အိန္ဒိယနိုင်ငံဟာ အမျိုးသမီး ခရီးသွားတွေအတွက် မလုံခြုံတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံအတွင်း မုဒိမ်းကျင့်ခံရမှုတွေ ပိုမိုများပြားလာခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံကို အလည်သွားဖို့ ပြင်ဆင်ထားကြတဲ့ အမျိုးသမီးတွေအနေနဲ့ သတိကြီးကြီးထားကြဖို့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့က သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
အင်္ဂလန်အစိုးရကတော့ ဒီထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းကတည်းက အိန္ဒိယနိုင်ငံဟာ လုံခြုံရေး စနစ်ဆိုင်ရာ အားနည်းတဲ့အတွက် အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် ကြေညာထားခဲ့ပါတယ်။
အိန္ဒိယအစိုးရ ကိုယ်တိုင်ကလည်း မုဒိမ်းမှုတွေဟာ အရှိန်အဟုန်ကြီးမားစွာနဲ့ လျင်လျင်မြန်မြန် တိုးလာနေတယ်လို့ ဝန်ခံထားပါတယ်။ ခရီးသွား အမျိုးသမီးတွေနဲ့ ဒေသခံ အမျိုးသမီးတွေရဲ့ ဘဝဟာ အိန္ဒိယနိုင်ငံမှာ လုံခြုံမှု မရှိပါဘူး။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံကို တယောက်တည်း သွားရောက် လည်ပတ်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ သတိကြီးကြီးထားသင့်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ ပိုများလာသလို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေလည်း ပိုများလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာပဲ အသက် ၆ နှစ်အရွယ် မိန်းကလေး တယောက် မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပြီး မကြာခင် ဒီဇင်ဘာ ၂ ရက်နေ့ မှာတော့ အိန္ဒိယနိုင်ငံ၊ ကာကီနာဒါမြို့အနီးက ရွာတရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတယောက် နေအိမ်အတွင်း မုဒိမ်းကျင့်ခံခဲ့ရပြီး အသတ်ခံခဲ့ရပါတယ်။ အဲဒီမုဒိမ်းမှုကလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာဖြစ်တဲ့အတွက် လူ ၃ ယောက်ကို ရဲဌာနက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
ဒါကြောင့်လည်း အိန္ဒိယနိုင်ငံရဲ့ တချို့ဒေသတွေမှာ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။
ဥတ္တရာပရာဒေ့ရှ် ပြည်နယ်အတွင်းမှာလည်း အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတယောက် မုဒိမ်းကျင့်ခံခဲ့ရပါသေးတယ်။ ဒီလိုကိစ္စတွေဟာ အိန္ဒိယနိုင်ငံမှာ နေ့စဉ်လိုလို ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ ဒါကြောင့်လည်း အမေရိကန်နဲ့ အင်္ဂလန်အစိုးရက အိန္ဒိယနိုင်ငံကို အလည်သွားမယ့် အမျိုးသမီးတွေအတွက် ခရီးသွားဆိုင်ရာ အကြံပေးချက်တွေကို သက်ဆိုင်ရာအစိုးရရဲ့ တရားဝင် Website တွေကနေ ကြေညာပေးနေတာပါ။
အစိုးရရဲ့တရားဝင် Website တွေကနေ ခရီးသွားအကြံပေးချက်တွေက နိုင်ငံသားတွေအတွက် အကျိုးများစေသလို ဆောင်ရန် ရှောင်ရန်တွေကိုလည်း ကြိုတင်သိထားနိုင်တဲ့အတွက် အဆင်ပြေပြေ သွားလာလည်ပတ်နိုင်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ဘေးအန္တရာယ် အကင်းဆုံးမြို့ စာရင်းမှာ အိန္ဒိယနိုင်ငံရဲ့ မွမ်ဘိုင်းနဲ့ ဒေလီမြို့တွေ ပါဝင်လာခဲ့ပေမယ့် တခြားနေရာ အများစုကတော့ အမျိုးသမီးတွေရဲ့ဘဝကို ခြိမ်းခြောက်နေတုန်းပါ။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံကို တယောက်တည်း အလည်အပတ် သွားရောက်ဖို့ စိတ်ကူးထားတဲ့ အမျိုးသမီးတွေအနေနဲ့ သတိထားပြီးသွားလာသင့်ပါတယ်။
Ref: timesofihdia, indiatoday
You may also like these stories:
ဗုဒ္ဓဂါယာကို ကမ္ဘာ့အဆင့်အတန်းမီ နေရာဖြစ်လာအောင် ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရ
အိန္ဒိယနိုင်ငံက ကမ္ဘာ့ပထမဆုံး သက်သတ်လွတ်မြို့တော်
အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ဂူ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာ