ထိုင်းနိုင်ငံမှာ ၁၅ နှစ်ကြာ တရားမဝင်နေထိုင်ပြီး ခရီးသွားဧည့်လမ်းညွှန် လုပ်နေတဲ့ တရုတ်အမျိုးသမီးတယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ တရုတ်အမျိုးသမီးကတော့ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Ngian ဆိုသူပါ။
သူ ကိုင်ဆောင်ထားတဲ့ ထိုင်းမှတ်ပုံတင်ကလည်း တရားမဝင်တဲ့ မှတ်ပုံတင်ဖြစ်တဲ့အတွက်ကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူ့ကို အောက်တိုဘာလ ၃ ရက်နေ့က Soi Sukhumvit 81 ကွန်ဒိုမီနီယံမှာ ဖမ်းဆီးခဲ့ပြီး ထိုင်းခရီးသွား ဧည့်သည်ကြီးကြပ်ရေး ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Chettha Kamonwatthana က အောက်တိုဘာ ၄ ရက်နေ့မှာ တရားဝင်ထုတ် ပြန်ကြေညာခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ တရားမဝင် ထိုင်းမှတ်ပုံတင်မှာ သူ့ရဲ့ နာမည်ကို Tassanee သို့မဟုတ် Pathum Iemsri လို့ ဖော်ပြထားပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ ၁၅ နှစ်ကြာ တရားမဝင် နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေ အတွက် ခရီးသွားဧည့်လမ်းညွှန် အဖြစ် ဆောင်ရွက်နေခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ သူဟာ တရုတ်နိုင်ငံသား တယောက်သာ ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သူ ကိုင်ဆောင်ထားတဲ့ ထိုင်းမှတ်ပုံတင်ကလည်း တခြားထိုင်းနိုင်ငံသား တယောက်ရဲ့ မှတ်ပုံတင်ဖြစ်တယ်ဆိုတာ ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့်လည်း သူ့ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။
Ref: bangkokpost
You may also like these stories:
ဖူးခက် သက်သတ်လွတ်ပွဲတော်အတွင်း ခရီးသွား ပိုတိုးလာမယ်လို့ မျှော်မှန်းထား
ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွား ကျဆင်းပြီး အိန္ဒိယခရီးသွား ပိုတိုးလာ
စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံမှာ တရုတ် ခရီးသွားအရေအတွက် ကျဆင်း
ထိုင်းနိုင်ငံမှာ ဆင်တွေနဲ့အတူ အပန်းဖြေ အနားယူနိုင်တဲ့ “Dumbo” ဆင်အနားယူစခန်း