ကမ္ဘောဒီးယားကို အများဆုံး လာရောက် လည်ပတ်ကြသူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၄ ဒဿမ ၈၁ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ၁ ဒဿမ ၈၆ သန်းကတော့ တရုတ်နိုင်ငံသားတွေပါ။ ၂၀၁၈ ခုနှစ်ထက် ၃၀ ရာခိုင်နှုန်းပိုလာခဲ့ပါတယ်။
ကမ္ဘောဒီးယားကို ဒုတိယအများဆုံး လာရောက် လည်ပတ်တာကတော့ ဗီယက်နမ် နိုင်ငံသားတွေဖြစ်ပြီး ၆ သောင်းကျော် ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေလည်း ၂ သောင်းကျော် လာရောက် လည်ပတ်ခဲ့ပါတယ်။
တရုတ်ခရီးသွားတွေဟာ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးလာဖို့ အဓိကနေရာက ရှိနေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို လေကြောင်းကနေ လာရောက်တဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က ၃ ဒဿမ ၃၉ သန်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထက် ၁၄ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာပါတယ်။
ဖနွမ်းပင်လေဆိပ်ကို လာရောက်ကြတဲ့ ခရီးသွားအရေအတွက်ကလည်း ၁၂ ဒဿမ ၇ သန်းရှိခဲ့ပါ တယ်။ အခုဖော်ပြခဲ့တဲ့ အရေအတွက်တွေဟာ ဇန်နဝါရီကနေ အောက်တိုဘာလအထိပဲ ရှိပါသေးတယ်။ ၂၀၁၉ ခုနှစ်ကုန်သွားရင်တော့ အရေအတွက်က ထပ်မံတိုးလာပါလိမ့်မယ်။
၂၀၁၈ခုနှစ် ၁နှစ်လုံး ကမ္ဘောဒီးယားကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက် ၆ ဒဿမ ၂ သန်း ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထက် ၁၀ ဒဿမ ၇ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းဆိုတာ တနှစ်ထက်တနှစ် ပိုပိုတိုးတက်လာရမယ့်လုပ်ငန်းပါ။ ဒါကြောင့်လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
ဇီးရိုးဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်း ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီး Thong Khon က ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုခဲ့ပါသေးတယ်။ အကြောင်းကတော့ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်နိုင်ငံသားတွေက အများဆုံး လာရောက်နေကြတဲ့အတွက်ပါ။
Ref: 12go.asia