Travel

နိုင်ငံတကာခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက နေရာများ

Want create site? Find Free WordPress Themes and plugins.

ဘန်ကောက်မြို့ဟာ ၄ နှစ်ဆက်တိုက် ခရီးသွားအများဆုံး အညွှန်းကိန်းရှိတဲ့ မြို့တမြို့ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှု အများဆုံးမြို့ ၂၀ ထဲမှာ ထိုင်းနိုင်ငံက ၃ မြို့ ပါဝင်ခဲ့ပါတယ်။ ဘန်ကောက်မြို့ရဲ့ ၂၀၁၉ ခုနှစ်အတွက် ခရီးသွားလုပ်ငန်းကနေရတဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

ဖူးခက်ကမ်းခြေကတော့ နိုင်ငံတကာ ခရီးသွားတွေကြောင့် ဝင်ငွေ ၁၂ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၇ ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၉ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏပါ။ Hat Yai ဆိုရင်လည်း ၁၉ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ Hat Yai ကို အများဆုံး လာရောက် လည်ပတ်ကြသူတွေကတော့ မလေးရှားနိုင်ငံက ခရီးသွားဧည့်သည်တွေ များပါတယ်။

ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား ဧည့်သည်အရေအတွက် ကျဆင်းနေတယ် ဆိုပေမယ့် အားလပ်ရက်လို အချိန်မျိုးတွေမှာတော့ အများအပြား လာရောက် လည်ပတ်နေကြတုန်းပါပဲ။ အားလပ်ရက် အပန်းဖြေချိန်မျိုးတွေမှာဆိုရင်တော့ ထိုင်းနိုင်ငံက ကမ်းခြေတွေကို ဥရောပနဲ့ ဂျပန် နိုင်ငံခရီးသွားဧည့်သည်တွေ အများအပြား လာရောက်လေ့ ရှိကြပါတယ်။

ဂျာမနီနိုင်ငံသားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ ထိုင်းနိုင်ငံရဲ့ကမ်းခြေတွေကတော့ Phang-nga ၊ Koh Samui ၊ Koh Tao နဲ့ Koh Chang တို့ပါ။ တနှစ်ထက်တနှစ် ဆိုသလိုလည်း ဒီနေရာတွေကို ဂျာမနီ ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်လာကြပါတယ်။

ဂျပန်ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာကတော့ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်း မြို့တော်ဖြစ်တဲ့ အယုဒ္ဓယမြို့တော်ပါ။ ၂၀၁၉ ခုနှစ်အတွင်း အယုဒ္ဓယမြို့တော်ကို လာရောက် လည်ပတ်ကြတဲ့ ဂျပန်ခရီးသွား အရေအတွက်က ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို ဦးစားပေးတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံအတွက် အတုယူစရာ အချက်တွေ အများကြီး ရှိနေပါတယ်။

Ref: bangkokpost

You may also like these stories:

နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက ကန်ချနာဘူရီမြို့

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ထိုင်းရိုးရာ အနှိပ်လုပ်ငန်း

ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading