• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ ဒေသများ

by ညီညီသူ
13 December 2019
in Travel
A A
မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသည်များ  / ဧရာဝတီ

မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသည်များ / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှမှာ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းဟာ သေးငယ်တဲ့ အစိတ်အပိုင်းတခု အနေနဲ့သာ တည်ရှိပါသေးတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းကလည်း နိုင်ငံရေး မတည်ငြိမ်မှု၊ ပြည်တွင်းစစ် ပဋိပက္ခ၊ နယ်မြေ မလုံခြုံမှုစတဲ့ အခက်အခဲတွေအပြင် နိုင်ငံခြားသားခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ ဒေသတွေ မြန်မာနိုင်ငံမှာ အများအပြား ရှိနေတဲ့အတွက်ကြောင့်ပါ။

နိုင်ငံခြားသားခရီးသည်တွေကို ကန့်သတ်ရတဲ့ အကြောင်းကလည်း လုံခြုံရေး မပေးနိုင်တဲ့အတွက် ကြောင့်ပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ကျဆင်းနေရတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးပြီး နိုင်ငံရေးတည်ငြိမ်မှု ရှိလာတဲ့ အချိန်မှာတော့ နိုင်ငံတကာ ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမိုလာရောက် လည်ပတ်နိုင်ဖွယ် ရှိပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
523
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
502

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့အရပ် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ ခရီးသွား တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါသေးတယ်။ ပုဂံ၊ ပျူ၊ မြောက်ဦး စတဲ့ နေရာတွေဟာ ခရီးသွားတွေအတွက် သမိုင်းဆိုင်ရာ အချက်အလက်တွေ ပြည့်ပြည့်ဝဝ ပေးနိုင်တဲ့ နေရာတွေ ဖြစ်ကြသလို တချိန်က ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုတွေကိုလည်း ကောင်းစွာ လေ့လာနိုင်တဲ့ဒေသတွေပါပဲ။

ပုဂံနဲ့ ပျူဒေသကို နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်နိုင်ပေမယ့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကတော့ ခရီးသွားတွေအတွက် ကန့်သတ်နယ်မြေအဖြစ် ရှိနေပါသေးတယ်။

ရခိုင် ပဋိပက္ခ ငြိမ်းချမ်းသွားရင်တော့ ရခိုင်ပြည်နယ်ဟာ ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုး လာနိုင်ပါတယ်။ ကချင်၊ ရှမ်း၊ စစ်ကိုင်းနဲ့ ရန်ကုန်ဒေသတွေမှာလည်း နိုင်ငံတကာ ခရီးသွားတွေအတွက် ကန့်သတ်ချက်တချို့ ရှိနေပါသေးတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း ကိုကိုးကျွန်းမြို့ကို ခရီးသွားတွေ လည်ပတ်ဖို့ ခွင့်မပြုထားပါ ဘူး။ မန္တလေးတိုင်းဒေသကြီးမှာဆိုရင်လည်း မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့တွေကို ခရီးသွားလိုတဲ့ နိုင်ငံခြား ခရီးသွားတွေအနေနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းရလေ့ရှိပြီး ခွင့်ပြု ချက်ရမှသာ သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကျေးရွာတချို့ကို သွားရောက် လည်ပတ်နိုင်ဖို့အတွက်လည်း ဒေသခံအာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူရပါသေးတယ်။

ကချင်ပြည်နယ်မှာဆိုရင်လည်း ပူတာအို၊ မချမ်းဘော၊ မန်စီ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ တနိုင်း စတဲ့ မြို့တွေကို သွားရောက် လည်ပတ်ချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့လည်း ခွင့်ပြုချက်ရမှာသာ သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒီမော့ဆိုး၊ ဖရူဆိုစတဲ့ ကယားပြည်နယ်က မြို့တော်တွေကို လည်ပတ်ချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြို့တွင်းဧရိယာတွေမှာ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပေမယ့် ဝေးလံတဲ့ အရပ်တွေကို သွားမယ်ဆိုရင်တော့ ခွင့်ပြုချက်လိုအပ်ပါတယ်။ ကယားပြည်နယ်လိုပဲ ကရင်ပြည်နယ်မှာလည်း ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ သံတောင်ကြီး စတဲ့မြို့တွေမှာလည်း ကန့်သတ်ချက်တွေ ရှိပါသေးတယ်။ ဘီးလင်း၊ သထုံ၊ ရေး စတဲ့မြို့လည်း တူတူပါပဲ။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပေး ထားတဲ့ စာရင်းအရ နိုင်ငံခြားသားတွေအတွက် ကန့်သတ်ထားတဲ့နေရာတွေက အများကြီးပါပဲ။ တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင်လည်း ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်၊ ကျွန်းစု စတဲ့မြို့တွေကလည်း အလားတူပါပဲ။

ပဲခူးတိုင်းဒေသကြီးမှာဆိုရင် ရွှေကျင်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် ရပ်စောက်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ၊ လဲချား၊ လင်းခေး၊ မိုးနဲမြို့တွေနဲ့ ရှမ်းပြည် မြောက်ပိုင်းမှာဆိုရင်တော့ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းယယ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ် ၊ မဘိမ်းမြို့တွေကို သွားရောက် လည်ပတ်ဖို့ ကန့်သတ်ထားပါတယ်။ ရှမ်းပြည်နယ်ဟာ နိုင်ငံခြား ခရီးသည်တွေအတွက် နယ်မြေအများဆုံး ကန့်သတ်ထားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

နိုင်ငံခြားခရီးသွားတွေအတွက် ကန့်သတ်ထားတဲ့ ဒေသတွေ အခုလို များပြားနေရတာကိုကြည့်ရင် မငြိမ်းချမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့်ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးပြီး နိုင်ငံရေးအခြေအနေ ငြိမ်သက်တော့မှာသာ ခရီးသွားလုပ်ငန်းက အခုထက် ပိုဖွံ့ဖြိုးလာစရာအကြောင်း ရှိပါတယ်။

မြန်မာအစိုးရကတော့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း နိုင်ငံခြားခရီးသည် ၁ ဒဿမ ၅ သန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ပြောထားပြီး ၂၀၁၈ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကစပြီး ဂျပန် ၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအို စတဲ့ဒေသတွေက လာရောက်ကြမယ့် ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

Ref:mip.gov.mm

You may also like these stories:

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို လေ့လာကြည့်ခြင်း

အင်းလေးကန် အပါအဝင် အာရှရဲ့ အလှဆုံး ရေကန် ၄ ကန် 

အင်းတော်ကြီးကန်၏ မျက်နှာစာဝယ်

Your Thoughts …
Tags: နိုင်ငံခြားသား ခရီးသည်မြန်မာ့ခရီးသွားလုပ်ငန်း
ညီညီသူ

ညီညီသူ

Similar Picks:

ရန်ကုန်မြို့ (ဧရာဝတီ)

ရန်ကုန်နှင့် မြို့ကြီးများမှ ဟိုတယ်များ အစုလိုက်အပြုံလိုက် ရောင်းချလာ

by ဧရာဝတီ
22 June 2023
13.2k

ပြီးခဲ့သည့် မေလအတွင်းကပင် အနည်းဆုံး ကျပ်သိန်း ၃ ထောင်မှ ကျပ်သိန်း ၄ သောင်းကျော်၊ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိ အခန်းပေါင်း ၅၀ နှင့်အထက်ရှိသော ဟိုတယ် ၂၇ လုံး ရောင်းချရန်...

ဧည့်သည်စောင့်ဆိုင်းနေသည့် ပုဂံဒေသ၏ မြင်းလှည်းသမားများ  / ဧရာဝတီ

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၂၂ တွင်လည်း လည်ပတ်နိုင်ခြေ မရှိသေး

by ဧရာဝတီ
31 December 2021
6.6k

ထိုပြင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် လုံခြုံရေး အခြေအနေများကြောင့်လည်း လာမည့် ၂၀၂၂ ခုနှစ်ထဲ တွင် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည် မဟုတ်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီသို့ လာရောက်သည့် တရုတ်ခရီးသွားများ / ဧရာဝတီ

ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ

by ဧရာဝတီ
6 January 2023
2.5k

ပြည်ပနိုင်ငံအသီးသီးက တရုတ်ခရီးသွားများအပေါ် ကိုဗစ်ကန့်သတ်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်မှုများ ပြုလုပ် သော်လည်း တရုတ်ခရီးသွားအများဆုံး လာရောက်သည့် မြန်မာနိုင်ငံအနေဖြင့်မူ လက်ရှိအချိန်အထိ သီးခြား ကိုဗစ်စည်းမျည်းစည်းကမ်းများကို ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

Memories Group ၏ မိုးပျံပူဖောင်းများကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ခရီးသွားပေါင်း ၂၂၀၀၀ ကျော် လိုက်ပါစီးနင်းခဲ့ကြသည် / ဇော်ဇော်

ပုဂံ မီးပုံးပျံလုပ်ငန်း စင်ကာပူတွင် ရှယ်ယာဈေး ၃၀ ရာခိုင်နှုန်း တက်သွား

by ဧရာဝတီ
8 January 2018
16.3k

ပုဂံတွင် လူစီး မိုးပျံပူဖောင်း လွှတ်တင်ပေးနေသော ကုမ္ပဏီသည် စင်ကာပူ စတော့အိတ်ချိန်းဈေးကွက်တွင် ပွဲဦးထွက်အနေဖြင့် ပြီးခဲ့သည့်အပတ်က ရှယ်ယာဈေး ၃၀ ရာခိုင်နှုန်းအထက် မြင့်တက်သွားခဲ့သည်။

မြန်မာနိုင်ငံကို အလည်လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသည်များ  / ဧရာဝတီ

၂၀၁၉ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမယ်လို့ မျှော်မှန်း

by ညီညီသူ
17 June 2019
36k

မြန်မာ့ခရီးသွား ဈေးကွက်ရှာဖွေရေးရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် ၁၆၀,၀၀၀ ရှိခဲ့ပါတယ်။

တိုးရစ်များ မြင်းလှည်းစီးပြီး ပုဂံကို လှည့်ကြည့်ကြစဉ် / ဇော်ဇော်  / ဧရာဝတီ

အနောက်နိုင်ငံများ လက်ရှောင်နေသော မြန်မာ့ခရီးသွားလုပ်ငန်း အာရှသားများကို ဆွဲဆောင်

by မိုးမြင့်
8 September 2018
7.9k

အနောက်တိုင်း အွန်လိုင်း ခရီးသွားလုပ်ငန်း OTAs များသည် ၎င်းတို့၏ ခရီးစဉ်များနှင့် ကြော်ငြာများမှ မြန်မာနိုင်ငံကို ဖယ်ရှားခြင်းဖြင့် တိတ်တဆိတ် အရေးယူနေကြသည်။

Next Post
ပြန်ပေးဆွဲခံရတဲ့ တရုတ်နိုင်ငံသားတွေထဲမှာ ကာစီနိုရုံတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ပါဝင်ပါတယ်

တရုတ်နိုင်ငံသားတွေ အများဆုံး ပြန်ပေးဆွဲခံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံ

သရုပ်ဆောင် နေဆန်းနဲ့ ဇနီးဖြစ်သူ မချောစု / ဝေဝေနှင်း / ဧရာဝတီ

ကုန်ဈေးနှုန်း တက်ပေမယ့် ဈေးနှုန်း အများကြီး မပြောင်းလဲတဲ့ နေဆန်းတို့ ထမင်းဆိုင်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate