Travel

ဥရောပ ခရီးသွားတွေ အများအပြား လာရောက် လည်ပတ်ဖို့ ထိုင်းနိုင်ငံ မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ ဥရောပ ခရီးသွားအရေအတွက် ကျဆင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Pipat Ratchakitprakan အနေနဲ့ ဥရောပခရီးသွား အရေအတွက် ကျဆင်းနေတာကို အဖတ်ဆယ်နိုင်ဖို့ ၂၀၁၉ နှစ်ဦးပိုင်းကတည်းက ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု သိပ်မရခဲ့ဘဲ ဥရောပ ခရီးသွားအရေအတွက် ကျဆင်းမြဲ ကျဆင်းလျက် ဖြစ်နေပါတယ်။။

ထိုင်းနိုင်ငံအနေနဲ့ ဥရောပခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်စေချင်တာကလည်း သူ့ အကြောင်းနဲ့သူ ရှိပါတယ်။ ထိုင်းနိုင်ငံကို တရုတ်ခရီးသွားတွေအများဆုံး လာရောက် လည်ပတ်နေကြပေမယ့် လူတယောက်ရဲ့ အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၁,၇၇၀ ဝန်းကျင်သာ ရှိပါတယ်။

ဥရောပနိုင်ငံသား တယောက်ရဲ့ အသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၂,၃၅၈ ဝန်းကျင် ရှိပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံသား အများအပြား လာရောက် လည်ပတ်ဖို့ ထိုင်းနိုင်ငံက မျှော်လင့်နေတာပါ။

ထိုင်းနိုင်ငံရဲ့ ကမ်းခြေတွေကို တရုတ်ခရီးသွား အများအပြား လာရောက်ကြပေမယ့် ဝင်ငွေအနေနဲ့တော့ ကျဆင်းခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ပထမ ၆ လပတ်ကာလအတွင်း ထိုင်းနိုင်ငံကို တရုတ် ခရီးသွားအရေအတွက် ၅ ဒဿမ ၆ သန်း လာရောက်ခဲ့ပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရရှိခဲ့ပါတယ်။

ဥရောပ ခရီးသွားအရေအတွက်ကတော့ ၃ ဒဿမ ၆၁ သန်းသာရှိခဲ့ပေမယ့် ဝင်ငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းခရီးသွားဈေးကွက်မှာ ဥရောပခရီးသွားတွေက ပိုပြီးအရေးပါနေတာပါ။

ဥရောပ ခရီးသွား များလေလေ ထိုင်းနိုင်ငံရဲ့ဝင်ငွေ တိုးလေလေပါပဲ။ တရုတ်ခရီးသွား များနေပေမယ့် တယောက်ချင်း ပိုက်ဆံသုံးတဲ့နေရာမှာတော့ ဥရောပခရီးသွားတွေက ပိုများပါတယ်။ တနှစ်ထက် တနှစ်ဆိုသလို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဥရောပခရီးသွား အရေအတွက်က ၁ ဒဿမ ၅ ရာခိုင်နှုန်း ကျဆင်းလာနေပါတယ်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ပတ္တရားကမ်းခြေကို လာရောက် လည်ပတ်တဲ့ ဥရောပ ခရီးသွား အရေ အတွက်ကလည်း မနှစ်ကထက်စာရင် ကျဆင်းခဲ့ပါတယ်။ တချို့ကတော့လည်း “ပတ္တရားကမ်းခြေ ကို လာရောက်လည်ပတ်တဲ့ ဥရောပခရီးသွားတွေရဲ့နေ့ရက်တွေက ကုန်ဆုံးသွားခဲ့ပြီ”လို့ ပြောဆို နေကြပါတယ်။

Ref: chiangraitimes, thethaiger

You may also like these stories:

ထိုင်းအမျိုးသားဥယျာဉ်တွေမှာ လည်ပတ်သူတွေကို ကိုယ့်အမှိုက် ကိုယ်သိမ်းဖို့ စည်းကမ်းထုတ်

ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading