Travel

နှစ်သစ်ကူးညကို အကောင်းဆုံး ဖြတ်သန်းနိုင်မယ့် အရှေ့တောင်အာရှ ဒေသများ

Want create site? Find Free WordPress Themes and plugins.

လူအများစုအနေနဲ့ ဒီဇင်ဘာလကို နှစ်သက်ကြတဲ့ အကြောင်းများစွာအနက် အဓိကကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကြောင့်ပါ။ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံအလိုက် သီးခြား သတ်မှတ်ချက်တွေ ရှိတတ်ကြပါတယ်။ ဥပမာအနေနဲ့ ဆိုရရင်တော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော်ဟာ မြန်မာ့နှစ်သစ်ကူး ပွဲတော်ပါ။

နိုင်ငံတကာအနေနဲ့ဆိုရင်တော့ ဒီဇင်ဘာ ၃၁ ရက်ကို နှစ်သစ်ကူးပွဲတော်အဖြစ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ခရီးသွားတွေအနေနဲ့ဆိုရင်လည်း စိတ်လှုပ်ရှားစရာ ပိုကောင်းတဲ့ နှစ်သစ်ကူးပွဲတော်ရှိရာ အရပ်ဒေသတွေဆီ ခရီးထွက်လေ့ ရှိကြပါတယ်။ အချို့က ပြည်တွင်းဒေသတွေကို ခရီးထွက်လေ့ ရှိကြပေမယ့် အချို့ကတော့ နိုင်ငံရပ်ခြားဒေသတွေမှာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။

နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အနေနဲ့ဆိုရင်လည်း အရှေ့တောင်အာရှ ဒေသတွေကို နှစ်သစ်ကူးပွဲတော်ဆင်နွှဲဖို့ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ခရီးသွားတွေအနေနဲ့ နှစ်သစ်ကူးအချိန်မှာ အဓိကလာရောက် လည်ပတ်လေ့ရှိတဲ့ အရှေ့တောင်အာရှက ဒေသတချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ဘန်ကောက်မြို့


အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်းအကြောင်း ပြောမယ်ဆိုရင် ထိုင်းနိုင်ငံက မပါမဖြစ်ပါ။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ ခရီးသွားဈေးကွက်ကို ဦးဆောင်နေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘန်ကောက်မြို့ဟာ နိုင်ငံတကာခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ မြို့ဖြစ်သလို နှစ်သစ်ကူးပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပလေ့ ရှိပါတယ်။

ဘန်ကောက်မြို့အနေနဲ့ နှစ်သစ်ကူးပွဲတော်ကို ကျင်းပလာခဲ့တာ အခုမှ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဆိုသလို ဘန်ကောက်မြို့မှာ နှစ်သစ်ကူးပွဲတော်ကို ကြီးကျယ်သထက် ကြီးကျယ်အောင် ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာခရီးသွားတွေအနေနဲ့ နှစ်သစ်ကူးကာလမှာ ခရီးထွက်မယ်ဆို ဘန်ကောက်မြို့ကို ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။

(၂) ဟနွိုင်းမြို့


ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့ဟာ ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြီးဆုံး မြို့တော်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ခရီးသွားအများစု သဘောကျလေ့ရှိတဲ့ အပန်းဖြေစရာ နေရာအများစုလည်း ဟနွိုင်းမြို့တော်မှာ ရှိနေပါတယ်။ နှစ်သစ်ကူးအချိန် ရောက်လာပြီဆိုရင်တော့ ဟနွိုင်းမြို့အနှံ့မှာ DJ သံတွေနဲ့ နှစ်သစ်ကူးပါတီတွေကို တွေ့နိုင်ပါတယ်။

ခရီးသွားတွေ ပိုအကြိုက်တွေ့တာကတော့ ဗီယက်နမ်ရိုးရာ အစားအသောက်ပါ။ နှစ်သစ်ကူးအချိန် ရောက်လာပြီဆိုရင် အထူးစီမံ ချက်ပြုတ်ပေးထားတဲ့ ဗီယက်နမ်ရိုးရာ အစားအသောက် အမျိုးမျိုးကို စိတ်တိုင်းကျစားသောက်နိုင်တဲ့ အခွင့်အရေး ရှိနေတဲ့အတွက်ကြောင့် အစားအသောက် စိတ်ဝင်စားသူတွေအနေနဲ့ နှစ်သစ်ကူးအချိန်မှာ ဟနွိုင်းမြို့ကို သွားရောက် လည်ပတ်သင့်ပါတယ်။

(၃) ကွာလာလမ်ပူမြို့


မလေးရှား နိုင်ငံသားတွေအနေနဲ့ကတော့ နှစ်သစ်ကူးအချိန် ရောက်ရင် ကွာလာလမ်ပူကို ဈေးဝယ် ထွက်လေ့ ရှိကြပါတယ်။ အားလပ်ရက်ဖြစ်တဲ့ အတွက်ကြောင့်လည်း ဒေသခံတွေ အပါအဝင် နိုင်ငံတကာ ခရီးသွား စုစုပေါင်း သန်းချီပြီး ကွာလာလမ်ပူမြို့ကို လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတကာမှာ စည်စည်ကားကား ကျင်းပလေ့ရှိသလို ကွာလာလမ်ပူမှာလည်း စည်စည်ကားကား ကျင်းပလေ့ ရှိပါတယ်။

စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေကလည်း အရသာရှိတဲ့ အစားအသောက်တွေကို သူ့ထက်ငါ အလုအယက် ရောင်းချနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ တနည်းဆိုရမယ်ဆိုရင် နှစ်သစ်ကူးပွဲတော်ဆိုတာ စီးပွားရေး ပွဲတော်တခုလည်း ဖြစ်နေပါသေးတယ်။ ဒီအချိန်ဟာ လူတွေအနေနဲ့ ပိုက်ဆံအများဆုံး သုံးလေ့ရှိတဲ့ အချိန်ဆိုလည်း မမှားပါဘူး။

(၄) ဘာလီကျွန်း


ဘာလီကျွန်းအလှက အထူး စာဖွဲ့ပြနေစရာ မလိုပါဘူး။ ဘာလီကျွန်းကတော့ နှစ်သစ်ကူးပွဲတော် အချိန်မှာသာ လူစည်ကားလေ့ရှိတဲ့ ဒေသမျိုး မဟုတ်ဘဲ အချိန်မရွေး လူစည်ကားလေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ နှစ်သစ်ကူးအချိန်ဆိုရင် ဘာလီကျွန်းက ကမ်းခြေတွေဟာ မီးရောင်စုံအောက်မှာ ပိုမိုလှပနေတတ်သလို ဟိုတယ်တွေကလည်း ကိုယ်ပိုင်စတိုင် အမျိုးမျိုးနဲ့ အလှဆင်ထားတာကို တွေ့ရနိုင်ပါတယ်။

နှစ်သစ်ကူးချိန် ရောက်လာရင် ဘာလီကျွန်းက နိုင်ငံတကာ ခရီးသွားတွေအကြား ရေပန်းစားတဲ့ ဒေသဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း မိသားစုအလိုက် ဘာလီကျွန်းကို ခရီးထွက်လေ့ ရှိကြပါတယ်။

Ref: newyearseveasia

You may also like these stories:

၂၀၂၀ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်မယ့် အရာများ

ခရစ္စမတ်နဲ့ နှစ်ကူးကာလအတွင်း အကြမ်းဖက်မှုတွေ သတိထားဖို့ အီတလီနိုင်ငံ ထုတ်ပြန်

ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ကမ္ဘာမြေနေ့

Did you find apk for android? You can find new Free Android Games and apps.
Loading