ခရီးသွားလုပ်ငန်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ အမျိုးအစားပေါင်း မြောက်မြားစွ ာရှိပါတယ်။ အဲဒီထဲမှာ Food Tourism ဆိုတာလည်း ပါဝင်ပါတယ်။ Food Tourism ရဲ့သဘောကတော့ အစားအသောက်ကောင်းကောင်း စားလိုက်ရတာ၊ ဝိုင်၊ ဘီယာ၊ ဝီစကီ ကောင်းကောင်းတခွက် သောက်လိုက်ရတာထက် ပိုပါတယ်။
တကယ်တော့ Food Tourism ဆိုတာဟာ ဒေသတခုရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထဲ ရောက်သွားတာနဲ့ အတူတူပါပဲ။ တသက်မမေ့နိုင်တဲ့ အတွေ့အကြုံတွေကို ရယူလိုက်တာနဲ့ တူတူပါပဲ။ ဒါကြောင့်လည်း နောက်ပိုင်း ကာလတွေမှာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ Food Tourism ကို ပိုပြီးစိတ်ဝင်စားလာကြ ပါတယ်။
အခုလို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ Food Tourism ကို စိတ်ဝင်စားလာရတဲ့ အကြောင်းကတော့ မတူကွဲပြားတဲ့ အရပ်ဒေသတခုရဲ့ ရိုးရာအစားအသောက်နဲ့ ယဉ်ကျေးမှုဓလေ့တွေကို ထဲထဲဝင်ဝင် ရောက်ရှိသွားနိုင်လို့ပါ။
ဒါကြောင့်လည်း ရိုးရာ အစားအသောက်ကောင်းကောင်း စားသောက်နိုင်တဲ့ နေရာတွေကို နိုင်ငံတကာခရီးသွား ဧည့်သည်တွေအနေနဲ့ တကူးတက သွားရောက်လေ့ ရှိပါတယ်။ အစားအသောက်ကလည်း ကောင်းမွန်၊ ပတ်ဝန်းကျင် ရှုခင်းအလှကိုလည်း ခံစားနိုင်တဲ့ နေရာမျိုးတွေကို ခရီးသွားတွေအနေနဲ့ ပိုမိုသွားရောက်လေ့ ရှိပါတယ်။
ရိုးရာအစားအသောက်တွေ ရောင်းချတဲ့ဆိုင်တွေဟာ သန့်ရှင်းသပ်ရပ်ဖို့တော့ လိုပါတယ်။ ဒါမှလည်း Food Tourism မှာ ပိုမိုအောင်မြင်ပါလိမ့်မယ်။ နိုင်ငံတကာခရီးသွားတွေဟာ အစားအသောက်ကောင်းကောင်းနဲ့ ပတ်ဝန်းကျင် အလှအပကို ခံစားနိုင်ဖို့အတွက်ဆို ငွေအများကြီး အသုံးပြုသလို အချိန်များစွာလည်း အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့်လည်း ခရီးသွားကုမ္ပဏီတွေဟာ Food Tourism လုပ်ငန်းနဲ့ ပတ်သက်ပြီး ဈေးကွက် ပိုမို ရှာဖွေလာကြပါတယ်။
Food Tourism လုပ်ငန်းဟာ ၂၀၁၂ ကနေ ပိုပြီး ထင်ရှားလာပါတယ်။ လူအများစုက Social Media တွေကိုပိုပြီး အသုံးပြုလာနဲ့အမျှ Food Tourism လုပ်ငန်းကလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ လူတွေဟာ အစားအသောက် ကောင်းကောင်းကို နှစ်သက်ကြသလို အတွေ့အကြုံကောင်း ကောင်းကောင်းကိုလည်း လိုချင်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း Food Tourism လုပ်ငန်းဟာ ပိုပြီးခေတ်စားလာပါတယ်။
Food Tourism နဲ့ ပတ်သက်လာရင် အာရှမှာ ခရီးသွားတွေ အများအပြား သွားရောက်လေ့ရှိတဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ဒေသအစားအစာတွေဟာ နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေကြားမှာ ရေပန်းစားပြီး၊ ခရီးသွားရင်း ဒေသ ရိုးရာ အစားအသောက်တွေကို မြည်းစားလေ့ ရှိကြပါတယ်။
Ref: worldfoodtravel.org, trekksoft
You may also like these stories:
မြန်မာတွေ အတုယူသင့်တဲ့ ဗီယက်နမ်နိုင်ငံက Farm Tourism
နိုင်ငံတကာခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ထိုင်းနိုင်ငံက နေရာများ
နိုင်ငံတကာ ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိန္ဒိယက ကျူးကျော်ရပ်ကွက်