ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကပဲ ဘရာဇီးသမ္မတ Jair Bolsonaro က ဘရာဇီးနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေကို ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း ဘရာဇီးအစိုးရဟာ အမေရိကန်ပြည်ထောင်စု ၊ ကနေဒါ ၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံက ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဗီဇာလိုအပ်ချက်တွေ အဆုံးသတ်ခဲ့ပါသေးတယ်။
အခုနှစ်အစောပိုင်းကအာဏာရလာခဲ့တဲ့ဘရာဇီးသမ္မတဟာ ဘရာဇီးနိုင်ငံဖွံ့ ဖြိုးလာဖို့အတွက် ရည်ရွယ်ပြီး ဗီဇာလိုအပ်ချက်တွေကို လျှော့ချခဲ့တာလည်းဖြစ်ပါတယ်။ သမ္မတအနေနဲ့ ဗီဇာလိုအပ် ချက်တွေကို လျှော့ချပေး ခဲ့တဲ့နိုင်ငံတွေကိုကြည့်ရင် ဖွံ့ ဖြိုးပြီးနိုင်ငံတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။
ဘရာဇီးသမ္မတဟာ မကြာသေးခင်အချိန်တုန်းကပဲ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါသေး တယ်။ အဲဒီခရီးစဉ်အတွင်းမှာပဲ ဘရာဇီးနိုင်ငံကိုလာရောက်ကြမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံသား တွေ အတွက် ဗီဇာမလိုအပ်ဘူးလို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတတဲ့ရည်ရွယ်ချက်ကတော့ တောင်အာရှဒေသက ခရီးသွားဈေးကွက်ထဲ ဝင်ရောက်ပြီး အိန္ဒိယနဲ့တရုတ်နိုင်ငံသားတွေ ဘရာဇီးနိုင်ငံကို အများအပြားလာရောက်ကြဖို့ပဲ ဖြစ်ပါတယ်။
ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့နိုင်ငံက ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘရာဇီးနိုင်ငံအတွင်း ရက်ပေါင်း ၉၀ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ရက်ပေါင်း ၉၀ ပြည့်သွားလို့ နောက် ထပ်နေထိုင်ချင်သေးတယ်ဆိုရင်လည်း ရက်ပေါင်း ၉၀ ထပ်မံနေထိုင်နိုင်မှာဖြစ်ပါတယ်။
အစိုးရအစီရင်ခံစာတွေအရဆိုရင်တော့အခုလို ဗီဇာလျှော့ပေါ့ပေးလိုက်တာကြောင့် ဘရာဇီးခရီး သွားလုပ်ငန်း ပိုပြီးတိုးတက်လာရုံသာမက စီးပွားရေးလုပ်ငန်းတွေလည်း အခြေအနေပိုကောင်းလာ နိုင်တယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံအနေနဲ့လည်း ခရီးသွားလုပ်ငန်းတွေကနေ တိုင်းပြည် ဂျီဒီပီ ၂၅ ရာ ခိုင်နှုန်းတိုးလာမယ်လို့ ဖော်ပြထားပါတယ်။
ဘရာဇီးအစိုးရရဲ့ အစီရင်ခံစာအရဆိုတော့ ဘရာဇီးနိုင်ငံမှာ အိန္ဒိယနိုင်ငံသားပေါင်း ၄၇၀၀ နေထိုင် နေတယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံအပြင် အိန္ဒိယနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြု ထားတဲ့နိုင်ငံတွေကတော့ ဖီဂျီနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ Seychelles နဲ့ Mauritius နိုင်ငံတို့ပါပဲ။
Ref:timesofindia,outlookindia