ခရီးထွက်တဲ့သူတိုင်းမှာ မေးစရာ မေးခွန်းတွေ ရှိနေတတ်ပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ ကိုယ်ခရီးသွားမယ့်ဒေသဟာ ကိုယ့်အတွက် ဘယ်လောက် လုံခြုံမှုရှိသလဲဆိုတဲ့ မေးခွန်းပါ။
အပေါင်းအသင်း၊ အဖော်တွေနဲ့ ခရီးထွက်သူတွေအတွက်တော့ ဒီမေးခွန်းက အရေးကြီးချင်မှကြီးမှာ ဖြစ်ပေမယ့် တယောက်တည်း ခရီးထွက်မယ့် သူတွေအတွက်တော့ ဒီမေးခွန်းက အရေးကြီးပါတယ်။ အထူးသဖြင့် တယောက်တည်း ခရီးသွားမယ့် အမျိုးသမီးတွေအတွက် ပိုပြီး အရေးကြီးပါတယ်။
Claire Rogers ဆိုတဲ့အမျိုးသမီးဟာ အရှေ့တောင်အာရှဒေသ နိုင်ငံတွေကို တယောက်တည်း ခရီးသွားခဲ့ဖူးတဲ့ အမျိုးသမီး တယောက်ပါ။ သူကတော့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တယောက်တည်း ခရီးထွက်ချင်သူ အမျိုးသမီးတွေအတွက် လုံခြုံတဲ့ဒေသဖြစ်တယ်လို့ ဆိုပါတယ်။
“အရှေ့တောင်အာရှဒေသ အများစုဟာ အမျိုးသမီးတယောက်အတွက် လုံခြုံတဲ့ ဒေသတွေပါ။ အထူးသဖြင့် ခရီးသွားတွေ အလာများတဲ့ ဒေသတွေမှာ ပိုပြီးလုံခြုံမှု ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတယောက်ရဲ့ အဝတ်အစား အပြင်အဆင်၊ အပြုအမူနဲ့ လောကဝတ်ဆိုင်ရာ ကိစ္စတွေအပေါ် အများကြီး မူတည်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံရနိုင်ပါတယ်”လို့ သူက ပြောပါတယ်။
တခါတရံမှာတော့ အမျိုးသမီး တယောက်အနေနဲ့ လမ်းမတွေပေါ် တယောက်တည်း သွားလာနေတဲ့အခါ မလိုလားအပ်တဲ့ အပြုအမူလို့ ယူဆနိုင်တဲ့ အပြုအမူကို ဒေသခံ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေက ပြုမူတတ်ကြပါတယ်။ အဲဒါကတော့ ကိုယ့်ကို စူးစူးစိုက်စိုက် ကြည့်လေ့ ရှိတတ်တာပါ။ တကယ်တော့ ဒီလိုအပြုအမူဟာ အရှေ့တောင်အာရှကို ရောက်ဖူးသူတိုင်း ကြုံရတဲ့ အပြုအမူမျိုးသာ ဖြစ်ပါတယ်။ ဒီဒေသကလူတွေဟာ လူစိမ်းတယောက်ကို ဒီလိုပဲ ကြည့်လေ့ ရှိတတ်ပါတယ်။
အရှေ့တောင်အာရှ ဒေသမှာတော့ အမျိုးသမီးတွေရဲ့ အဝတ်အစားက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့အတွက် ဂရုတစိုက် ဝတ်သင့်ပါတယ်။ အရှေ့တောင်အာရှက ဘုရားတွေကို သွားရောက် လည်ပတ်တဲ့အခါ ဒီအချက်က အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို နေရာမျိုးမှာတော့ ဘုရားကို သွားရောက်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ လုံလုံခြုံခြုံ ဝတ်ရမယ်လို့ စည်းကမ်း သတ်မှတ်ချက်တွေ ရှိပါတယ်။
အရှေ့တောင်အာရှ ဒေသအများစုက ပူလောင် အိုက်စပ်တဲ့ ရာသီဥတုမျိုး ဖြစ်တာကြောင့် ပေါ့ပါ့းတဲ့ အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ဒါပေမယ့် ဘာသာရေး အဆောက်အဦလို နေရာမျိုးမှာတော့ လုံလုံခြုံခြုံသာ ဝတ်ဆင်ရပါမယ်။
အရှေ့တောင်အာရှမှာရှိတဲ့ ဘားတွေ၊ ကလပ်တွေနဲ့ စားသောက်ဆိုင်တွေကလည်း ခေတ်မီကြပါတယ်။ ဒါကြောင့်လည်း ညဘက် ဘားနဲ့ ကလပ်တွေကို သွားရောက်တဲ့အခါမျိုးမှာ အမျိုးသမီးတယောက်အနေနဲ့ ရိုးရာအရက်နဲ့ ရိုးရာ အစားအသောက်တွေ၊ စားသောက်ရဲ့ ချစ်စရာကောင်းတဲ့ အရှေ့တောင်အာရှ ညတွေကို လွတ်လွတ်လပ်လပ် ခံစားနိုင်ပါတယ်။
ခြုံပြီးပြောရမယ်ဆိုရင် အရှေ့တောင်အာရှဒေသဟာ အမျိုးသမီး တယောက်အတွက် လုံခြုံတဲ့ ဒေသပါ။ အမျိုးသမီးတွေအတွက် သီးသန့် ကန့်သတ်ထားတဲ့ စည်းကမ်းတချို့ ရှိပေမယ့် ပျော်စရာကောင်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။
Ref: worldnomads
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်များ
တကိုယ်တော် ခရီးသွားတွေအတွက် လုံခြုံမှုအရှိဆုံး နိုင်ငံများ
တကိုယ်တော်ခရီးသွားတဲ့အခါ လုံခြုံမှုရှိအောင် ဘယ်လိုသွားမလဲ
အမျိုးသမီးတွေအနေနဲ့ ဘေးကင်းကင်း လည်ပတ်နိုင်တဲ့ နိုင်ငံများ
ခရီးသွားတဲ့အခါ တကိုယ်တော်ခရီးထွက်သင့်တဲ့ အကြောင်းရင်း ၅ ချက်
တကိုယ်တော် ခရီးသွားတွေ သွားလည်သင့်တဲ့ အကောင်းဆုံး နိုင်ငံများ