ဘရာဇီးနိုင်ငံဟာ ဘောလုံးသမားတွေ အများအပြားမွေး ထုတ်ပေရာ နိုင်ငံတနိုင်ငံပါ။ တောင်အမေရိကတိုက်မှာ တည်ရှိပြီး လူဦးရေအရရော နယ်မြေ အကျယ်အဝန်းကပါ ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံး နိုင်ငံ ၁ နိုင်ငံပါ။
စပိန်ဘာသာစကားကို အများဆုံး အသုံးပြုတဲ့ အမေရိကန် နိုင်ငံတွေကြားမှာတော့ ဘရာဇီးနိုင်ငံဟာ ပေါ်တူဂီစကားကို ရုံးသုံးဘာသာစကား အသုံးပြုတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့စီးပွားရေကို ဂျီဒီပီအရ တွက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေနဲ့ အပြိုင် ဘရာဇီးနိုင်ငံကလည်း ကမ္ဘာပေါ်မှာ စီးပွားရေး ရွှေနိုင်ငံအဖြစ် ကျော်ကြားတဲ့ နိုင်ငံတနိုင်ငံပါ။ ဘရာဇီးနိုင်ငံဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ စီးပွားရေး အင်အားကြီး နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ ကမ္ဘာမှာ နာမည် ကျော်ကြားတဲ့ အမေဇုံသစ်တောကလည်း ရှိနေပြီး တောင်ဘက်ပိုင်းမှာဆိုရင်တော့ မြက်ခင်းပြင် မြေပြန့်တွေသာ များပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းကစလို့ ဘရားဇီးနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း ပိုမိုဖွံ့ဖြိုးလာခဲ့ပါတယ်။ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအနေနဲ့ ဘရာဇီးနိုင်ငံကို အများဆုံး လည်ပတ်ကြတာကတော့ Rio de Janeiro နဲ့ Sao Paulo မြို့တို့ပါ။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကစလို့ ဘရာဇီးနိုင်ငံကို နိုင်ငံတကာခရီးသွားအများအပြား လာရောက် လည်ပတ်ခဲ့ကြပါတယ်။
၂၀၀၆ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်အတွင်းမှာတော့ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေး ပြဿနာတွေကြောင့် ခရီးသွားလုပ်ငန်းကို အနည်းငယ် ထိခိုက်စေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တောင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံကို ခရီးသွား အများအပြား လာရောက်လည်ပတ်ရာနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Ref: brazil.org.za
You may also like these stories:
“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အိမ်သာ လျှော့တက်ပါ”လို့ ပြောတဲ့ ဘရာဇီး သမ္မတ
မေဇုန်မီးက ဘရာဇီးသာမက ကမ္ဘာကြီးကိုပါ အခက်ကြုံစေ