Travel

နယူးဇီလန်နိုင်ငံမှာ မီးတောင် ပေါက်ကွဲမှုကြောင့် ခရီးသွားအချို့ သေဆုံး၊ ဒဏ်ရာရခဲ့

Want create site? Find Free WordPress Themes and plugins.

နယူးဇီလန်နိုင်ငံ၊ White Island ပေါ်က မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၈ ဦးပျောက်ဆုံးနေတယ်လို့ ရဲအဖွဲ့က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့က နယူးဇီလန်နိုင်ငံမြောက်ပိုင်း နာမည်ကျော် ခရီးသွားနေရာတခုဖြစ်တဲ့ မီးတောင်ရှင်ရှိရာ ကျွန်းပေါ်မှာ မီးတောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲချိန်မှာ ကျွန်းပေါ်မှာ ခရီးသွား ၄၇ ယောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲကမှ ၃၁ ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတင်ပို့ ကုသပေးနေပေမယ့် တချို့ကတော့ စိုးရိမ်ရဆဲအခြေအနေ ရှိနေပါတယ်။ ကျန်တဲ့သူတွေထဲမှာတော့ ၅ ယောက်သေပြီး ၈ ဦး ပျောက်ဆုံးနေဆဲပါ။

တာဝန်ရှိသူတွေကတော့ ပျောက်ဆုံးနေတဲ့ ခရီးသွားတွေကို အခြေအနေပေးတာနဲ့ အမြန်ဆုံး ကယ်တင်နိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ လူနေထိုင်ခြင်း မရှိတဲ့ White Island ကျွန်းဟာ နယူးဇီလန်နိုင်ငံရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ခရီးသွားနေရာတွေထဲက တခုဖြစ်ပြီး နှစ်စဉ် ခရီးသွားပေါင်း ထောင်ကျော် လာရောက် လည်ပတ်ကြတဲ့ နေရာတခုပါ။

မီးတောင် လှုပ်ရှားမှုရှိနေတဲ့ အကြောင်းကို အရင်လက မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သေဆုံးခဲ့တဲ့ ၅ယောက်ထဲမှာ ၃ ယောက်က သြစတြေးလျနိုင်ငံသားတွေဖြစ်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒဏ်ရာရရှိသူအများစုကတော့ အမေရိကန်၊ တရုတ်၊ မလေးရှားနဲ့ နယူးဇီလန် နိုင်ငံသားတွေဖြစ်ပါတယ်။ ရဲဌာန အကြီးအကဲဖြစ်သူ Bruce Bird က “ကျနော်တို့ သိပ္ပံပညာရှင်တွေနဲ့ရော၊ နည်းပညာကော်မတီနဲ့ပါ Wellington မှာ ဆွေးနွေးနေပါတယ်။ သူတို့ဆီက အကြံဉာဏ်ကောင်းတွေ ယူပြီး ကျွန်းပေါ်ကို သွားရောက်ကယ်တင်နိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒေသစံတော်ချိန် ၂ နာရီ ၁၁ မိနစ်မှာ White Island ပေါ်က မီးတောင်ရှင်ဟာ မီးခိုးငွေ့တွေ နဲ့ ပြာမှုန်တွေ စတင်ထွက်ပေါ်လာခဲ့တာကို သွားရောက်လည်ပတ်နေတဲ့ ခရီးသွား Micheal Schade က မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

Mr.Schade ဟာ အဆိုပါ မီးတောင် မပေါက်ကွဲခင် နာရီဝက်အလိုမှာ ကျွန်းပေါ်ကနေ လည်ပတ်ပြီး လှေနဲ့ ပြန်လည် ထွက်ခွာလာသူ တဦးပါ။ “ကျနော်တို့ ကျွန်းပေါ်က ပြန်ထွက်လာချိန်မှာ တယောက်က မီးခိုးတွေကို ညွှန်ပြလို့ မြင်လိုက်ရတာပါ။ အဲဒါနဲ့ ကျွန်းကို ပြန်မောင်းပြီး ဆိပ်ကမ်းမှာ တွေ့တဲ့သူတွေကို ခေါ်လာခဲ့တယ်” လို့ ဆိုပါတယ်။

Ref. BBC

You may also like these stories:

အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ

ဂူဂဲလ်က ညွှန်ပြနေသော တရုတ် အကြီးဆုံးဆည်၏ ဘေးအန္တရာယ်

ဟာဝိုင်အီ မီးတောင်တခုကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ မင်းသား Dwayne Johnson

Did you find apk for android? You can find new Free Android Games and apps.
Loading