အရှေ့တောင်အာရှနိုင်ငံတွေဟာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် ပိုပြီး တိုးတက်လာနေပါတယ်။ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေနည်းတူ ဖိလစ်ပိုင်နိုင်ငံဟာလည်း ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်လာပါတယ်။ တရားဝင်အားဖြင့်တော့ ဖိလစ်ပိုင်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ခေါ်ဆိုလေ့ ရှိကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာမှာ တည်ရှိခြင်း၊ အီကွေတာနဲ့ နီးကပ်ခြင်းတွေကြောင့် သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ရလေ့ရှိတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်းဟာ ဖိလစ်ပိုင်နိုင်ငံအတွက်တော့ အရေကြီးတဲ့ အစိတ်အပိုင်းတခုပါ။ ၂၀၁၅ ခုနှစ်မှာတော့ ခရီးသွား လုပ်ငန်းတွေကနေ ဖိလစ်ပိုင်နိုင်ငံဟာ တိုင်းပြည် GDP ရဲ့ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း ဝင်ငွေရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ သွားရောက်ခြင်းကတော့ သဘာဝ ဇီဝမျိုးကွဲတွေ များစွာ ရှိနေလို့ပါ။ နိုင်ငံဧရိယာက သိပ်မကျယ်ဝန်းပေမယ့် ၂၀၁၅ ခုနှစ်မှာ နေထိုင်သူ လူဦးရေ သန်းပေါင်း ၁၀၀ နီးပါရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အာရှမှာ အဋ္ဌမမြောက် လူဦးရေအများဆုံး နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း လူဦးရေ ၁၂ ခု မြောက် အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်ကတည်းက ခရီးသွားလုပ်ငန်း စတင်ဖွံ့ဖြိုးလာခဲ့ပြီး၊ ၂၀၀၀ ခုနှစ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားပေါင်းက ၂ ဒဿမ ၂ သန်း ရှိခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွားဧည့်သည် အရေအတွက်ပေါင်းက ၃ ဒဿမ ၅သန်း အထိရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်းစုနိုင်ငံလေးသာဖြစ်ပေမယ့် ဖိလစ်ပိုင်နိုင်ငံဟာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် ဖွံဖြိုးလာတဲ့ နိုင်ငံတနိုင်ငံလို့ ဆိုရမှာပါ။
၂၀၁၉ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖိလစ်ပိုင်နိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြသူတွေကတော့ တောင်ကိုရီးနိုင်ငံသားတွေဖြစ်ပြီး၊ ဒုတိယအများဆုံးကတော့ တရုတ်နိုင်ငံသားတွေပါ။ အာရှ မဟုတ်တဲ့ နိုင်ငံသားတွေထဲက ဆိုရင်လည်း ဖိလစ်ပိုင်နိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြသူတွေကတော့ အမေရိကန်နိုင်ငံသားတွေနဲ့ သြစတြေးလျ နိုင်ငံသားတွေပါ။
၂၁ ရာစု ရောက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းကလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်လာတာဟာ တိုင်းပြည်ဝင်ငွေကို တဖက်တလမ်းက ရှာပေးနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း ထိုင်း၊ ဗီယက်နမ် အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေဟာ ခရီးသွား လုပ်ငန်းကို ပိုမိုအာရုံစိုက်လာကြပါတယ်။
You may also like these stories:
အရှေ့တောင်အာရှရဲ့ အလှပဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက Palawan ကျွန်း
ဟိုတယ်အခန်း ကြိုတင် ငှားရမ်းတဲ့အခါ သိထားရမယ့် အချက်များ
Wildlife Tourism လုပ်ငန်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဖင်လန်နိုင်ငံ