Travel

ထိုင်းနိုင်ငံက သွန်ဘူရီနန်းတော်ကို ဒီဇင်ဘာလအတွင်း အခမဲ့ လည်ပတ်နိုင်မည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံက တော်ဝင်နန်းတော် သွန်ဘူရီနန်းတော်ကို တနှစ်မှ ၁ ကြိမ်သာ အများပြည်သူတွေ ဝင်ရောက် လည်ပတ်ခွင့် ရှိပါတယ်။

ထိုင်းအစိုးရက ၂၀၁၉ ခုနှစ်အတွက် အများပြည်သူတွေ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ဖို့နဲ့ နန်းတော်ကို လည်ပတ်တဲ့အခါမှာလည်း ခွင့်ပြုချက် ယူစရာ မလိုဘဲ ခွင့်ပြုပေးလိုက်ပါတယ်။ ဒါကြောင့် တနှစ်မှတခါသာ ရရှိတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်မယ့် နေ့ရက်ကတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဖြစ်ပြီး ဝင်ကြေး ပေးစရာ မလိုအပ်ဘဲ အခမဲ့ လည်ပတ်နိုင်မယ်လို့ သိရပါတယ်။ အခမဲ့ ခွင့်ပြုချက်ဟာ ထိုင်းနိုင်ငံသားတွေအတွက်သာမက နိုင်ငံခြားသားတွေအတွက်လည်း အကျုံး ဝင်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ထိုင်းတော်ဝင် ရေတပ်ဝင်းအတွင်းမှာ ရှိတဲ့ သွန်ဘူရီနန်းတော်ကို သာမန် အချိန်တွေမှာ ဘယ်သူ့ကိုမှ လည်ပတ်ခွင့် မပြုပါဘူး။ နန်းတော်အတွင်း ဝင်ရောက် လည်ပတ်ချင်သူ တွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို လည်ပတ်ခွင့် တောင်းပြီး ခွင့်ပြုချက်ရရှိမှသာ လည်ပတ်ကြရပါတယ်။

ခွင့်ပြုချက်ရဖို့ကိုလည်း အနည်းဆုံး တပတ်လောက် စောင့်ရပါတယ်။ ဒါကြောင့်လည်း အခု ရရှိတဲ့အခွင့်အရေးဟာ ထိုင်းနိုင်ငံံသားတွေနဲ့ နိုင်ငံခြားသားတွေအတွက်တော့ အထူး အခွင့်အရေးလို့လည်း ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ကို ဘုရင်တက်ဆင်နေ့လို့ သတ်မှတ်ထားတဲ့အတွက် ဒီဇင်ဘာ ၁၄ ရက်ကနေ ၂၈ ရက်နေ့အထိ အခမဲ့ လည်ပတ်ခွင့် ပြုထားတာလို့ သိရပါတယ်။ ထိုင်းလူမျိုးတွေ အသုံးပြုခဲ့ဖူးတဲ့ ရှေးဟောင်း ထိုင်းပိုက်ဆံ ဘတ် ၁၀၀ တန်မှာ သွန်ဘူရီနန်းတော်ရဲ့ ရုပ်ပုံကို ဖော်ပြ ထားခဲ့ဖူးတဲ့အတွက် သွန်ဘူရီနန်းတော်ဟာ ထိုင်းနိုင်ငံသားတွေအတွက်တော့ ထင်ရှားတဲ့ အမှတ်အသားတခုပါ။

သွန်ဘူရီနန်းတော်ကို မတူညီတဲ့အချိန်တွေမှာ မတူညီတဲ့ ဗိသုကာလက်ရာ အမျိုးမျိုးတွေနဲ့ တည် ဆောက်ထားတဲ့အတွက် အဆောက်အဦတွေရဲ့ပုံစံတွေကလည်း ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ နန်းတော်အတွင်းက တချို့အဆောက်အဦတွေကတော့ ပြတိုက်အဖြစ် အသွင် ကူးပြောင်းခဲ့ကြပါ တယ်။

ဒီနေ့ခေတ်အထိ ကျန်ရှိနေသေးတဲ့ နန်းတော် အဆောက်အဦတွေဆိုတာ တချိန်က ခမ်းနားခဲ့တဲ့ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ အနုပညာလက်ရာ စတာတွေကို ဖော်ပြနေတဲ့ နေရာတွေပါ။ သာမန်အချိန်တွေမှာ လည်ပတ်ဖို့ မလွယ်ကူတဲ့ ဘန်ကောက်မြို့က သွန်ဘူရီနန်းတော်ကို ခရီးသွားတွေအနေနဲ့ အခါအခွင့်ကြုံနေတုန်းမှာ သွားရောက် လည်ပတ်သင့်ပါတယ်။

Ref: Bangkokpost

You may also like these stories:

အာရှရဲ့ အကြီးမားဆုံး ခေါင်မိုးစိုက်ခင်း စီမံကိန်း စတင်လိုက်တဲ့ ထိုင်းနိုင်ငံ

ဘန်ကောက်မြို့မှာ ထင်ရှားတဲ့ ရေပေါ်ဈေးများ

ထိုင်းမှာရှိတဲ့ ကြာနီကန်ကို ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်

Did you find apk for android? You can find new Free Android Games and apps.
Loading