စင်ကာပူနိုင်ငံကို ခရီးသွားလိုသူတွေအဖို့ ဆိုက်ရောက် စက္ကူကတ်ပြား (Arrival Card) တွေမှာ အချက်အလက်တွေ ဖြည့်သွင်းစရာ မလိုတော့ဘဲ သွားရောက် လည်ပတ်နိုင်မယ့် အစီအစဉ်တခုကို စင်ကာပူအစိုးရက စတင်တော့မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကတော့ ၂၀၂၀ ခုနှစ်ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး စင်ကာပူနိုင်ငံကို လာရောက်လိုတဲ့ ခရီးသွားတွေအနေနဲ့ ခရီးစဉ် မလာရောက်ခင် အွန်လိုင်းကနေ အချက်အလက်တွေကို ဖြည့်သွင်းပြီး စင်ကာပူနိုင်ငံကို လာရောက်နိုင်ပါတော့မယ်။ ဒီအစီအစဉ်ဟာ အရင်က အသုံးပြုခဲ့တဲ့ ဆိုက်ရောက် စက္ကူကတ်ပြားတွေနေရာမှာ အီလက်ထရောနစ် စနစ်နဲ့ အစားထိုးဖို့ စင်ကာပူအစိုးရရဲ့ ကြိုးပမ်းချက်ပါ။
အီလက်ထရောနစ် ဆိုက်ရောက် ကတ်ပြားစနစ်မှာတော့ စင်ကာပူနိုင်ငံကို လာရောက်လိုတဲ့ ခရီးသွားတွေအနေနဲ့ စင်ကာပူနိုင်ငံကို မလာရောက်ခင် လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေး အာဏာပိုင်အဖွဲ့အစည်း (ICA) ရဲ့ Website ဒါမှမဟုတ် ဖုန်း Application တွေကနေ ကိုယ်ရေး အချက်အလက်တွေနဲ့ ခရီးစဉ် အချက်အလက်၊ စင်ကာပူမှာ ခေတ္တနေထိုင်မယ့် လိပ်စာ စတဲ့ အချက်အလက် တွေကို ကြိုတင်ဖြည့်သွင်းရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း စင်ကာပူနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေအနေနဲ့ စင်ကာပူနိုင်ငံထဲ ဝင်ရောက်တဲ့အခါ ပတ်စ်ပို့သာ ပြဖို့ လိုအပ်မှာဖြစ်တဲ့အတွက် အချိန်ကုန် သက်သာပြီး အလုပ်လည်းရှုပ်မှာ မဟုတ်တော့ပါဘူး။ Application အသုံးပြုပြီး ကိုယ်ရေးအချက်အလက်တွေကိုဖြည့်ဖို့ SG Arrival Card ဆိုတဲ့ Application ကို ဒေါင်းလုတ် ဆွဲထားဖို့တော့ လိုပါတယ်။
မိုဘိုင်း Application အသုံးပြုသူတွေကတော့ ကိုယ့်ပတ်စ်စပို့ကို Scan ဖတ်လိုက်ရုံနဲ့ ပြည်ဝင်ခွင့် ရရှိမှာဖြစ်ပြီး နောက်ထပ် ကိုယ်ရေး အချက်အလက်တွေကို ဖြည့်စရာ မလိုတော့တဲ့အတွက် အချိန်ကုန်သက်သာပြီး ပိုမိုအဆင်ပြေနိုင်စရာအကြောင်းရှိတယ်လို့ ICA (Immigration & Checkpoints Authority) က ပြောပါတယ်။ ခရီးသွားတွေရဲ့ သဘောထား မှတ်ချက်တွေကိုလည်း ကောက်ယူသွားမယ်လို့ သိရပါတယ်။
ပထမအကြိမ် ဖြည့်ထားတဲ့ သတင်းအချက်အလက်တွေ ရှိပြီးဖြစ်တာကြောင့် နောက်ထပ် တကြိမ် စင် ကာပူနိုင်ငံကို လာရောက်တဲ့အခါ ကိုယ်ရေးအချက်တွေ ထပ်ဖြည့်စွက်စရာ မလိုအပ်တော့ပါဘူး။ ၂၀၂၁ ခုနှစ်မှာတော့ ဆိုက်ရောက် စက္ကူကတ်ပြားစနစ် လုံးဝ ပပျောက်သွားအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ICA က ပြောပါတယ်။
Ref: redchili21.my, theonlinecitizen
You may also like these stories:
စင်ကာပူမှာ ပထမဆုံးအကြိမ် ဖွင့်မယ့် ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Chatuchak ဈေးရောင်းပွဲ
သကြားဓာတ်များတဲ့ အချိုရည်ကြော်ငြာခွင့် ပိတ်ပင်လိုက်တဲ့ စင်ကာပူနိုင်ငံ