အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းကြီးရဲ့ အစီရင်ခံစာအရဆိုရင်တော့ ကမ္ဘာ့ထိပ်တန်း လေကြောင်းလိုင်း ၅ လိုင်းဟာ အာရှ ပစိဖိတ်ဒေသအတွင်းမှာရှိတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ အာရှ ပစိဖိတ်လေကြောင်းလိုင်းတွေဟာ ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်းတွေဖြစ်လာရတဲ့ အကြောင်းကတော့ ကုန်ကျစရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေကို ထပ်မံတိုးချဲ့လာနိုင်တဲ့ အတွက်ကြောင့်ပါပဲ။
အာရှ ပစိဖိတ်ဒေသအတွင်းက ထိပ်တန်းလေကြောင်းလိုင်း ၅ လိုင်းမှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်နဲ့ ဟောင်ကောင်လေဆိပ်အကြား ခရီးသည်အသွားအလာဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးအရေအတွက်ပါပဲ။ ခရီးသည်များစွာ လာရောက်လေ့ရှိကြတဲ့အတွက်လည်း ဒီလေဆိပ်တွေဟာ ကမ္ဘာပေါ်မှာ ဒုတိယအလုပ်အများဆုံး လေဆိပ်တွေ ဖြစ်ကြပါတယ်။
ဟောင်ကောင် ၊ ထိုင်ဝမ် နဲ့ တိုင်ပေ ခရီးစဉ်တွေကလည်း ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ခရီးစဉ် တွေဖြစ်ပြီး တနှစ်ကို ခရီးသည်အရေအတွက် ၅ ဒဿမ ၄ သန်းလောက် တင်ဆောင်ပြေးဆွဲရလေ့ ရှိပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဘန်ကောက် ၊ ဟောင်ကောင် ခရီးစဉ်မှာတော့ ခရီးသည်အရေအတွက်ပေါင်း ၃ ဒဿမ ၄ သန်း တင်ဆောင်ပြေးဆွဲခဲ့ရပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၉ ရာခိုင်နှုန်းတိုးလာ ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအသင်းကြီးရဲ့ အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၈ ခုနှစ်အတွင်း အာရှ ပစိဖိတ်ဒေသကလေကြောင်းလိုင်းတွေဟာ ကမ္ဘာပေါ်မှာ ခရီးသည် အများဆုံးတင်ဆောင်ပြေးဆွဲခဲ့ရတဲ့ လေကြောင်းလိုင်း တွေဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ခရီးသည်သယ်ယူပို့ဆောင်မှုရလဒ်အရဆိုရင်လည်း ၂၀၁၇ ခုနှစ်ထက် ၂၀၁၈ ခုနှစ်မှာ ဝယ်လိုအား ၆ ဒဿမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းကြီးရဲ့ စီအီအိုဖြစ်တဲ့ Alexandre de Juniac ကလည်း ဒါနဲ့ပတ်သက်လို့ အခုလိုဆိုပါတယ်။
“လေကြောင်းလိုင်းတွေဟာ လူတွေနဲ့ ဒေသအများအပြားကို ချိတ်ဆက်ပေးနေတဲ့ သယ်ယူပို့ဆောင်ရေးပါပဲ။ အခုဆိုရင်လေကြောင်းလိုင်းတွေအနေနဲ့ အရင်ကထက်စာရင် လွတ်လွတ်လပ်လပ် ပျံသန်းလာနိုင်ကြပါတယ်။ လေကြောင်းလိုင်းတွေ ပိုမိုများပြားလာတာနဲ့အမျှ လူတွေ ဟာ ကိုယ်လိုရာခရီးကို လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်ကြပါတယ်” လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်အတွင်း အများဆုံးပျံသန်းခဲ့ရတဲ့ အာရှ ပစိဖိတ်ဒေသအတွင်းက ခရီးစဉ်တွေကတော့ ကွာလာလမ်ပူ – စင်ကာပူ ၊ ဟောင်ကောင် – တိုင်ပေ ၊ ဂျကာတာ – စင်ကာပူ ၊ ဂျကာတာ – ကွာလာ လမ်ပူ ခရီးစဉ်တွေပါပဲ။ ဒီခရီးစဉ် ၅ ခုဟာ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အများဆုံးပြေးဆွဲခဲ့ရတဲ့ ခရီးစဉ်တွေလည်း ဖြစ်ပါတယ်။
Ref:thethaiger