ့ တခုံတည်းကျတာ၊ အနီးအနားမှာထိုင်ရတာဟာ တချို့ခရီး သည်တွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာတခုပါ။ ဒီလိုအခြေအနေကို ကြိုတင်ရှောင်လွဲနိုင်ဖို့အတွက် ဂျပန်လေကြောင်းလိုင်းတွေမှာ လက်မှတ်မဖြတ်ခင် ကလေးပါမယ့်ခုံတွေကို ကြိုတင်ကြည့်လို့ရနေပါပြီ။
လေကြောင်းလိုင်းရဲ့ Website ထဲဝင်ပြီး လေယာဉ်လက်မှတ်ဖြတ်ဖို့ ဘိုကင်တင်လိုက်တာနဲ့ ဘယ်ခုံနေရာမှာ ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးရှိမယ်ဆိုတာ ကြိုမြင်အောင် ကလေးပုံစတစ်ကာလေးတွေပြပေးထားပါတယ်။ ပုံကိုကြည့်ပြီး အနီးအနားမှာ ကလေးရှိမရှိကြည့်ကာ ကိုယ့်စိတ်ကြိုက်ခုံနေရာကို ရွေးချယ်နိုင်တယ်လို့ အဲလိုင်း ကကြေညာပြီး မကြာခင်မှာပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြိုဆိုတဲ့မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။
“ဒီလိုလုပ်ပေးလိုက်တော့ ဘယ်ခုံမှာ ကလေးရှိတယ်ဆိုတာ အလွယ်တကူ သိနိုင်ပြီပေါ့” ၊ “ဂျပန်အဲလိုင်းကို ကျေးဇူးတင်ပါတယ်။ ၁၃ နာရီလောက် ခရီးအရှည်ကြီးစီးရတဲ့အခါမျိုးမှာ ဒီစနစ်လေး အသုံးဝင်တယ်”၊ “ဒီစ နစ်က လုံးဝကို အသုံးဝင်တာပါ။ ကလေးငယ်လေးတွေနဲ့ လေယာဉ်တစီးတည်းစီးရတာ အရမ်းကို အာရုံထွေ ပြားလွန်းပါတယ်။ ဖြစ်နိုင်ရင် သူတို့နဲ့အတူတူ လေယာဉ်တစီးတည်းမစီးချင်ဘူး” စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါ တယ်။
တချို့အခြေအနေတွေမှာတော့ ကလေးပုံခုံနေရာကို မပြတဲ့အခါမျိုးတွေလည်း ရှိမယ်လို့ ဆိုပါတယ်။ ဂျပန်အဲလိုင်း ဆိုဒ်ကနေပဲ ဘိုကင်တင်မှ မြင်ရမှာဖြစ်ပြီး လေယာဉ်ပြောင်းသွားရင်တော့ ပြတော့မှာ မဟုတ်ဘူးလို့ သိရပါ တယ်။
တဖက်မှာလည်း ဂျပန်အဲလိုင်းက ကလေးငယ်ပါမယ့် ခရီးသည်တွေအတွက် အထူးဝန်ဆောင်မှုလေးတွေ ပေး ထားပါတယ်။ ကလေးလက်တွန်းလှည်းငှားပေးတာမျိုး၊ ပါလာတဲ့လက်တွန်းလှည်းဆိုလည်း Check Baggage လုပ်စရာမလိုတာမျိုးတွေ ရှိပါတယ်။ လေယာဉ်ပေါ်မှာဆိုလည်း ကလေးငယ်ပါလာမယ့် ခရီးသည်တွေကို ဦးစား ပေးခုံနေရာတွေပေးပြီး လိုအပ်ရင် နို့ဘူးဖျော်ဖို့ ရေနွေးပေးတာ၊ Diaper လဲနိုင်လုပ်ပေးထားမျိုးတွေ စီစဉ် ထားပါတယ်။
တချို့ခရီးသည်တွေကလည်း ကလေးပါမယ့်ခုံတွေ ကြိုတင်ကြည့်နိုင်သလိုပဲ လူမျိုးရေးခွဲခြားသူတွေ၊ အိပ်ရင် ဟောက်တတ်သူတွေ၊ ကျယ်ကျယ်လောင်လောင် စကားပြောတတ်သူတွေ၊ မကြာခဏ ဆီးထသွားသူတွေ၊ လေယာဉ်ပေါ် လက်သည်းခြေသည်းညှပ်တတ်တဲ့ လူကြီးတွေကိုပါ တခြားသူတွေ စိတ်အနှောင့်အယှက်မဖြစ် အောင် ခုံနေရာကြိုပြထား ပေးရင်ကောင်းမယ်လို့ အကြံပေးသူတွေလည်း ရှိလာပါတယ်။
Ref: edition.cnn