ကနေဒါ လေကြောင်းလိုင်းတွေမှာ ကျား၊ မ ခွဲခြားမှု မရှိတော့ပါဘူး။ အရင်တုန်းကတော့ ကနေဒါ လေကြောင်းလိုင်းမှာ “Ladies and Gentlemen” လို့ လေယာဉ်ပေါ် ကြေညာလေ့ရှိပြီး ယခု နောက်ပိုင်းမှာတော့ အဲဒီလို လိင်ခွဲခြားတဲ့ အသုံးအနှုန်းကို ထပ်မံခေါ်ဆိုတော့မှာ မဟုတ်ပါဘဲ လူအများကို ရည်ညွှန်းတဲ့ “Everybody” လို့ပဲ ခေါ်ဆို သုံးနှုန်းတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ ၂၁ ရာစု ရောက်လာတာနဲ့အမျှ လူတွေရဲ့ အမြင်ကလည်း တဖြည်းဖြည်း ပြောင်းလဲ ပွင့်လင်းလာပြီး အရင်တချိန်တုန်းကတော့ လူတွေဟာ ကျား၊ မ ခွဲခြားတဲ့အမြင် ရှိခဲ့ကြပါတယ်။
အခုသတင်းကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကနေဒါနိုင်ငံရဲ့ ရုပ်သံသတင်းဌာနတွေမှာ တရားဝင် ကြေညာခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ မြောက်အမေရိကတိုက်မှာ တည်ရှိပြီး ပြည်နယ် ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ ၁ နိုင်ငံပါပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါနိုင်ငံမှာ ရှေးဦးလူမျိုးတွေ အခြေချ နေထိုင်ခဲ့ကြပါတယ်။
ကနေဒါနိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံ ၁ နိုင်ငံဖြစ်သလို ချမ်းသာတဲ့နိုင်ငံ ၁ နိုင်ငံလည်းဖြစ်ပါတယ်။ ကျား၊ မ ခွဲခြားမှုကို ကနေဒါနိုင်ငံတင်သာ မဟုတ်ဘဲ အမေရိကန်လေကြောင်းလိုင်းတွေကလည်း လက်မခံတော့ပါဘူး။
ကနေဒါလေကြောင်းလိုင်းနဲ့ ပတ်သက်ပြီး ပြောရေး ဆိုခွင့်ရှိသူကလည်း လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာကြတဲ့ ခရီးသည်တွေကို ကျား၊ မ ခွဲခြားမှု မရှိဘဲ နွေးနွေးထွေးထွေး ကြိုဆိုသွားမယ်လို့ ပြောပါတယ်။ ကနေဒါနိုင်ငံဟာ LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) လိင်တူချစ်သူတွေကို လက်ခံတဲ့ ပထမဆုံးသော နိုင်ငံလည်း ဖြစ်ပါတယ်။
Ref: businessinsider, rt