Travel

ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံများနဲ့ အကောင်းဆုံး နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ဥရောပတိုက်ကို နိုင်ငံပေါင်း ၄၄ နိုင်ငံနဲ့ဖွဲ့စည်းထားပြီး တိုက်ကြီး ၇ တိုက်မှာ ဒုတိယမြောက် အသေးဆုံးတိုက်လည်း ဖြစ်ပါတယ်။ ဥရောပတိုက်မှာဆိုရင် လူဦးရေအားဖြင့်သော်လည်းကောင်း၊ အကျယ်အဝန်းအားဖြင့်သော်လည်းကောင်း အကြီးဆုံးနိုင်ငံက ရုရှားနိုင်ငံဖြစ်ပြီး အငယ်ဆုံးကတော့ ဗာတီကန်စီးတီးပါ။ ဥရောပတိုက်မှာ နေထိုင်သူ လူဦးရေက ကမ္ဘာ့လူဦးရေ စုစုပေါင်း ရဲ့ ၁၁ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

အမေရိကန် ခရီးသွားဝက်ဘ်ဆိုက်တခုက ဥရောပတိုက်မှာရှိတဲ့ နိုင်ငံအလိုက် အဆင့်ရပ်တည်နေနိုင်မှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ အချက်ကတော့ ဥရောပရဲ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံက အဆင့် ၄၀ နေရာမှာ ရပ်တည်နေပြီး ဥရောပတိုက်မှာ အညံ့ဆုံးစာရင်းဝင် နိုင်ငံဖြစ်နေတဲ့ အချက်ပါပဲ။ နိုင်ငံပေါင်း ၄၄ နိုင်ငံ ရှိရာမှာ ဗြိတိန်က အဆင့် ၄၀ ရှိနေတဲ့အတွက် သူ့အောက်မှာ ၄ နိုင်ငံသာ ကျန်ပါတော့တယ်။

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပတိုက်ရဲ့ အညံ့ဆုံးစာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်သွားရတဲ့ အကြောင်းကတော့ အစားအသောက်နဲ့ ရာသီဥတုကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အစားအသောက်တွေက ခရီးသွားအများစုအတွက် ဆွဲဆောင်မှု မရှိသလို ရာသီဥတုကလည်း ဆိုးရွားတဲ့ အနေအထားမှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဆင့် ၄၄ နေရာမှာရှိနေတာကတော့ ဗာတီကန်စီးတီးပါ။ အီတလီနိုင်ငံမှာရှိတဲ့ ဗာတီကန်စီးတီးကို အမေရိကန်ခရီးသွားဝက်ဘ်ဆိုက်က သီးခြားနိုင်ငံတနိုင်ငံအဖြစ် ထည့်သွင်း ရေတွက်ထားတာကို တွေ့ရပါတယ်။ ဗာတီကန်စီးတီးကို ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံစာရင်းမှာ သွင်းထားရတဲ့အကြောင်းကတော့ ခရီးသွားဧည့်သည် ထူထပ်လွန်းတဲ့အတွက်ကြောင့်ပါ။

၂၁ ရာစုရောက်ပြီးတဲ့နောက်ပိုင်း ဗာတီကန်စီးတီးအနေနဲ့ Over Tourism ဒဏ်ကို အကြီးအကျယ်ခံနေရပါတယ်။ ဗာတီကန်စီးတီး တဝိုက်မှာဆိုရင်လည်း ချွေးတလုံးလုံးနဲ့ လည်ပတ်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွား အများအပြားကို တွေ့နိုင်ပါတယ်။ လိုအပ်တာထက် ပိုတဲ့ လူစုလူဝေးကြီးတွေကလည်း ဒေသခံတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ဗာတီကန်စီးတီးဟာ ဥရောပတိုက်ရဲ့ အညံ့ဆုံးစာရင်းမှာ ပါဝင်ခဲ့ရပါတယ်။

ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံ ၅ နိုင်ငံကိုလည်း ဖော်ပြပေးချင်ပါသေးတယ်။ အဲဒီနိုင်ငံတွေကတော့

(၁) ဗြိတိန်နိုင်ငံ

(၂) မိုနာကိုနိုင်ငံ

(၃) ဘီလာရုစ်နိုင်ငံ

(၄) ရုရှားနိုင်ငံ

(၅) ဗာတီကန်စီးတီးတို့ ဖြစ်ပါတယ်။

ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံတွေဖော်ပြပြီးသွားတဲ့နောက် အကောင်းဆုံးနိုင်ငံတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

ဥရောပတိုက်မှာ အကောင်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးကရပ်တည်နေတဲ့နိုင်ငံကတော့ ဒိန်းမတ်နိုင်ငံ ဖြစ်ကြောင်း အမေရိကန် ခရီးသွားဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အခုလို ထိပ်ဆုံးက ရပ်တည်နေရတဲ့အကြောင်းကတော့ ဒိန်းမတ်နိုင်ငံသားတွေဟာ တခြား ဥရောပနိုင်ငံသားတွေထက် လူနေမှု အဆင့်အတန်းမြင့်မားတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဥရောပတိုက်မှာ အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ နိုင်ငံ ၅ နိုင်ငံကတော့

(၁) ဒိန်းမတ်နိုင်ငံ

(၂) ပေါ်တူဂီနိုင်ငံ

(၃) ဂရိနိုင်ငံ

(၄) စပိန်နိုင်ငံနဲ့

(၅) ပိုလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။

Ref:thesun.co.uk

You may also like these stories:

ဥရောပမှာ လူနေအထူထပ်ဆုံး စာရင်းဝင် မော်စကိုမြို့

ဥရောပတလွှား လူကြိုက်များတဲ့ ခရစ္စမတ် ဈေးပွဲတော်များ

Did you find apk for android? You can find new Free Android Games and apps.
Loading