နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၂၉ ဒဿမ ၂၇ သန်း လာရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ တနှစ်ထက်တနှစ် ၃ ဒဿမ ၅၁ ရာခိုင်နှုန်း ပိုမိုတိုးတက်လာတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို အဓိကလာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးပါပဲ။ ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွားအရေအတွက်က ၈ ဒဿမ ၅၂ သန်းကျော် ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင်လည်း ၁ ဒဿမ ၇၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
အခုနောက်ပိုင်းကာလတွေမှာ တရုတ်နိုင်ငံသားတွေ ခရီးပိုပိုထွက်လာကြပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေဆီကနေ ဝင်ငွေ ၄၂ သန်းကျော်ကိုလည်း ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအနေနဲ့ရှိနေတာကတော့ မလေးရှားနိုင်ငံပါ။ မလေးရှားနိုင်ငံသားတွေလည်း ထိုင်းနိုင်ငံကို ပိုပြီးလာရောက် လည်ပတ်လာကြပါတယ်။
ထိုင်းနိုင်ငံကို တတိယအများဆုံး လာရောက်လည်ပတ်နေကြတာကတော့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပြီး စတုတ္ထကတော့ တောင်ကိုရီးယားနိုင်ငံသားတွေနဲ့ ပဉ္စမကတော့ လာအိုနိုင်ငံသားတွေပါပဲ။
မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းနိုင်ငံကို အများအပြား သွားရောက်လည်ပတ်လေ့ရှိကြပါ တယ်။ ထိုင်းနိုင်ငံဟာ ဇီးရိုးဘတ်ဂျက်ကို သေသေချာချာကိုင်တွယ် ဖြေရှင်းလာတဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေဟာ ပိုမို တိုးတက်လာခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်တော့ ခရီးသွားလုပ်ငန်းတွေမှာ အအောင်မြင်ဆုံးနိုင်ငံက ထိုင်းနိုင်ငံပါပဲ။
၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့သူတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပါ တယ်။ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်နေတဲ့အတွက် အခုလို အောင်မြင်လာရခြင်းပါ။
ခရီးသွားလုပ်ငန်းဟာ နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေရရှိရာ လမ်းကြောင်း ဖြစ်တာကြောင့်လည်း တိုင်းပြည်ဝင်ငွေကို ပံ့ပိုးပေးနေတဲ့ ခရီးသွားလုပ်ငန်းကို သေသေချာချာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။
Ref: ttrweekly
You may also like these stories:
ထိုင်းနိုင်ငံကို အိန္ဒိယခရီးသွားများ ပိုမို လည်ပတ်လာ
ထိုင်းနိုင်ငံကို ဈေးသက်သက်သာသာနဲ့ ဘယ်လိုအလည်သွားမလဲ
၂၀၁၉ ခုနှစ်မှာ ခရီးသည် ၄၁ သန်းလာရောက်ဖို့ မျှော်လင့်ထားတဲ့ ထိုင်းနိုင်ငံ