Travel

ခရီးသွားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ဖြစ်သည်

Want create site? Find Free WordPress Themes and plugins.

ကျောင်းပညာရေးစနစ်က ကလေးတွေကို သင်ကြားမပေးနိုင်တဲ့ အရာမျိုးတွေကို ခရီးသွားခြင်းကနေ သင်ကြားပေးနိုင်ပါတယ်။ ဒါကြောင့်လည်း “ခရီးသွားခြင်းသည် အကောင်းဆုံး ပညာရေး ဖြစ်သည်” လို့ လူတွေပြောဆိုလေ့ ရှိတတ်ကြပါတယ်။ ဒီအချက်အလက်တွေဟာ ကြက်ကန်းဆန်အိုးတိုးပြီး ရလာခဲ့တာတွေ မဟုတ်ဘဲ သေချာ သုတေသနပြုပြီးမှ ရလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ကလေးတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး သုတေသန အကြံပေး ဖော်ပြချက်တွေအရ မိဘတွေနဲ့ ခရီးများများ ထွက်လေ့ရှိတဲ့ ကလေးတွေဟာ အောင်မြင်မှုပိုမိုရရှိတယ်လို့ သိရပါတယ်။ အခုစစ်တမ်းကို ပြုစုခဲ့တာကတော့ ကျောင်းသားနှင့် ကလေးသူငယ်များခရီးသွားလာရေးအဖွဲ့က ဖြစ်ပြီး အမေရိကန်မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမပေါင်း ၁၅၀၀ ရဲ့ အဖြေတွေကို ကောက်ယူ စစ်တမ်းပြုခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တမ်း ကောက်ယူချက်အရ ၇၄ ရာခိုင်နှုန်းသော ဆရာ/ ဆရာမတွေက ခရီးသွားခြင်းဟာ ကလေးတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပြီး တကိုယ်ရည် ဖွံ့ဖြိုးရေးကိုလည်း ကောင်းစွာ အထောက်အကူ ဖြစ်စေတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဆရာ အများစုကလည်း ခရီးသွားခြင်းဟာ ကလေးတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ အကျိုးများစွာ သက်ရောက်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

ဆရာတွေအနေနဲ့ နောက်ထပ် လက်ခံထားတဲ့ အချက်တွေကတော့ ခရီးသွား အတွေ့အကြုံတွေကနေ ယဉ်ကျေးမှုအမျိုးမျိုးကို ကလေးတွေ သင်ယူနိုင်စွမ်းရှိပြီး တဦးနဲ့တဦး ဆက်ဆံရေးမှာလည်း သည်းခံနိုင်စွမ်း တိုးလာသလို လေးစားမှုလည်း ပိုမိုတိုးလာတယ်လို့ လက်ခံထားကြပါတယ်။

ခရီးသွားခြင်းဟာ စာသင်ခန်းတွင်းမှာသာ အကျိုးသက်ရောက်စေတာ မဟုတ်ဘဲ ကစားကွင်းမှာလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ခရီးများများ သွားလေ့ရှိတဲ့ ကလေးတွေဟာ လွတ်လပ်မှုကို ပိုမိုမြတ်နိုးလာတတ်ကြသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပြီး ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာလည်း ပိုပြီး အောင်မြင်လာတတ်ကြပါတယ်။

ခရီးများများ ထွက်လေ့ရှိတဲ့ ကလေးတွေဟာ အိမ်တွင်းပုန်း ကလေးတွေထက် ကိုယ်ရည်ကိုယ်သွေး ပိုင်းဆိုင်ရာတွေမှာ ပိုပြီးထက်မြက်ကြတယ်ဆိုတာကလည်း အမှန်ပါပဲ။ ဒါကြောင့်လည်း မိဘတွေအနေနဲ့ ကလေးတွေ အားလပ်တဲ့ အချိန်မျိုးတွေမှာ စာသင်ခန်းပြင်ပက ဗဟုသုတတွေ ရစေဖို့ ကလေးတွေနဲ့အတူ ခရီးများများထွက်ဖို့ လိုအပ်ပါတယ်။

Ref: travelandleisure

You may also like these stories:

မိဘတွေရဲ့ ထိန်းကျောင်းမှုက သားသမီးတွေ ဘဝကို သက်ရောက်နိုင်

သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတာကို ဘယ်လို တားဆီးမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading