မကြာခင်ရောက်လာတော့မယ့် နှစ်သစ်ကူးညအတွက် နိုင်ငံတိုင်းလိုလိုမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြ ပါတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားကျင်းပနိုင် ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ နိုင်ငံတကာခရီးသွားအများစုကလည်း နှစ်သစ်ကူး ပွဲတော်ကိုဆင်နွှဲဖို့ ထိုင်းနိုင်ငံကို ကြိုတင်ရောက်ရှိနေကြပါတယ်။
ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရဆိုရင်တော့ ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေ နှစ်သစ်ကူး အကြိုရုံးပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Anon Lueangboribon ကလည်း စနေ ၊ တနင်္ဂနွေ ၂ ရက်တာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၇၄ မှုဖြစ်ပွားခဲ့သလို လူ ၁၀၉ ယောက်သေဆုံးခဲ့ရပြီး ၉၉၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
သယ်ယူပို့ဆောင်ဆောင်ရေးကုမ္ပဏီတွေကလည်း ခရစ္စမတ်ပွဲတော်ကာလအပြီး ဘန်ကောက်မြို့မှာ မှာနေထိုင်တဲ့ လူဦးရေအနက်က လူပေါင်း ၅ သိန်းကျော်ကျော်ဟာ နှစ်သစ်ကူးပွဲတော်ကိုဆင်နွှဲဖို့ ဘန်ကောက်မြို့ကနေ မော်တော်ယာဉ်တွေနဲ့ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
ဘန်ကောက် မြို့နည်းတူ ထိုင်းနိုင်ငံကလူပေါင်းများစွာလည်း ကိုယ့်နေရပ်ဒေသကိုစွန့်ခွာပြီး အားလပ်ရက် ခရီးရှည် ထွက်ခဲ့ကြပါတယ်။ အဓိကကတော့ ဒီဇင်ဘာ ၃၁ ရက်ညမှာကျရောက်မယ့် နှစ်သစ်ကူးပွဲ တော်ကိုဆင်နွှဲဖို့အတွက်ပါ။ ဒါကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေအပြင် ယာဉ်မတော်တဆမှုတွေဖြစ်ပွားခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ် မတော်တဆမှုပမာဏဟာ ၂၀၁၈ ခုနှစ်ထက်စာရင် ပိုမိုနည်းပါးခဲ့တယ်လို့သိရပြီး ယာဉ်ကြောပိတ် ဆို့မှုကလည်း မနှစ်ကထက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းတွေထဲမှာ အဓိကကျတဲ့အချက်ကတော့ အရက်သောက်ပြီး ယာဉ်မောင်းနှင်မှု ကြောင့်ဖြစ်ရတယ်လို့ ဆိုပါတယ်။ နှစ်သစ်ကူးပွဲတော်ပိုနီးလာတာနဲ့အမျှ ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှု ပမာဏ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့်လည်း နှစ်သစ်ကူးပွဲတော်ဆင်နွှဲမယ့် သူတွေအနေနဲ့ အန္တရာယ်ကင်းကင်း လည်ပတ်နိုင်ဖို့ အရေးကြီးပါတယ်။
Ref:bangkokpost
You may also like these stories:
“Friday 13” မှာ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတဝှမ်းက ဆိုးဆိုးရွားရွား ဖြစ်ရပ်များ
ထိုင်းနိုင်ငံက ထမ့်လုံလှိုဏ်ဂူကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုမို လည်ပတ်လာကြ