တောင်အမေရိကတိုက်မှာ အငယ်ဆုံးသမ္မတနိုင်ငံဖြစ်တဲ့ ဥရုဂွေးနိုင်ငံဟာ မြောက်ဘက်မှာ ဘရာဇီးနိုင်ငံ၊ အနောက်ဘက်မှာ အာဂျင်တီးနားနိုင်ငံ၊ အရှေ့ဘက်မှာ အတ္တလန္တိတ် သမုဒ္ဒရာတို့ တည်ရှိပါတယ်။
ဥရုဂွေးနိုင်ငံမှာ အဓိကလုပ်ကိုင်တဲ့ အလုပ်ကတော့ သိုးနဲ့ နွားမွေးမြူတဲ့ လုပ်ငန်းဖြစ်ပြီး နိုင်ငံရဲ့ ထွက်ကုန်ပမာဏ ၈၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့်လည်း ဥရုဂွေးနိုင်ငံဟာ စားကျက်မြေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး စားကျက်မြေဧရိယာ ၅ ပုံ ၄ ပုံကို တိရစ္ဆာန်တွေ စားသောက်ဖို့ အသုံးချလေ့ ရှိပါတယ်။
ဥရုဂွေးနိုင်ငံမှာ နေထိုင်သူတွေကတော့ အများအားဖြင့် စပိန်နဲ့ အီတာလျံလူမျိုးတွေရဲ့ အဆက်အနွယ်ပဲ ဖြစ်ကြပါတယ်။ များသောအားဖြင့်ကတော့ စပိန်စကားကို ပြောဆိုလေ့ရှိကြပြီး စပိန်တွေရဲ့ ဓလေ့ထုံးစံတွေကို လိုက်နာကျင့်သုံးလေ့ ရှိကြပါတယ်။
ဥရုဂွေးမှာ နေထိုင်သူတွေကို အစိုးရက အခမဲ့ပညာရေးစနစ် သတ်မှတ်ထားပြီး မူလတန်းပညာရေးကတော့ မသင်မနေရ စနစ်ပါ။ ဒါကြောင့်လည်း ဥရုဂွေးနိုင်ငံသား အများစုဟာ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် အောင်မြင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
ဥရုဂွေးနိုင်ငံကို ပထမဆုံး ခြေချခဲ့သူတွေကတော့ ပေါ်တူဂီနိုင်ငံသားတွေပါ။ ပေါ်တူဂီနိုင်ငံသားတွေဟာ ၁၆၈၀ ပြည့်နှစ်မှာ ဥရုဂွေးကမ်းခြေမှာ ခံတပ်တခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အာဂျင်တီးနားတွေက ပေါ်တူဂီတွေကို တိုက်ထုတ်ခဲ့ပါတယ်။ ၁၈၃၀ ခုနှစ်မှာတော့ ဥရုဂွေးနိုင်ငံဟာ လွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ်ကို ကြေညာခဲ့ပါတယ်။
ကိုယ်ပိုင်နိုင်ငံ အဖြစ်ကြေညာပြီးပေမယ့်လည်း ပြည်တွင်း နိုင်ငံရေးခေါင်းဆောင် အသီးသီးရဲ့ အာဏာလုမှုတွေကြောင့် အာဂျင်တီးနား၊ ဘရာဇီး စတဲ့နိုင်ငံတွေရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး သမ္မတအုပ်ချုပ်ရေးစနစ်ကို ပြန်လည် ကျင့်သုံးခဲ့ပါတယ်။
ကိုးကား – mm.wikipedia
You may also like these stories:
ဆေးလိပ်သောက်ခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားတဲ့ နိုင်ငံများ
ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံ