လက်ရှိလူသားတွေ နေထိုင်နေတဲ့ကမ္ဘာကြီးရဲ့သက်တမ်းက နှစ်သန်းပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ကမ္ဘာ ကြီးရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင် လူသားတွေ ကမ္ဘာမြေပေါ် နေထိုင်လာတာ သက်တမ်း အနည်းငယ် သာရှိပါသေးတယ်။ လူသားတွေဟာ မူလနေထိုင်ခဲ့ရာ နေရာဖြစ်တဲ့ ကျောက်ဂူတွေထဲက ထွက်ပြီး မြို့၊ ရွာတွေမှာ နေထိုင်တဲ့ စနစ်ကို ထူထောင်ခဲ့ကြပါတယ်။
လူသားတွေ တည်ထောင်ခဲ့တဲ့ မြို့၊ ရွာတွေမှာ တချို့တွေက ပျက်စီးသွားပြီး တချို့တွေကတော့ အခုချိန်ထိတိုင် ကျန်ရှိနေပါသေးတယ်။ အခုချိန်ထိ ကျန်ရှိနေသေးတဲ့ မြို့တွေဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး မြို့ကြီးတွေပါပဲ။ ဒါကြောင့်လည်း ကမ္ဘာ့သက်တမ်းအရင့်ဆုံး မြို့ကြီးတွေရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
၁။ Jericho (ပါလက်စတိုင်း)
Jericho မြို့ဟာ ပါလက်စတိုင်းနိုင်ငံ၊ အနောက်ဘက်ကမ်းမှာရှိတဲ့ မြို့တမြို့ ဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရင့်ဆုံးမြို့လည်းဖြစ်ပါတယ်။ ကျောက်ဂူထဲက ထွက်ပြီး မြို့ပြစနစ်ကို ထူထောင်ပြီးတဲ့နောက် တချို့ မြို့ပြတွေက ပျောက်ဆုံးကွယ်ပျောက်သွားခဲ့ပေမယ့် Jericho မြို့ကတော့ အခုချိန်ထိ တိုင်အောင် တည်ရှိနေပါသေးတယ်။ ရှေးဟောင်းသုတေသန အထောက်အထားတွေအရ မြို့သက်တမ်းက နှစ်ပေါင်း ၁၁,၀၀၀ ကျော် ရှိခဲ့ပါပြီ။ ဒီမြို့မှာ နေထိုင်သူတွေက ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာတွေကို ကိုးကွယ်ကြပါတယ်။
၂။ Byblos (လက်ဘနွန်)
ဖိုနီးရှားလူမျိုးတွေ တည်ထောင်ခဲ့တဲ့ Byblos မြို့ကို Gebal မြို့လို့ မူလက ခေါ်ဆိုခဲ့ပါတယ်။ ရှေး ဟောင်းသမိုင်းပညာကို စိတ်ဝင်စားသူတွေအတွက် ဒီမြို့မှာ ဘုရားရှိခိုးကျောင်းတွေ၊ ရဲတိုက်ကြီးတွေကို အခုချိန်ထိတိုင် တွေ့ရှိနိုင်ပါသေးတယ်။ ရှေးဟောင်း ဗိသုကာလက်ရာတွေလည်း အမြောက်အမြား ကျန်ရှိနေပါသေးတယ်။
၃။ Aleppo (ဆီးရီးယား)

ဆီရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တမြို့ ဖြစ်ပြီး လူဦးရေ ၁ ဒဿမ ၇ သန်းကျော် ရှိပါတယ်။ ဘီစီ ၅၀၀၀ ခုနှစ်လောက်က တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် ကမ္ဘာ့သက်တမ်းအရင့်ဆုံး မြို့စာရင်းမှာ ပါဝင်ပါတယ်။ ဆီးရီးယားနိုင်ငံဟာ နိုင်ငံရေး မငြိမ်မသက် ဖြစ်နေပြီးတော့ အလက်ပိုမြို့ဟာ ဆိုးရွားတဲ့ အနေအထားမှာ ရှိနေပါတယ်။
၄။ Plovdiv (ဘူလ်ဂေးရီးယား)
ဘီစီ ၄၀၀၀ လောက်က တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် Plovdiv မြို့ကလည်း ကမ္ဘာ့သက်တမ်း အရင့်ဆုံး မြို့တမြို့ပါပဲ။ အရှေ့ဥရောပမှာရှိတဲ့ ဘူလ်ဂေးရီးယန်းမြို့ဟာ ဥရောပမှာတင်မက ကမ္ဘာ ပေါ်မှာလည်း စည်ကားတဲ့ မြို့တမြို့ပါ။ အတိတ်တချိန်တုန်းကတော့ ဒီမြို့တော်ဟာ ဂရိနဲ့ ရောမတို့ကို အောင်နိုင်ခဲ့ပါတယ်။
၅။ Varanasi (အိန္ဒိယ)
ကမ္ဘာ့သက်တမ်းအရင့်ဆုံး မြို့တွေရဲ့စာရင်းမှာ အိန္ဒိယနိုင်ငံက ဗာရာဏသီမြို့လည်း ပါဝင်ပါတယ်။ ဗာရာဏသီမြို့ဟာ ဟိန္ဒူယဉ်ကျေးမှု စီးဆင်းဖို့ အဓိကကျတဲ့ နေရာ တနေရာပါ။ ဂင်္ဂါမြစ်ကမ်းဘေးမှာ တည်ရှိပြီး Shiva နတ်ဘုရားရဲ့ မြို့တော်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ ခရစ်မပေါ်ခင် နှစ် ၄၀၀၀ လောက်ကတည်းက တည်ဆောက်ခဲ့တဲ့မြို့ ဖြစ်တဲ့အတွက် ကမ္ဘာ့သက်တမ်းအရင့်ဆုံး မြို့လည်း ဖြစ်ပါတယ်။
Ref: destinationon