• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ ဗီယက်နမ်နိုင်ငံက မြို့များ

by ညီညီသူ
23 December 2019
in Travel
A A
ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း ပြောင်းလဲ တိုးတက်နေပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကလည်း ပြောင်းလဲ တိုးတက်နေပါတယ်။

21.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန် – ဗီယက်နမ် စစ်ပွဲကို လူအတော်များများ သိကြပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အကြောင်းကိုတော့ သိပ်သတိမထားမိကြပါဘူး။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗီယက်နမ် ခရီးသွားလုပ်ငန်းကလည်း ပြောင်းလဲတိုးတက်လာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကာလတွေမှာဆိုရင်လည်း ကမ္ဘာလှည့်ခရီးသွားအများအပြား ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
157
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
606

ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်ကို ကြုံခဲ့ရဖူးသူ ပြင်သစ်ခရီးသွား Romuald Brosson က “ပြင်သစ်နိုင်ငံမှာတော့ ခရစ္စမတ်ဆိုတာ မိသားစုပြန်လည် ဆုံဆည်းခြင်းနဲ့ အိမ်တွင်းပါတီပွဲတွေ ကျင်းပလေ့ရှိတဲ့ အချိန်ပါ။ ဗီယက်နမ်နိုင်ငံမှာတော့ ခရစ္စမတ်ကာလမှာ ကလေးအများစုက ဆန်တာကလော့စ် ဝတ်စုံတွေ ဝတ်ဆင်ထားကြသလို ဈေးဝယ်စင်တာကြီးတွေမှာ ဈေးဝယ်နေတဲ့ လူအုပ်ကြီးတွေအပြင် ဘုရားရှိခိုးကျောင်းကို စုရုံးရောက်ရှိလာတဲ့ ဝတ်ပြုဆုတောင်းသူ လူအုပ်ကြီးကိုလည်း တွေ့နိုင်ပါသေးတယ်”လို့ တအံ့တသြ ပြောခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို အခုလို စည်စည်ကားကား ကျင်းပမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပေမယ့် တကယ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့အထင်နဲ့အမြင်က ကွာခြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်လည်ပတ်တဲ့ မြို့ ၁၀၀ စာရင်းမှာဆို ရင်လည်း ဟနွိုင်းမြို့၊ ဟိုချီမင်းမြို့နဲ့ ဒါနန်းမြို့တို့ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဟနွိုင်းမြို့ကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အရေအတွက်က ၄ ဒဿမ ၆ သန်း ရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ၅ ဒဿမ ၁ သန်း ရှိခဲ့ပါတယ်။

တချိန်က ဆိုင်ဂုံမြို့လို့ ခေါ်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဟိုချီမင်းမြို့တော်ကလည်း ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက် လည်ပတ်တဲ့ မြို့ ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဟိုချီမင်းမြို့တော်ဟာ “ဆိုင်ဂုံ” ဆိုတဲ့နာမည်နဲ့ ပြင်သစ်ကိုလိုနီ ကိုချင်ချိုင်းနားရဲ့ မြို့တော်ဖြစ်ခဲ့ဖူးပြီး ၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ တောင်ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်မှာတော့ ဆိုင်ဂုံအနီးမှာရှိတဲ့ ဂိုင်းဒင်းဒေသနဲ့ ပေါင်းစပ်ပြီး ဟိုချီမင်းမြို့လို့ နာမည်ပြောင်းခဲ့ကာ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့မြို့ ဖြစ်သလို ပြင်သစ်နိုင်ငံနဲ့လည်း အမြဲအဆက်အသွယ် ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဟိုချီမင်းမြို့တော်ကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ကမ္ဘာလှည့် ခရီးသွား အရေအတွက် ၇ ဒဿမ ၂ သန်းရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှာတော့ ၈ ဒဿမ ၂ သန်းအထိ ရှိလာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ ဖြစ်တဲ့ ဒါနန်းမြို့တော်ကလည်း ဗီယက်နမ်ခရီးသွားလုပ်ငန်း အတွက် အရေးပါတဲ့ မြို့တမြို့ပါ။ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ ရွှေတံတားကလည်း ဒါနန်းမြို့အနီးမှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဒါနန်းမြို့ကို လာရောက်ခဲ့တဲ့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် အရေအတွက်က ၂ ဒဿမ ၅ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၂ ဒဿမ ၈ သန်း ရှိခဲ့ပါတယ်။

နောက်ပိုင်းကာလတွေမှာ ဆိုရင်တော့ ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် အရေအတွက် ပိုပြီး များပြားလာနိုင်ပါတယ်။

Ref: e.vnexpress

You may also like these stories:

ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ ထိုင်း- ဗီယက်နမ်တိုက်ရိုက် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း

လူကြိုက်အများဆုံး မြို့ ၁၀၀ စာရင်းမှာ အဆင့် ၇ နေရာက ရပ်တည်ခဲ့တဲ့ ဒူဘိုင်း

တနှစ်ထက် တနှစ် ပိုတိုးတက်လာတဲ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းဗီယက်နမ်နိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

by ဧရာဝတီ
24 August 2023
3.6k

"ကျနော့်ကလေးက ရဲကိုမတိုင်နဲ့၊ တိုင်ရင် သူတို့ ဒုက္ခရောက်မယ်လို့ ပြောတယ်"

Next Post
မြန်မာ့တပ်မတော်(ရေ)၏ အသစ်ဝယ်ယူထားသည့် ရုရှားလုပ် ကီလို အမျိုး အစား ရေငုပ်သင်္ဘော(News Asia)

မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော တပ်တော်ဝင်ရန် ရှိ

အောင်သပြေရွာသားများ ရုံးထုတ်စဉ်  / ဇော်ဇော် / ဧရာဝတီ

အောင်သပြေဖြစ်စဉ်မှ တရားရှင်လွတ်မြောက်လာသူက စက်ရုံမန်နေဂျာကို တရားပြန်စွဲမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate