Travel

မြန်မာ - ဗီယက်နမ် ၂ နိုင်ငံ ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့် ရရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာ – ဗီယက်နမ် ၂ နိုင်ငံကြား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပြုမယ်လို့လည်း သိရပါတယ်။ သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဗီဇာ မလိုဘဲ ရက် ၃၀ အပြန်အလှန် သွားလာခွင့်ကို ၂ နိုင်ငံလက်မှတ် ရေးထိုးသွားဖို့ ရှိနေပါတယ်။

အရင်ကတော့ မြန်မာ – ဗီယက်နမ် ၂ နိုင်ငံက ပြည်သူတွေအနေနဲ့ ဗီဇာ မလိုဘဲ သွားလာခွင့်ကို ၂ ပတ်သာခွင့်ပြုထားခဲ့ပေမယ့် အခုဆိုရင်တော့ ရက် ၃၀ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံကို သွားရောက် လည်ပတ်ချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာ မလိုဘဲ ရက် ၃၀ သွားရောက်လည်ပတ်နိုင်ပါတော့မယ်။

မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနအနေနဲ့လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စမ်းသပ်ကာလ ၃ နှစ် သတ်မှတ်ပြီး သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ လေကြောင်းကနေ ဝင်ရောက်လာမယ့် သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နဲ့ နယူးဇီလန်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ဆိုက်ရောက်ဗီဇာအတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရက် ၃၀ နေထိုင်ခွင့်ပြုမယ်လို့ သိရပါတယ်။ အလည်အပတ် လာရောက်တဲ့ ခရီးသွား ဧည့်သည်တွေကိုသာ လက်ခံမှာဖြစ်သလို နေထိုင်ခွင့်သက်တမ်း တိုးပေးဖို့ လျှောက်ထားလာရင်လည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဘီလာရပ်စ်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုသွားမယ်လို့ ဗီယက်နမ် အမျိုးသားခရီးသွား လုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကိုတော့ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ အစိုးရ ပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဖော်ပြပါနိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေဟာ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားရုံနဲ့ ဗီယက်နမ်နိုင်ငံကို ၁၅ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ ဖော်ပြပါနိုင်ငံ ၈ နိုင်ငံကို ၂၀၁၅ ခုနှစ်ကတည်းက ဗီဇာကင်းလွတ်ခွင့် ပြုခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် ဗီဇာကင်းလွတ်ခွင့် သက်တမ်းကို ထပ်မံ တိုးမြင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ရုရှား၊ တောင်ကိုရီးယား နဲ့ ဂျပန်ခရီးသွားတွေဟာ ဗီယက်နမ်နိုင်ငံကို အဓိက လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ ဖြစ်သလို တရုတ် ခရီးသွားတွေကလည်း ဗီယက်နမ် ခရီးသွားဈေးကွက်မှာ အရေးပါတဲ့ ခရီးသွားဧည့်သည်တွေအဖြစ် ရပ်တည်နေပါတယ်။

Ref: thestar, mip.gov

You may also like these stories:

ဒီဇင်ဘာလအတွင်း ခရီးထွက်လို့ ကောင်းတဲ့ အာရှက ဒေသများ

ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား

၂၀၁၉ ခုနှစ်အတွင်း ခရီးသွား ၁၈ သန်းကျော် လာရောက်ဖို့ ဗီယက်နမ်နိုင်ငံ မျှော်လင့်

Did you find apk for android? You can find new Free Android Games and apps.
Loading