Travel

ဆောင်းရာသီမှာ ခရီးသွားမယ့်သူတွေ မမေ့မလျော့ထည့်သွားသင့်တဲ့ ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

ရာသီဥတုကလည်း ခရီးထွက်လို့ကောင်းတဲ့ ရာသီ၊ ပိတ်ရက်တွေ အားလပ်ရက်တွေလည်းများတဲ့ အချိန်ဖြစ်တာ ကြောင့် အခုလို ဆောင်းရာသီကာလမှာ ခရီးထွက်ဖို့ပြင်ဆင်နေသူတွေ ရှိမယ်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဆောင်းရာသီကာလမှာ ခရီးထွက်မယ်ဆိုရင် မမေ့မလျော့ယူသွားသင့်တဲ့ ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အစိုဓာတ်ထိန်းခရင်မ် (Moisture Cream, Lotion)

အစိုဓာတ်ထိန်းခရင်မ် (Moisture Cream) ကတော့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အခုလိုအချိန် ခရီးထွက်မယ်ဆိုရင် မပါမဖြစ် ယူသွားသင့်ပါတယ်။ အသားအရေတွေ ခြောက်သွေ့ပြီး အသားပပ်တာမျိုးတွေ မဖြစ်ရအောင်လို့ အစိုဓာတ်ထိန်းခရင်မ် Moisture Cream, Lotion နဲ့ တွေကို အသားအရေမှာ သေချာလိမ်းပေးသင့် ပါတယ်။

(၂) ဆေး

ရာသီဥတုအေးအေးမှာ ခရီးထွက်တဲ့အခါ နှာစေးတာ၊ ချောင်းဆိုးပြီး လည်ချောင်းနာတာ စတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သောက်ဆေးတွေကို ကြိုကြိုတင်တင်အနေနဲ့ ယူသွားသင့်ပါတယ်။ နေရာဒေသ အပြောင်းအလဲမှာ ခရီးထွက်ရင်း မဖျားနာစေဖို့ အအေးမိဖျားနာတဲ့အခါ သောက်သုံးတဲ့ ဆေးဝါးတချို့ကိုလည်း ဆောင်သွားသင့်ပါတယ်။

(၃) လက်အိတ်၊ ခြေအိတ်နဲ့ အနွေးထည်တွေ

ဆောင်းတွင်းကာလမှာ ခရီးထွက်မယ်ဆိုရင် မဖြစ်မနေယူသွားရမယ့် ပစ္စည်းတွေထဲမှာ လက်အိတ်၊ခြေအိတ်၊ အနွေးထည်ထူထူထဲထဲတွေနဲ့ ခေါင်းစွပ်စတာတွေ ပါပါတယ်။ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဒါတွေကို မမေ့မလျော့သယ်သွားသင့်ပါတယ်။

(၄) Lip Balm

မိန်းကလေးတွေရော ယောက်ျားလေးတွေပါ ဆောင်ထားသင့်တဲ့ ပစ္စည်းတခုလို့ ပြောလို့ရပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲမှုကို သက်သာစေနိုင်တဲ့ Lip Balm လေးတွေကိုလည်း မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။

Ref. www.tripzilla.com

Did you find apk for android? You can find new Free Android Games and apps.
Loading