အာရှရဲ့ အကြီးမားဆုံး ခေါင်မိုးစိုက်ခင်း စီမံကိန်း စတင်လိုက်တဲ့ ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးအခြေပြုတဲ့ လူ့အဖွဲ့အစည်းဖြစ်သော်လည်း မြို့အများစုမှာတော့ စိုက်ပျိုး ရေးလုပ်ငန်းတွေ တိမ်ကောစ ပြုလာပြီး ခရီးသွားလုပ်ငန်းကိုသာ ဦးစားပေး ဆောင်ရွက်နေကြပါတယ်။ ဒါကြောင့်လည်း ထိုင်းအာဏာပိုင်တွေက မြို့ပြဧရိယာအတွင်းမှာ ခရီးသွားလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းပါ ပြန်လည် ဖွံ့ဖြိုးလာအောင် အစီအစဉ်တခု ချမှတ်ခဲ့ပါတယ်။ အဲဒီအစီအစဉ် ကတော့ ဘန်ကောက် တက္ကသိုလ်တခုရဲ့ခေါင်မိုးပေါ်မှ
ဘန်ကောက်မြို့မှာရှိတဲ့ Thammasat တက္ကသိုလ်ဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက တည်ရှိလာခဲ့တဲ့ တက္ကသိုလ်တခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့သက်တမ်းအရင့်ဆုံ
စိုက်ပျိုးမြေ ရှားပါးမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ မရှိသလောက် နည်းပါးသွားတဲ့ မြို့ပြပြဿနာကို ဖြေရှင်းနိုင်ဖို့ တက္ကသိုလ်ခေါင်မိုးမှာ စိုက်ပျိုးရေးတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တက္ကသိုလ်ခေါင်မိုးပေါ်က စိုက်ခင်းတွေဟာ အာရှရဲ့ အကြီးမားဆုံး ခေါင်မိုး စိုက်ခင်းဖြစ်လာမှာဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေအတွက်လည်း လည်ပတ်စရာ နောက်ထပ် တနေရာ တိုးလာတော့မှာ ဖြစ်ပါတယ်။
တက္ကသိုလ် ခေါင်မိုးစိုက်ခင်း စီမံကိန်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကပဲ စတင်လိုက်ပြီး စတုရန်းမီတာ ၇ ထောင် ကျယ်ဝန်းတဲ့ ခေါင်မိုးဧရိယာမှာ အော်ဂဲနစ်သီးနှံနဲ့ စပါးစိုက်ပျိုးရေးတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်
စီမံကိန်းကို ကြီးကြပ်ရတဲ့ လက်ထောက် ပါမောက္ခဖြစ်သူ Prinya Thaewanarumitkul က “ကျနော်တို့အနေနဲ့ လူ့အသိုက်အဝန်းကို ကယ်တင်နိုင်ဖို့ အများကြီး နောက်မကျသေးပါဘူး။ လူ့အသိုက်အဝန်းကို ကယ်တင်ဖို့ အခွင့်အရေးရနေလျက် ကယ်တင်ဖို့ မကြိုးစားဘဲ စီးပွားရေးကိုသာ ဇောက်ချ လုပ်ကိုင်နေမယ်ဆိုရင်တော့ နောက်နှစ်ပေါင်း ၃၀ ကျော် ဒါမှမဟုတ် ၅၀ ကျော်အတွင်း လူသားတွေ ရှင်သန်ရပ်တည်ဖို့ဆိုတာ လွယ်ကူတော့မှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
“လူတွေအနေနဲ့ ကိုယ့်အိမ်ခေါင်မိုးတွေမှာ စိုက်ခင်းပြုလုပ်ဖို့ လွယ်ကူပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ချဉ်းကပ်နိုင်ခဲ့မယ်ဆိုရင်တော့ မြို့ပြ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ်”ဆို
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ထိုင်းနိုင်ငံဟာ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး အကျပ်အတည်းတွေ ရှိခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုအရဆို
Ref: chiangraitimes, nhk
You may also like these stories:
ပြည်ပကို ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ အသင့်တော်ဆုံး နိုင်ငံ ၂၀
စာတိုက်ပုံးတွေ ဖျက်ဆီးခဲ့တဲ့ အမေရိကန်ခရီးသွား တယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး