• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

၁၅ ကြိမ်မြောက် ကျင်းပမယ့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်

by ညီညီသူ
23 October 2019
in Travel
A A
မနှစ်က ကျင်းပခဲ့တဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်  / ဇော်ဇော် / ဧရာဝတီ

မနှစ်က ကျင်းပခဲ့တဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် / ဇော်ဇော် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

မကြာခင် ကာလမှာ တန်ဆောင်တိုင်ပွဲတော် ရောက်ပါတော့မယ်။ မြန်မာနိုင်ငံ အရပ်ရပ်က လူတွေဟာ တန်ဆောင်ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပြီး အထင်ကရ ကျင်းပတဲ့မြို့ကတာ့ တောင်ကြီးမြို့က တန်ဆောင်တိုင်ပွဲတော်ပါ။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နဲ့အတူ နောက်ထပ် ထင်ရှားတဲ့ မြို့တမြို့ကတော့ ပြင်ဦးလွင်မြို့က တန်ဆောင်တိုင်ပွဲတော်ပါ။ ပြင်ဦးလွင် တန်ဆောင်ပွဲတော်ကိုတော့ ခမ်းခမ်းနားနား ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင်တော့ ၁၅ ကြိမ်မြောက်အထိ ရှိသွားခဲ့ပါပြီ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
474
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
851
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

၂၀၁၉ ခုနှစ်မှာ ၁၅ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကိုတော့ နိုဝင်ဘာ ၈ ရက် (တန်ဆောင်မုန်းလဆန်း ၁၂ ရက်) နေ့ကနေ နိုဝင်ဘာ ၁၂ ရက် (တန်ဆောင်မုန်း လဆုတ် ၁ ရက်) နေ့အထိ ခမ်းခမ်းနားနား ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီတနှစ်မှာ ကျင်းပမယ့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်မှာတော့ မီးပုံးပျံပြိုင်ပွဲ အပါအဝင် အစီအစဉ်ပေါင်းများစွာ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်ရဲ့ထူးခြားချက်ကတော့ အဝေးထိန်း ရဟတ်ယာဉ် သရုပ်ပြပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီး ထင်ရှားတဲ့ တောင်ပေါ်စခန်းမြို့ပါ။ ပြင်ဦးလွင်ကို ပြည်တွင်း ခရီးသွား ဧည့်သည်တွေတင်မက နိုင်ငံခြားသား ခရီးသွားတွေလည်း လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း တန်ဆောင်တိုင်ပွဲတော် ရောက်တဲ့အချိန်ဆိုရင် အနယ်နယ် အရပ်ရပ်က ခရီးသွားတွေ လာရောက်လေ့ ရှိပါတယ်။

လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ကြည့်မယ်ဆိုရင် ပြင်ဦးလွင်မြို့ဟာ မန္တလေး – လားရှိုးလမ်းမကြီးပေါ်မှာ တည်ရှိနေတဲ့အတွက် သွားလာရ လွယ်ကူတဲ့ မြို့ပါ။ တချိန်တုန်းကတော့ ပြင်ဦးလွင်မြို့ကို မေမြို့လို့ ခေါ်ဆိုခဲ့ကြပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ၁၈၈၆ ခုနှစ်မှာ ဘင်္ဂလားခြေလျင်တပ်က ဗိုလ်မှူးကြီးမေကို အစွဲပြုပြီး ခေါ်ဆိုခဲ့တာပါ။

ပြင်ဦးလွင်ဆိုတဲ့နာမည်ကိုတော့ ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရလက်ထက်မှာ တကြိမ် ခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အပြီး ဗြိတိသျှအုပ်ချုပ်ရေး စတင်ချိန်မှာတော့ မေမြို့လို့ ပြန်လည် ခေါ်ဆိုခဲ့ပြီး တပ်မတော်အစိုးရလက်ထက်မှာ ပြင်ဦးလွင်လို့ ပြောင်းလဲခေါ်ဆိုခဲ့တာ ယနေ့ထက် တိုင်ပါပဲ။

ပြင်ဦးလွင်မြို့ဟာ ရာသီဥတု အေးချမ်းသာယာတဲ့အတွက် နွေရာသီလို အချိန်မျိုးတွေမှာ အပူရှိန် ကင်းလွတ်ရာ နေရာတနေရာအဖြစ် လူအများ အပန်းဖြေ သွားရောက်လေ့ ရှိကြပါတယ်။ ပြင်ဦးလွင်မြို့မှာ တန်ဆောင်တိုင်ပွဲတော်အပြင် ထင်ရှားတဲ့ ပွဲတော်တွေ နောက်ထပ် ရှိပါသေးတယ်။

တန်ဆောင်တိုင်ပွဲတော်နီးပါး နောက်ထပ် ထင်ရှားတဲ့ ပွဲတော်ကတော့ ပန်းပွဲတော်ပါ။ ပန်းပွဲတော်ကိုလည်း အနယ်နယ် အရပ်ရပ်က ခရီးသွားဧည့်သည် အများအပြား သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။

၂၀၁၉ ခုနှစ်မှာ ၁၅ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို ၅ ရက်တိုင် တိုင် စည်စည်ကားကား ကျင်းပသွားဖို့ရှိတဲ့အတွက် ခရီးသွားမယ့်သူတွေအနေနဲ့ သွားရောက် လည်ပတ်နိုင်ဖို့ သတင်းပေး ရေးသားလိုက်ပါတယ်။

Your Thoughts …
Tags: တန်ဆောင်တိုင်ပွဲတော်ပြင်ဦးလွင်
ညီညီသူ

ညီညီသူ

Similar Picks:

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

by ဧရာဝတီ
27 January 2025
18k

နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
10.6k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
9.5k

တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ စစ်ကောင်စီတပ်အား ကြးဖြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

by ဧရာဝတီ
9 August 2024
8.1k

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် MNDAA ၊ TNLA နှင့်မဟာမိတ်တပ်ပေါင်းစုသည် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တည်ရှိရာ လားရှိုးမြို့နှင့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့်အတွက် ပြင်ဦးလွင်မြို့နှင့်မန္တလေးမြို့တို့၏ အဓိက ခံစစ်စည်းပျက်သွားပြီဖြစ်ကြောင်း

ပြင်ဦးလွင်အနီး တိုက်ပွဲကြောင့် ဝက်ဝံဂိတ်ပိတ်၍ စစ်ရှောင်တို့ အခက်ကြုံ

ဂန့်ကော်ရွာသို့ ဝင်သည့် စစ်တပ် TNLA/PDF တို့ ပိတ်ဆို့ထား

by ဧရာဝတီ
31 October 2024
6.1k

ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် ရွာအတွင်း၌နေရာယူထားကာ တော်လှန်ရေးတပ်များက ယင်းကျေးရွာအနီးတဝိုက်၌ ပိတ်ဆို့ထားဆဲဟု ဆိုသည်။

TNLA နှင့် PDF ပူးပေါင်းတပ်များ ပြင်ဦးလွင် ကျောက်မဲလေးစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ

TNLA နှင့် PDF ပူးပေါင်းတပ်များ ပြင်ဦးလွင် ကျောက်မဲလေးစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ

by ဧရာဝတီ
11 January 2024
5.5k

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောက်မဲလေးကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး PDF) နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

Next Post
ခင်ပွန်းဖြစ်သူ Kanye West နဲ့ ရုပ်သံစတား Kim Kardashian

Kim Kardashian မွေးနေ့အတွက် ပရဟိတအဖွဲ့တွေကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Kanye West

သရုပ်ဆောင် မယ်လိုဒီ  / ဝေဝေနှင်း / ဧရာဝတီ

"ဇင်အောင်နဲ့ သန္တာလှိုင် နှစ်ယောက်စလုံးကို နားလည်ပေးလို့ ရတယ်"လို့ မယ်လိုဒီ ပြော

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate