Travel

တိုးတက်မှု မြန်ဆန်လာတဲ့ ဂျေရုဆလင် ခရီးသွားလုပ်ငန်း

Want create site? Find Free WordPress Themes and plugins.

ဘာသာရေးအရ ကြည့်မယ်ဆိုရင် အစ္စရေးနိုင်ငံရဲ့ မြို့တော်၊ ဂျေရုဆလင် (Jerusalem) မြို့က အရေးပါတဲ့မြို့ ဖြစ်သလို ဘာသာရေး အထိမ်းအမှတ် ပွဲတော် ကျင်းပရာကာလတွေမှာ ဘုရားဖူးခရီးသွား အများအပြား လာရောက် လည်ပတ်ကြတဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရစ်ယာန် ဘာသာဝင်ပေါင်းများစွာ ဂျေရုဆလင်မြို့ကို ရောက်ရှိနေကြပါတယ်။ ၂၀၁၉၊ ဒီဇင်ဘာလ အတွင်း ဂျေရုဆလင်မြို့တော်ကို ရောက်ရှိနေတဲ့ ခရစ်ယာန် ဘာသာဝင် ခရီးသွား အရေအတွက်က သန်းချီ ရှိနေပြီး ဂျေရုဆလင်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း အခန်းလွတ် မရှိတော့ဘူးလို့ သိရပါတယ်။

UK အခြေစိုက် Euromonitor ကုမ္ပဏီရဲ့ ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံး အစီရင်ခံစာအရ ဂျေရုဆလင်မြို့တော်ဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအကြား ရေပန်းစားတဲ့မြို့ ဖြစ်သလို ကမ္ဘာပေါ်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး တိုးတက်မှု မြန်ဆန်တဲ့ မြို့တမြို့ ဖြစ်လာခဲ့ပါတယ်။

Euromonitor ရဲ့ အစီရင်ခံစာမှာ ဂျေရုဆလင်ရဲ့ ခရီးသွားလုပ်ငန်းက တနှစ်ထက် တနှစ် တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ အစ္စရေး ဗဟိုစာရင်းအင်း ဗျူရိုရဲ့ ထုတ်ပြန်ထားချက်အရ ဆိုရင်လည်း ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားပေါင်း ၄ ဒဿမ ၉ သန်း လာရောက်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံမှာ နောက်ထပ် နိုင်ငံတကာ ခရီးသွား အများဆုံး လာရောက် လည်ပတ်ကြတဲ့ မြို့ကတော့ တဲလ်အဗစ်မြို့ပါ။ ၂၀၁၈ ခုနှစ်အတွင်း တဲလ်အဗစ်မြို့ကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၂ ဒဿမ ၈ သန်းရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ၃ သန်းနီးပါးရှိခဲ့ပါတယ်။

တဆက်တည်း ဆိုသလို Euromonitor ကုမ္ပဏီက ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ ခရီးသွား အများ ဆုံး လာရောက် လည်ပတ်ခဲ့တဲ့ မြို့တွေရဲ့ စာရင်းကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း နိုင်ငံတကာခရီးသွား အများဆုံး လာရောက်ခဲ့တဲ့ မြို့ ၆ မြို့ကတော့

၁။ ဟောင်ကောင် (၂၆ ဒဿမ ၇ သန်း)

၂။ ဘန်ကောက် (၂၅ ဒဿမ ၈ သန်း)

၃။ မကာအို (၂၀ ဒဿမ ၆ သန်း)

၄။ စင်ကာပူ (၁၉ ဒဿမ ၈ သန်း)

၅။ လန်ဒန် (၁၉ ဒဿမ ၆ သန်း)

၆။ ပဲရစ် (၁၉ ဒဿမ ၁ သန်း) တို့ ဖြစ်ကြပါတယ်။

Euromonitor ရဲ့ အစီရင်ခံစာအရ အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံရဲ့ မြို့တော်တွေက ထိပ်ဆုံးနေရမှာရပ်တည်နေတာကို တွေ့ရပါတယ်။

Ref: en.globes

Did you find apk for android? You can find new Free Android Games and apps.
Loading