အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ထိုင်းနိုင်ငံကို နိုင်ငံတကာခရီးသွား ဧည့်သည်ပေါင်းများစွာ လာရောက်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံအတွက်တော့ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
နှစ်အတန်ကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံမှာ ကျည်ဆန်ရထားပြေးဆွဲဖို့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံသား အများစုကတော့ မြန်နှုန်းမြင့် ရထားလမ်းဟာ ထိုင်းနိုင်ငံအတွက် တကယ် လိုအပ်မှုရှိရဲ့လားလို့ မေးခွန်း ထုတ်နေကြပါတယ်။ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးကော်မတီရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Thanet Sorat ကတော့ ဒီစီမံကိန်းဟာ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အကြီးအကျယ် ပြောင်းလဲမှုဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။
၅ နှစ်တာကြာမြင့်မယ့် ကျည်ဆန်ရထား စီမံကိန်းပြီးဆုံးသွားရင်တော့ တနာရီကို ၁၅၅ မိုင် (၂၅၀ ကီလိုမီတာ) နှုန်း ပြေးဆွဲနိုင်မှာပဲ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖောက်လုပ်သွားနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
အခုစီမံကိန်းကိုတော့ တရုတ်နည်းပညာကို အသုံးပြုပြီး ဆောင်ရွက်မှာဖြစ်ပေမယ့် တရုတ်ချေးငွေကိုတော့ ငြင်းပယ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးဖို့မျှော်လင့်ထားတဲ့ ကျည်ဆန်ရထား စီမံကိန်းကို အခုချိန်မှာတော့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nakhon Ratchasima မှာရှိတဲ့ ရထားလမ်းတွေမှာ စတင်ဆောက်လုပ်နေပါတယ်။ Khorat လို့လည်း လူသိများပါတယ်။
ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု သုတေသနဌာနက ပထမဆုံး ထုတ်ဝေတဲ့ အစီရင်ခံစာမှာတော့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်တွေကို ပြန်ရဖို့အတွက်ဆို နေ့စဉ် ခရီးသည် ၅ သောင်း ကနေ ၈ သောင်းအထိကို နှစ်ပေါင်း ၂၀ ကြာ ပို့ဆောင်ပေးရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
Ref: edition.cnn
You may also like these stories:
ကမ္ဘာ့အမြန်ဆုံးဖြစ်လာနိုင်မယ့် ကျည်ဆန်ရထားကိုစမ်းသပ်ခဲ့တဲ့ ဂျပန်နိုင်ငံ
မြင်နေကျပုံစံတွေကနေ ကွဲထွက်ဖန်တီးထားတဲ့ တိုကျိုကျည်ဆံရထားတွဲသစ် Laview
မစ်ကီ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲမယ့် ဂျပန်ကျည်ဆံရထား ခရီးစဉ်