Travel

လူ့အရိုးပေါင်းများစွာနဲ့ အလှဆင်ထားတဲ့ “အရိုးဘုရားရှိခိုးကျောင်း”

Want create site? Find Free WordPress Themes and plugins.

လူတွေဟာ ထူးထူးဆန်းဆန်း အရာမျိုးတွေကို ပြုလုပ်တတ်ကြပေမယ့် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ အစဉ်အလာ အယူအဆနောက်ကိုသာ လိုက်လေ့ ရှိကြပါတယ်။ ဘုရာရှိခိုးကျောင်းတွေဆိုရင်လည်း ဒီအတိုင်းပါပဲ။ အနောက်နိုင်ငံက ခရစ်ယာန် ဘုရားရှိခိုးကျောင်းအများစုရဲ့ ဗိသုကာလက်ရာတွေဟာ အလယ်ခေတ် လက်ရာတွေ များပါတယ်။

နောက်ပိုင်း ဆောက်လုပ်လာကြတဲ့ ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာတွေမှာတော့ ခေတ်သစ် ဗိသုကာလက်ရာတွေကို ပေါင်းစပ် ဆောက်လုပ်လာကြပါတယ်။ အခုဖော်ပြပေးမယ့် ရိုမန်ကက်သလစ်ဘုရားကျောင်းကတော့ တမူ ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘုရားရှိခိုးကျောင်းဟာ လူ့အရိုးပေါင်းများစွာနဲ့ အလှဆင်ထားလို့ပါ။

ချက်သမ္မတနိုင်ငံမှာရှိတဲ့ ဒီဘုရားကျောင်းရဲ့နာမည်ကတော့ Sedlec Ossuary ပါ။ ဘုရားကျောင်းအတွင်းပိုင်းမှာ အလှဆင်ထားတဲ့ အရိုးတွေက လူပေါင်း ၇ ထောင်ကျော်ရဲ့ အရိုးတွေကို အသုံးပြုထားပါတယ်။ “အရိုးဘုရားရှိခိုးကျောင်း”လို့ ခေါ်ကြတဲ့ ဒီဘုရားကျောင်းဟာ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာ တနေရာပါ။ အများအားဖြင့်တော့ နိုင်ငံတကာက ဓာတ်ပုံဆရာတွေ လာရောက်လေ့ ရှိပါတယ်။

ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အရိုးဘုရားရှိခိုးကျောင်းကလည်း နိုင်ငံတကာခရီးသွားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့ပါတယ်။ အစဉ်အလာ မဟုတ်တဲ့ တည်ဆောက်ပုံကြောင့်လည်း အရိုးဘုရားရှိခိုးကျောင်းဟာ လူတွေရဲ့စိတ်ဝင်စားမှုကို ပိုရရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ မပေါ်ခင် အချိန်တုန်းကတော့ အရိုးဘုရားရှိခိုးကျောင်းကို လာရောက် လည်ပတ်သူဦးရေ သိန်းဂဏန်းလောက်သာ ရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေ ပေါ်လာပြီးနောက်ပိုင်းမှာတော့ အရိုးဘုရားရှိခိုးကျောင်းက နာမည်ကြီးလာခဲ့ပါတယ်။

ဘုရားကျောင်းရဲ့ ဒါရိုက်တာတယောက်ဖြစ်တဲ့ Radka Krejci ရဲ့ အပြောအရ၂၀၁၇ ခုနှစ်အတွင်း “အရိုးဘုရားရှိခိုးကျောင်း”ကို လာရောက် လည်ပတ်တဲ့ ခရီးသွား အရေအတွက်က ၁ သန်းဝက်လောက်ရှိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း ခရီးသွားအရေအတွက်က ပိုများလာခဲ့ပါတယ်။

ခရီးသွားတွေရဲ့ထုံးစံအတိုင်း အရိုးဘုရားရှိခိုးကျောင်းကိုရောက်တဲ့အခါ Selfie ရိုက်ကူးလေ့ ရှိကြပါတယ်။ ၂၀၂၀ ခုနှစ်ရောက်ရင်တော့ အရိုးဘုရားရှိခိုးကျောင်းအတွင်း Selfie ရိုက်ခွင့် ပိတ်တော့မှာ ဖြစ်တယ်လို့ Krejic က ပြောပါတယ်။

“ဓာတ်ပုံ ရိုက်ကူးခွင့်ကို လုံးဝ ပိတ်ပင်လိုက်တာမျိုးတော့လည်း မဟုတ်ပါဘူး။ ဓာတ်ပုံ ရိုက်ကူးလိုသူ တွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ၃ ရက်စောပြီး အကြာင်းကြားဖို့လိုပါတယ်”လို့လည်း သူက ပြောပါတယ်။

အစဉ်အလာ ပုံစံကနေ ခွဲထွက်ပြီးဆောက်လုပ်ထားတဲ့ “အရိုးဘုရားရှိခိုးကျောင်း”ဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် ထူးဆန်းတဲ့ကိစ္စဖြစ်သလို လည်ပတ်ဖို့ စာရင်းသွင်းထားတဲ့ နေရာ တနေရာလည်း ဖြစ်နေပါတယ်။

Ref: edition.cnn

You may also like these stories:

ကမ္ဘောဒီးယားကို တရုတ်နိုင်ငံသားများ အများဆုံး လာရောက် လည်ပတ်

အင်ကာလူမျိုးတွေရဲ့ ပျောက်ဆုံးသွားသော မြို့တော် (သို့မဟုတ်) “Machu Picchu”

ထိုင်းနိုင်ငံက ရေတံခွန်မှာ Selfie ရိုက်ဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသား

Did you find apk for android? You can find new Free Android Games and apps.
Loading