• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

National Geographic မဂ္ဂဇင်းက ရွေးပေးတဲ့ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ခရီးစဉ်များ

by Aurora
1 January 2020
in Travel
A A
၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ခရီးစဉ်များကို National Geographic မဂ္ဂဇင်းက ရွေးပေးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ခရီးစဉ်များကို National Geographic မဂ္ဂဇင်းက ရွေးပေးခဲ့ပါတယ်။

12.2k
VIEWS
Share on FacebookShare on Twitter

National Geographic မဂ္ဂဇင်းကြီးကတော့ ၂၀၂၀ ပြည့်နှစ်မှာ သွားသင့်တဲ့ အကောင်းဆုံး ခရီးစဉ်တွေကို ညွှန်းဆိုပေးလိုက်ပါပြီ။ ပင်လယ်ဖျံတွေကို ကြည့်နိုင်မယ့် အကောင်းဆုံးနေရာ Quebec ကိုပဲ သွားမလား၊ ဟန်ဂေရီနိုင်ငံမှာ တောင်သွားတက်ကြမလား၊ ရဲရဲဝံ့ဝံ့နဲ့ တရုတ်နိုင်ငံ၊ Guizhou က ကမ္ဘာ့အရှည်ဆုံး တံတားကိုပဲ ဖြတ်ကျော်ကြမလား စတဲ့ ခရီးစဉ်တွေကို ဖော်ပြခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အရင်ကနဲ့မတူ အသစ်သစ်တွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် သွားရောက် လည်ပတ်သင့်တဲ့ နေရာ ၂၅ နေရာကို အကြုံပြုထားပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
919
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
364
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
453

“နှစ်တနှစ်ကုန်ခါနီးတိုင်းမှာ Best Trips ဆိုပြီး နှစ်သစ်မှာ ဘယ်တွေသွားမလဲ၊ ဘာတွေလုပ်မလဲ၊ ကမ္ဘာကြီးကို အမြင်သစ်နဲ့ မြင်ကြည့်ဖို့အတွက် အကောင်ဆုံးခရီးစဉ် တွေကို ရွေးထုတ်ပေးလေ့ရှိပါတယ်” လို့ National Geographic ရဲ့ Executive Editor ဂျော့စတုန်းက ဆိုပါတယ်။

 

“ဒီလို ချပြနိုင်ဖို့အတွက် ကမ္ဘာတဝှမ်းမှာရှိတဲ့ National Geographic က အယ်ဒီတာတွေနဲ့ ဓာတ်ပုံဆရာတွေ၊ စာရေးသူတွေ၊ Explorer တွေ၊ စိတ်အားထက်သန်တဲ့ ခရီးသွားတွေဆီက အချက်အလက်တွေကို စုစည်းပြီး နောက်တနှစ်အတွက် စုစည်းပေးတာပါ”လို့ သူက ဆိုပါတယ်။

ခရီးစဉ်တွေကို ယဉ်ကျေးမှု၊ မြို့ပြ၊ သဘာဝနဲ့ စွန့်စားသွားလာရတဲ့ ခရီးစဉ်တွေဆိုပြီး ၄ မျိုးခွဲခြားပေးထားပါတယ်။ နောက်နှစ်အတွက် အစားချစ်သူတွေဆိုရင် သြစတြီးယား၊ စပိန်နဲ့ အာဂျင်တီးနားနိုင်ငံက ဝိုင်ထုတ် လုပ်မှုရဲ့ ၃ ပုံ ၂ ပုံရှိတဲ့ မန်ဒိုဇာဒေသတွေကို သွားရောက် လည်ပတ်သင့်ပါတယ်။ သမိုင်းကြောင်းတွေ စိတ် ဝင်စားတယ်ဆိုရင်တော့ တူရကီ၊ ဂွာတီမာလာနဲ့ အီဂျစ်နိုင်တွေက အကောင်းဆုံး ရွေးချယ်စရာပါ။

နောက်ထပ် ညွှန်းဆိုပေးထားတာကတော့ မက္ကဆီကိုစီးတီး ရောက်ရင် ကျော်မသွားသင့်တဲ့ နေရာကတော့ မြို့တော်ကနေ ၂ နာရီကြာသွားရမယ့် Puebla ဒေသ ဆီကိုပါ။ ကိုလိုနီလက်ရာ ဘာသာရေးအဆောက်အဦပေါင်း ၃၆၅ ခုကို လေ့လာနိုင်ပါတယ်။

ဥရောပတိုက်မှာ လည်ပတ်စရာအကောင်းဆုံးနေရာတွေကတော့ ချက်သမ္မတနိုင်ငံ၊ အီတလီနဲ့ စပိန်နိုင်ငံတွေမှာ ယဉ်ကျေးမှုလက်ရာ အဆောက်အဦတွေရှိသလို အစားအသောက်ကောင်းတွေလည်း မြည်းစမ်းနိုင်မယ့်အပြင် ဝိုင်အကောင်းစားတွေထွက်ရာ ဒေသတွေလည်း ရှိနေပါတယ်။

သဘာဝနဲ့အနီးစပ်ဆုံး ခံစားချင်ရင်တော့ ပင်လယ်ဖျံတွေ ရှိမယ့် Quebec ၊ မော်လဒိုက်ကမ်းခြေ၊ ပိုလန်နိုင်ငံက အကြီးဆုံးသစ်တောကြီးရှိရာ Bialowieza သစ်တောနဲ့ စပိန်နိုင်ငံက ကန်နရီကျွန်းတွေကတော့ အကောင်းဆုံး နိဗ္ဗာန်ဘုံတွေပါပဲ။

စွန့်စားခရီးတွေကိုမှ သဘောကျတယ်ဆိုရင်တော့ ဝေလနိုင်ငံက ကျောက်ဆောင်ကမ်းပါးတွေမှာရှိတဲ့ ရဲတိုက်ကြီးတွေ၊ ဂျပန်နိုင်ငံက Tohoku ဒေသ၊ ရုရှားက လူသူအရောက်အပေါက် နည်းတဲ့ နှင်းတောင်တွေ ရှိရာ Kamchatka ကျွန်းဆွယ်တွေက ၂၀၂၀ ပြည့်နှစ်အတွက် National Geographic က ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ခရီးစဉ်တွေမှာ ပါဝင်ပါတယ်။

Ref: edition.cnn

Your Thoughts …
Tags: ၂၀၂၀National Geographicခရီးစဉ်များ
Aurora

Aurora

Contributor

Similar Picks:

/ ဧရာဝတီ

၂၀၂၀ အတွက် သူတို့၏ နှစ်သစ်ကူး ဆုတောင်း စကားများ

by ဧရာဝတီ
1 January 2020
11.5k

ငြိမ်းချမ်းပါစေ၊ သာယာပါစေဆိုပြီး ခေါင်းစဉ်တွေနဲ့ တရားတွေလည်း ဟောခဲ့ပေမယ့် ဘာမှဖြစ်မလာပါ ဘူး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပက်သက်လို့လည်း လက်ရှိအစိုးရကို ပြောခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါ ဘူး၊ သူတို့လည်းပဲ ရုန်းနေရတာ သနားစရာတော့ ကောင်းပါတယ်။

၁၉၂၀ ခုနှစ်မှာ ရေပန်းစားခဲ့တဲ့ အဝါရောင်တက္ကစီကား

၂၀၂၀ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်မယ့် အရာများ

by ရေဗန်
31 December 2019
4.8k

အမေရိကန်နိုင်ငံရဲ့ တရားဝင် အမျိုးသားအားကစားပြိုင်ပွဲဖြစ်တဲ့ NFL (The National Football League) ပွဲစဉ်တွေဟာလည်း ၂၀၂၀ ခုနှစ်မှာ ရာသီ ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။

၂၀၂၀ နှစ်သစ်ကို ကြိုဆိုခဲ့တဲ့ New Year ည  / ဧရာဝတီ

TV နဲ့ အွန်လိုင်းပေါ်မှတဆင့် ကြည့်ရှုခံစားနိုင်မယ့် New Year ဖျော်ဖြေပွဲများ

by ယုဖြူဟန်
29 December 2020
2.9k

မကြာခင်မှာ ကျရောက်မယ့် နှစ်သစ်ကူးနေ့အတွက် အွန်လိုင်း ၊ TV များမှ ကြည့်ရှုနိုင်မယ့် ဖျော်ဖြေပွဲများအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၂၀၂၀ အတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၂၀ ကိုဗစ်ကာလအတွင်း ရွှေလက်တွဲခဲ့ကြတဲ့ အနုပညာရှင်များ

by ယုဖြူဟန်
31 December 2020
18.1k

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ နှစ်ဦးကတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နှစ်ဖက်မိဘများရှေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်မြို့သည် မြန်မာ့စီးပွားရေး၏ အချက်အချာ ဖြစ်ဆဲပင် / ထက်ဝေ / ဧရာဝတီ

တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း

by နန်းလွင်
28 December 2020
4.9k

၂၀၂၀ စီးပွားရေးကို မြန်မာအစိုးရက ဘယ်လိုပဲ့ကိုင်မောင်းနှင်ခဲ့သလဲ ဧရာဝတီက ပြန်လည် အနီးကပ် ကြည့်ရှုထားပါတယ်။

ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ တရုတ်ခရီးသွားများ  /  Bangkok Post

၂၀၂၀ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ် ခရီးသွားပေါင်း သန်း ၄၅၀ ရှိလာနိုင်

by ညီညီသူ
8 January 2020
31.1k

Thepaper.cn ရဲ့ ခန့်မှန်းချက်အရ တရုတ်ခရီးသွားတွေ အဓိက လည်ပတ်ကြမယ့် နေရာကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ဂျပန်နိုင်ငံက အိုဆာကာ၊ တိုကျိုမြို့တို့ ဖြစ်ကြပါတယ်။

Next Post
ပြန်လွတ်လာပြီဖြစ်သည့် ဝန်ထမ်းများ  / AA ပြန်ကြားရေးဌာန

အောင်တံခွန် သင်္ဘောပေါ်မှ ဖမ်းဆီးသွားသည့် ဝန်ထမ်း ၁၆ ဦးကို AA ပြန်လွတ်ပေး

နှစ်သစ်ကူးဆုတောင်း ပေးခဲ့သည့် ဒေါက်တာဇော်မြင့်မောင်  / ဇော်ဇော် / ဧရာဝတီ

နှစ်သစ်ကူးပွဲမှာ လူထုရှေ့ပြန်ပေါ်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.7k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate