အိန္ဒိယနိုင်ငံမှာ နိုဝင်ဘာလအတွင်း ဂီတပွဲတော်များစွာ ရှိပါတယ်။ နိုဝင်ဘာလ ရောက်လာရင် အိန္ဒိယကို အလည်သွားတာက အကောင်းဆုံးပါပဲ။ ဒါကြောင့် နိုဝင်ဘာလအတွင်း အလည်သွားသင့်တဲ့ နေရာတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Amritsar
ပန်ဂျပ်ပြည်နယ်အတွင်းမှာရှိတဲ့ Amritsar မြို့ကလည်း နိုဝင်ဘာလအတွင်း အလည်သွားသင့်တဲ့ နေရာ တနေရာပါ။ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပြီး ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရ ၁၁ သန်းကျော် ရှိပါတယ်။ Amritsar မြို့ကိုရောက်ရင် လည်ပတ်စရာနေရာကတော့ ဆခ်လူမျိုးတွေရဲ့ Golden Temple ပါ။
(၂) Varanasi (ဗာရာဏသီ)
နောက်ထပ် လည်ပတ်ချင်စရာကောင်းတဲ့ မြို့တမြို့ကတော့ ဗာရာဏသီမြို့ပါ။ ဒီမြို့ဟာဆိုရင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အချက်အခြာ မြို့တမြို့ပါ။ ဂင်္ဂါမြစ်ကမ်းနံဘေးမှာ ရှိတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ အသည်းနှလုံးမြို့ ဆိုရင်လည်း မမှားပါဘူး။ ဗာရာဏသီကို ရောက်ရင်တော့ ဟိန္ဒူဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရှီဝ ဘုရားကျောင်း အများအပြားကို တွေ့နိုင်ပါတယ်။
(၃) Corbett အမျိုးသားဥယျာဉ်
နောက်ထပ် လည်ပတ်ချင်စရာကောင်းတဲ့ နေရာကတော့ Corbett အမျိုးသားဥယျာဉ်ပါ။ ဒီ အမျိုးသားဥယျာဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ရှေးအကျဆုံး ဥယျာဉ်ဖြစ်သလို ရှားပါးစပြုလာပြီဖြစ်တဲ့ ဘင်္ဂလားကျားတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အိန္ဒိယနိုင်ငံကို နိုဝင်ဘာလအတွင်း အလည်ရောက်ခဲ့ရင် Corbett အမျိုးသားဥယျာဉ်ကို အလည်သွားရောက်ဖို့ မမေ့သင့်ပါဘူး။
(၄) Goa (ဂိုအာ)
နိုဝင်ဘာလအတွင်း အလည်သွားသင့်တဲ့ နေရာကတော့ အနောက်တောင်ပိုင်းမှာရှိတဲ့ ဂိုအာ ပြည်နယ်ပါ။ နိုဝင်ဘာလအတွင်းဆိုရင် ဂိုအာပြည်နယ်ကို အိန္ဒိယ နိုင်ငံသားတွေ သာမက နိုင်ငံခြားသား အများအပြားလည်း လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ဆောင်းရာသီ ရောက်လာတဲ့ နိုဝင်ဘာအချိန်မှာဆိုရင်တော့ ဈေးပေါတဲ့ အစားအသောက်တွေကလည်း ပေါများပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ရောက်လာရင် အိန္ဒိယနိုင်ငံရဲ့ ဂိုအာပြည်နယ်ကို သွားရောက် လည်ပတ်သင့်ပါတယ်။
Ref: Tripoto
You may also like these stories:
ခရီးသွားလုပ်ငန်းမှာ ရေပန်းစားလာတဲ့ Food Tourism
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား
၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ