Travel

ရေခဲမြစ်မှာဖွင့်မယ့် ကမ္ဘာ့ပထမဆုံး အရက်ဘား

အိုက်စလန်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရေခဲမြစ် အရက်ဘားကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီသတင်းဟာ အိုက်စလန်နိုင်ငံက ရေခဲမြစ်တွေဆီကို စွန့်စားခရီးထွက်သူတွေအတွက် သတင်းကောင်းပါပဲ။ ရေခဲမြစ်တွေဆီ စွန့်စားခရီးထွက်သူတွေသာ ဒီအခွင့်အရေးကို ရရှိနိုင်ပါတယ်။

အဲဒီဘားကိုတော့ “The Reyka Vodka Glacier Bar” လို့ နာမည်ပေးထားပါတယ်။ အိုက်စလန်နိုင်ငံရဲ့ ရာသီဥတုက အေးလွန်းတဲ့ ရာသီဥတု ဖြစ်တဲ့အတွက် ဒီဘားကို အမြဲတမ်း ဖွင့်ထားနိုင်မှာတော့ မဟုတ်ပါဘူး။ အောက်တိုဘာ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိသာ ဖွင့်ထားမှာ ဖြစ်ပါတယ်။

ဘားတည်ရှိတဲ့ နေရာကတော့ Longjokull ရေခဲမြစ်ဖြစ်ပြီး အိုက်စလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေခဲမြစ်ဖြစ်သလို မြောက်အာတိတ်စက်ဝိုင်း အတွင်းမှာ ဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ ခရီးတွေကို စိတ်ဝင်စားသူတွေအကြားမှာတော့ ရေခဲမြစ်ဘားဟာ ပထမဦးစားပေးနေရာ ဖြစ်လာပါတယ်။

တနှစ်ပတ်လုံး ဖွင့်ထားတာမျိုးလည်း မဟုတ်တဲ့အတွက် ရေခဲမြစ်ဘားကို သွားပြီး အရက်သောက်ဖို့ ဆိုတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ရေခဲမြစ်ဘားကို လာရောက် လည်ပတ်သူတွေအဖို့တော့ ကော့တေး ကောင်းကောင်းကို သောက်ရပါလိမ့်မယ်။

ကမ္ဘာမှာ ထူးခြားတဲ့ ခရီးစဉ်တွေကို စိတ်ဝင်စားသူ အများအပြား ရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲပြင်ဘားမှာတော့ ခရီးသည် အများအပြားကို လက်ခံမှာ မဟုတ်ဘဲ လူအနည်းငယ်လောက်ကိုသာ လက်ခံပါလိမ့်မယ်။

Ref: Lonely Planet

You may also like these stories:

အရှေ့တောင်အာရှ နိုင်ငံတွေဟာ တကိုယ်တော် အမျိုးသမီး ခရီးသွားတွေအတွက် လုံခြုံမှု ရှိ

ထိုင်းနိုင်ငံမှာ သီတင်းကျွတ်လပြည့်နဲ့ လပြည့်ကျော် ၁ ရက်နေ့ အရက်ရောင်းချမှုကို တားမြစ်မည်

Loading