ပြီးခဲ့တဲ့အပတ်က ထူးထူးဆန်းဆန်း ဗီဒီယိုဖိုင် ၂ ဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုက အချိန်အနည်းငယ်သာ ကြာမြင့်ပေမယ့် ချက်ချင်းဆိုသလို ကြည့်ရှုသူပေါင်း ၂ သိန်းကျော် သွားခဲ့ပြီး ကြည့်ရှုသူတွေ ကိုယ်တိုင်လည်း ရှောခ့် ရသွားခဲ့ပါတယ်။ အငှားတက္ကစီပေါ်မှာ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထိုင်းနိုင်ငံမှာ ပျံ့နှံ့ခဲ့ပါတယ်။ နောက်ပိုင်းတော့ ဒီဗီဒီယိုဖိုင်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။
အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက် ပါဝင်တဲ့ ဂျပန်ခရီးသွားတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ လင်းအားကြီးအချိန်မှာ အငှားတက္ကစီ တစီးငှားပြီး တည်းခိုရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီလိုပြန်လာစဉ်မှာပဲ အမျိုးသမီးတယောက်ဟာ အမျိုးသားတယောက်ရဲ့ ပေါင်ပေါ်မှာ အတွင်းခံ မပါဘဲ တက်ထိုင်ခဲ့ပြီး လိင်ဆက်ဆံခဲ့ကြတယ်ဆိုတဲ့ ဒီဗီယိုဖိုင်က အွန်လိုင်းပေါ် ရောက်ရှိခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ကို တင်ခဲ့သူကတော့ Khun-Khachen ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ပါ။
အငှားတက္ကစီပေါ် လိင်ဆက်ဆံနေတယ်ဆိုတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီး နောက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီအကောင့်ပိုင်ရှင်ကပဲ အငှားတက္ကစီပေါ်မှာ လိင်ဆက်ဆံနေတဲ့ နောက်ထပ် ဗီဒီယို ဖိုင်တဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့ပြီး “အတွင်းခံ မပါဘူးလား” ဆိုတဲ့ အသံတောင် ကြားရပါတယ်လို့ ဆိုကြပါတယ်။
Bangkokpost ရဲ့ ဖော်ပြချက်အရ အငှားတက္ကစီ မောင်းနှင်သူဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ Puridet Kaewmuang ဆိုသူဖြစ်ပြီး သောကြာနေ့ ညနေခင်းမှာပဲ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားရောက် ဖြေရှင်းခဲ့ပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်အရဆိုရင်တော့ ဂျပန်ခရီးသွား ၅ ယောက်ကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး နေရာ ဖြစ်တဲ့ ပက်ပုံးကနေ သူတို့တည်းခိုနေတဲ့ ဟိုတယ်ရှိရာ Charoen Nakhon ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ဟာ သူ့တက္ကဆီပေါ် မှာ လိင်ဆက်ဆံသလို ပြုမူခဲ့ကြပေမယ့် တကယ်တမ်း လိင်ဆက်ဆံခြင်း မရှိခဲ့ဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။
“အတွင်းခံမပါဘူးလား”ဆိုတဲ့ စကားသံပါတဲ့ ဗီဒီယိုဖိုင်က အွန်လိုင်းပေါ်ပျံ့နှံ့နေပေမယ့် အငှားယာဉ် မောင်းရဲ့ ထွက်ဆိုချက်အရဆိုရင်တော့ အမျိုးသားပေါင်ပေါ်ထိုင်နေတဲ့အမျိုးသမီးဟာ အတွင်းခံ ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့အကြောင်း ရဲတွေကို ရှင်းပြခဲ့ပါတယ်။
ဒါကြောင့်လည်း ထိုင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ အငှားယာဉ်မောင်းက “ဒါက လူတွေ နားလည်မှု လွဲတာသက်သက်ပါပဲ။ ကျနော့် တက္ကစီပေါ်မှာ လိင်ဆက်ဆံမှုက တကယ်မဖြစ်ခဲ့ပါဘူး။ ဂျပန်ခရီးသွားတွေ ပြုမှုသလိုမျိုး တခြားခရီးသွားတွေလည်း ပြုမှုလေ့ ရှိတတ်ကြပါတယ်။ ခရီးလမ်း တလျှောက်မှာလည်း နောက်ကြည့်မှန်ကနေတဆင့် ဂျပန်ခရီးသွားတွေကို အမြဲစောင့်ကြည့်နေခဲ့တဲ့အတွက် အငှားတက္ကစီပေါ်မှာ လိင်ဆက်ဆံမှု တကယ်မဖြစ်ခဲ့ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
Ref:bangkokpost,thethaiger
You may also like these stories:
တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဆန့်ကျင်ဖို့ Me Too လှုပ်ရှားမှု ကိုရီးယားမှာ ပြုလုပ်နေ