ပွင့်လင်းလာတဲ့ခေတ်မှာ မွတ်ဆလင် ခရီးသွားတွေက ကမ္ဘာအနှံ့ ပိုမိုခရီးသွားလာကြပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ကောက်ယူထားတဲ့ စာရင်းတွေအရ အာရှတိုက်ကို ခရီးသွားကြတဲ့ မွတ်ဆလင် ခရီးသွားအရေအတွက်က ပိုမိုများပြားလာပြီး ဂျီဒီပီအနေနဲ့ဆိုရင်တော့ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံအထိ ရှိလာနိုင်ပါတယ်။
ဒါကြောင့်လည်း အာရှဒေသတွေကို မွတ်ဆလင်ခရီးသွားတွေ ပိုမိုလာရောက်လာကြတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ပွင့်လင်းလာပါတယ်။ အာရှဒေသမှာ မွတ်ဆလင် ခရီးသွားတွေ အဓိက လည်ပတ်ကြတဲ့ နေရာတွေကတော့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ပါ။ ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေအရ မွတ်ဆလင် ခရီးသွားတွေဟာ ဥရောပထက် အာရှနိုင်ငံတွေ ပိုမို လည်ပတ်လာကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွား အရေအတွက် ကျဆင်းနေတဲ့အတွက်ကြောင့် မွတ်ဆလင် ခရီးသွားတွေ ပိုမိုလာရောက်ဖို့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မွတ်ဆလင် ခရီးသွားတွေကို အဓိက ဦးဆောင်ပေးနေတာကတော့ ဟလာလ် ခရီးသွားလုပ်ငန်းပါ။ ဟလာလ် ခရီးသွားလုပ်ငန်းဟာ အစ္စလာမ် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ မွတ်ဆလင် မိသားစုတွေကို ဦးတည် ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်းလည်း ဖြစ်ပါတယ်။
ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း အစ္စလာမ်ဘာသာဟာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ဘာသာတခုပါ။ ဒါကြောင့်လည်း ဟလာလ် ခရီးသွာလုပ်ငန်းဟာ နိုင်ငံရပ်ခြားကို သွားရောက်ကြမယ့် မွတ်ဆလင် ခရီးသွားတွေကို အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်တော့ မွတ်ဆလင် ခရီးသွားတွေ လာရောက် လည်ပတ်မှု စာရင်းမှာ ထိုင်းနိုင်ငံက ဒုတိယ နေရာက ရှိနေပြီး စင်ကာပူနိုင်ငံက ပထမနေရာမှာ ရှိနေပါတယ်။
Ref: ttrweekly