ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နာမည်ကြီး ဂေးအနှိပ်ခန်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနက ဝင်ရောက်ရှာဖွေရာမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ၁၁ ယောက် ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းရိုးရာ မာဆတ်လုပ်ငန်းဟာ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားတဲ့လုပ်ငန်းဖြစ်သလို ယောက်ျား အချင်းချင်း ဝန်ဆောင်မှုပေးတဲ့ မာဆတ်တွေလည်း အများအပြားရှိနေပြီး ယောက်ျားပြည့်တန်ဆာတွေ လည်း ရှိပါသေးတယ်။
အခုဝင်ရောက်ဖမ်းဆီးခဲ့တဲ့ VCIUB7 အမည်ရှိတဲ့ ဂေးအနှိပ်ခန်းမှာဆိုရင်လည်း လာရောက်တဲ့ ဖောက်သည်တွေကို နှိပ်ပေးရုံသာမက လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကိုပါ ပေးနေတယ်လို့ သတင်းရရှိတဲ့အတွက် ဝင်ရောက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ထိုင်းနိုင်ငံသား အများစုပါဝင်သလို တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ၁၁ဦး ပါဝင်ပါတယ်။ အဆိုပါ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၁၁ ယောက်မှာ မြန်မာနိုင်ငံသား ၄ ယောက်၊ လာအိုနိုင်ငံသား ၄ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၂ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ပါဝင်ပါတယ်။
သူတို့ ၁၁ ယောက်ကိုတော့ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ကန့်သတ် လုပ်ငန်းအမျိုးအစားလုပ်ကိုင်မှု စတာတွေနဲ့ တရားစွဲအရေးယူသွားမယ်လို့ သိရပါတယ်။
ဖမ်းဆီးမိတဲ့ ဂေးလုပ်သားတွေအနက်က ဗီယက်နမ်နိုင်ငံသားဖြစ်သူ ဘော်ဘီက သူ့အနေနဲ့ ဝန်ဆောင်ခအဖြစ် တနာရီကို ဘတ် ၅၀၀၀ ရရှိပြီး ဘတ် ၁၅၀၀ ကိုတော့ ဂေးအနှိပ်ခန်းကလပ်ကို ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့မှာတော့ ဂေးအနှိပ်ခန်းတွေက ဝင်ငွေကောင်းတဲ့လုပ်ငန်းဖြစ်တာကြောင့် ဘော်ဘီ အနေနဲ့ တရက်ကို ဘတ် ၅ သောင်းလောက်ဝင်ငွေရရှိတယ်လို့ သိရပါတယ်။ ဖောက်သည်အများစု ကတော့ နိုင်ငံခြားခရီးသွားတွေ ဖြစ်ကြပြီး တကြိမ်ဝန်ဆောင်ခအတွက် ဘတ် ၂၅၀၀ ကနေ ၆၅၀၀ အထိ အသီးသီးရှိတယ်လို့ ဆိုပါတယ်။
Ref:forum.thaivisa
You may also like these stories:
ဒေသတွင်း မူးယစ်ဂိုဏ်းကြီးနှင့် ဆက်နွယ်နေသူများ ထိုင်းရဲ ဆက်လက်ဖမ်းဆီး
နှစ်သစ်ကူးပွဲတော်မရောက်ခင် ယာဉ်မတော်တဆမှုတွေကြောင့် ထိုင်းနိုင်ငံမှာ လူ၁၀၀ကျော် သေဆုံး