Travel

လက်မထပ်ရသေးဘဲ အတူနေသူတွေကို အရေးယူမယ့် ဥပဒေ အင်ဒိုနီးရှားအစိုးရ ပြန်ရုတ်သိမ်း

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ လက်မထပ်ဘဲ အတူနေထိုင်ကြမယ့် နိုင်ငံတကာခရီးသွားတွေကို အရေးယူမယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေညာချက်အရဆိုရင် ဘာလီကျွန်းမှာ လက်မထပ်ဘဲ အတူနေသူတွေကို ထောင်ဒဏ် ၆ လကနေ ၁ နှစ် (သို့မဟုတ်) ငွေဒဏ် အင်ဒိုနီးရှားပိုက်ဆံ ၁၀ သန်း ပြစ်ဒဏ် ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက် ထွက်လာပြီးနောက်ပိုင်းမှာတော့ ဘာလီကျွန်းကို လာရောက် လည်ပတ်ဖို့ ကြိုတင် ဘွတ်ကင် လုပ်ထားသူတွေက သူတို့ရဲ့ ဘွတ်ကင်တွေကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားအစိုးရက အဲဒီကြေညာချက်ကို ပြန်လည် ရုတ်သိမ်းခဲ့ရပါတယ်။

အခုဆိုရင်တော့ လက်မထပ်ရသေးဘဲ အတူနေထိုင်ကြမယ့် စုံတွဲတွေအနေနဲ့ ဘာလီကျွန်းကို လွတ်လွတ်လပ်လပ် လာရောက် လည်ပတ်နိုင်ပြီ ဖြစ်တဲ့အကြောင်း ဘာလီ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်မထပ်ဘဲ အတူနေမယ့် စုံတွဲတွေကို လိင်မှုကိစ္စ ပြုလုပ်ခွင့် မပြုဘူးဆိုတဲ့ ဥပဒေက လူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင် ကန့်သတ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း ဘာလီကျွန်းကို အားလပ်ရက်ခရီး လာရောက်လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေက သူတို့ရဲ့ ခရီးစဉ်ကို ရုတ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အားလပ်ရက် ခရီးထွက်ဖို့ ပြင်ဆင်နေကြတဲ့ သြစတြေးလျနိုင်ငံသား အများအပြားကလည်း သူတို့ရဲ့ ခရီးစဉ်ကို ပယ်ဖျက်ခဲ့ကြပါတယ်။ ဒီဥပဒေသာ ပြဌာန်းဖြစ်ခဲ့မယ်ဆိုရင် လက်မထပ်ရသေးတဲ့ နိုင်ငံတကာခရီးသွားဧည့်သည်တွေတင်မက အင်ဒိုနီးရှားနိုင်ငံသားတွေလည်း အတူတည်းခို နေထိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ခရီးသွား လုပ်ငန်းတွေကနေ နှစ်စဉ်ရနေတဲ့ ဝင်ငွေလည်း ဆုံးရှုံးသွားပါလိမ့်မယ်။

လူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ကိစ္စကို ဥပဒေနဲ့ တားမြစ်ဖို့ ကြိုးစားခဲ့တဲ့အတွက် အင်ဒိုနီးရှား ကျောင်းသားများစွာကလည်း ဒီဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ သြစတြေးလျအစိုးရကလည်း ဘာလီကျွန်းဆီ အလည်သွားမယ့်သူတွေကို သတိပေးချက် ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

အခုဆိုရင် လက်မထပ်ဘဲ အတူနေကြမယ့် စုံတွဲတွေကို ကန့်သတ်ထားတဲ့ ဥပဒေ အင်ဒိုနီးရှားအစိုးရက ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာခရီးသွားတွေအနေနဲ့ ဘာလီကျွန်းကို လွတ်လွတ်လပ်လပ် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။

Ref: timesofindia, msn

You may also like these stories: 

အင်ဒိုနီးရှားနိုင်ငံက လိင်အလုပ်သမတွေကြား ရေပန်းစားလာတဲ့ Dating Application များ

အင်ဒိုနီးရှားရေတပ် ရွက်သင်္ဘော KRI BIMA SUCI အလည်အပတ်လာမည်

လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေကို ထောင်ဒဏ် ချမှတ်မယ့် ဘာလီကျွန်း

Loading