• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ဆေးလိပ်မီးခိုးကင်းမဲ့မြို့တော် ဖြစ်လာတော့မယ့် က‌မ္ဘောဒီးယားနိုင်ငံရဲ့ ဘတ်တန်ဘန်းမြို့

by ညီညီသူ
17 December 2019
in Travel
A A
က‌မ္ဘောဒီးယားနိုင်ငံ၊ ဘတ်တန်ဘန်းမြို့

က‌မ္ဘောဒီးယားနိုင်ငံ၊ ဘတ်တန်ဘန်းမြို့

7.6k
VIEWS
Share on FacebookShare on Twitter

ဆေးလိပ်မီးခိုးငွေ့တွေဟာ ဆေးလိပ်သောက်သူကိုသာမက ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာ ဖြစ်တဲ့အတွက် ကမ္ဘာနဲ့တဝှမ်း ဆေးလိပ်မသောက်ရ နေရာတွေ ပိုမိုများပြားလာခဲ့ပါတယ်။

“ဆေးလိပ် မသောက်ရ”လို့ အများအားဖြင့် သတ်မှတ်ထားတဲ့ နေရာတွေကတော့ လူစည်ကားတဲ့နေရာတွေမျိုးတွေပါ။ “ဆေးလိပ် မသောက်ရ” ယဉ်ကျေးမှု ထွန်းကားလာအောင် ဆောင်ရွက်နေတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံလည်း ပါဝင်ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
357
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
407
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
920

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့  ပြည်သူ့ကျန်းမာရေးနဲ့ နိုင်ငံတကာခရီးသွား တွေအကြား ဆေးလိပ်သောက်သုံးသူ ပမာဏ လျှော့ချနိုင်ရေးအတွက်ရည်ရွယ်ပြီး ဘတ်တန်ဘန်း (Battambang) မြို့တော်ကို ဆေးလိပ်မီးခိုး ကင်းမဲ့မြို့တော်အဖြစ် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီစီမံကိန်းကိုတော့ ၂၀၂၀ ခုနှစ်မှာ စတင် သွားမယ်လို့ သိရပါတယ်။

ခရီးသွားဝန်ကြီးဌာနရဲ့ ပြောခွင့်ရ Top Sopheak ကလည်း ဘတ်တန်ဘန်းမြို့တော်ကို ဆေးလိပ်မီးခိုးကင်းမဲ့ မြို့တော်အဖြစ် ဆောင်ရွက်ရတာက စိမ်းလန်းသန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ရရှိအောင် ရည်ရွယ် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုစီမံကိန်းဟာ ခရီးသွားလာရေးဝန်ကြီးဌာနအတွက်သာ အရေးကြီးတာမျိုး မဟုတ်ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနအတွက်လည်း အရေးကြီးပါတယ်။ ဒီလို အရေးကြီးတဲ့ အကြောင်းကလည်း ဘတ်တန်ဘန်းမြို့ကို UNESCO စာရင်းဝင် ရှေးဟောင်း အမွေအနှစ်မြို့တော် ဖြစ်ချင်တဲ့အတွက်ကြောင့်ပါလို့ သူက ပြောပါတယ်။

ဘတ်တန်ဘန်းမြို့တော်ဟာ ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာတည်ရှိပြီး ၁၁ ရာစုလောက်မှာ ခမာမင်းဆက်တွေက တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါး စီးပွားရေး အချက်အချာ မြို့တမြို့ ဖြစ်ခဲ့ပါတယ်။ အများအားဖြင့် နေထိုင်တာကတော့ ခမာလူမျိုးတွေ ဖြစ်ပြီး ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ တရုတ်တွေလည်း နေထိုင်ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ အာဏာရှင် ခမာဘုရင်တွေ အုပ်ချုပ်မှုအောက်ကနေ တဖြည်းဖြည်း ပြန်လည် ထူထောင်လာခဲ့ရတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို နာမည်ကျော်ဒေသတွေကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လည်ပတ်မှုနှုန်းကလည်း တနှစ်ထက်တနှစ် တိုးလာပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်တဲ့ ဘတ်တန်ဘန်းမြို့တော်ဆိုရင်လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ ခရီးသွား အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ မြို့တော်ပါ။ ဘတ်တန်ဘန်းမြို့တော်ဟာ ၁၈ ရာစုမှာ ကုန်သွယ်ရေး ဗဟိုဌာနဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြင်သစ် – အင်ဒိုချိုင်းနားရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ရတဲ့အတွက်ကြောင့် ကိုလိုနီလက်ရာ အဆောက်အဦတွေကို ဒီနေ့ထိ တွေ့မြင်နိုင်ပါသေးတယ်။

ဆေးလိပ်မီးခိုး ကင်းမဲ့မြို့တော် စီမံကိန်းနဲ့ ပတ်သက်ပြီး ခရီးသွားလာရေးဝန်ကြီးဌာနက ပြောခွင့်ရသူ Top Sopheak က အခုလို ဆိုပါတယ်။

“ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆေးလိပ်မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရတဲ့ အခြေအနေမျိုး မလိုချင်ပါဘူး။ အဓိကကတော့ ကမ္ဘာလှည့်ခရီးသွား အများဆုံးရှိရာ နေရာဖြစ်တဲ့ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ အပန်းဖြေကမ်းခြေလို နေရာမျိုးတွေပါ။ ဒီလို နေရာမျိုးတွေမှာလည်း ဆေးလိပ်မီးခိုးငွေ့ ကို မခံနိုင်တဲ့ ခရီးသွားဧည့်သည်တွေ ရှိနေတတ်ပါတယ်”

“သူတို့ မနှစ်သက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေနဲ့ ကြုံရတဲ့အခါ ခရီးသွားလုပ်ငန်းကိုလည်း တစုံတရာအကျိုး သက်ရောက်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ အခုဆိုရင်လည်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်မီးခိုးကင်းမဲ့ရေးကို အကောင်အထည် ဖော် ဆောင်ရွက်နေပါတယ်။

ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားပေါင်း ၅ ဒဿမ ၃ သန်းကျော် လာရောက်ခဲ့ပြီး မနှစ်က ထက် ၉  ဒဿမ ၇ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။

Ref: Bangkokpost

You may also like these stories:

ဆေးလိပ်နှင့် ကွမ်း စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ဟု ကျန်းမာရေးဝန်ကြီး သတိပေး

ဆေးလိပ် ဖြတ်ဖို့ နည်းလမ်းကောင်းများ

ဆေးလိပ်သမားများအတွက် နီကိုတင်းကို ရှင်းပေးမယ့် အစားအစာ ၉ မျိုး (၁)

Your Thoughts …
Tags: ဆေးလိပ်မီးခိုး ကင်းမဲ့မြို့တော်ဘတ်တန်ဘန်းမြို့
ညီညီသူ

ညီညီသူ

Similar Picks:

No Content Available
Next Post
ဘုရားသုံးဆူဂိတ် တရားဝင်ဖွင့်ပေးရန် ဒေသခံများ လိုလား (ရုပ်/သံ)

ဘုရားသုံးဆူဂိတ် တရားဝင်ဖွင့်ပေးရန် ဒေသခံများ လိုလား (ရုပ်/သံ)

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားများ

မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား အများအပြား အဖမ်းခံရ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate