၂၀၁၉ ခုနှစ် ကုန်ဆုံးသွားတာနဲ့ နိုင်ငံတကာ ခရီးသွားတွေအကြား ရေပန်းအစားဆုံး မြို့တွေရဲ့ စာရင်းကိုထုတ်ပြန် ကြေညာခဲ့ပါတယ်။ အခုထုတ်ပြန်ပေးခဲ့တဲ့ ကြေညာချက်ဟာ မြို့ပေါင်း ၄၀၀ ကို စာရင်း ပြုစုပြီး ရေပန်းအစားဆုံး မြို့ ၁၀၀ ရဲ့စာရင်းကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားတွေကြား ရေပန်းအစားဆုံးမြို့ ၁၀၀ ရဲ့ စာရင်းမှာ အာရှတိုက်ရဲ့ မြို့ပေါင်း ၄၀ ကျော် ပါဝင်ခဲ့ပါတယ်။ အာရှတိုက်မှာ ရေပန်းအစားဆုံး မြို့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာကတော့ ဟောင်ကောင်မြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဒေလီမြို့ကလည်း ပထမဆုံးအကြိမ် စာရင်းထဲမှာ ပါဝင်လာပါတယ်။
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားတွေအကြား ရေပန်းအစားဆုံး မြို့တွေကတော့
(၁) ဟောင်ကောင်
၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်မှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ရှိခဲ့ပေမယ့် ရေပန်းအစားဆုံး မြို့စာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်ကို နိုင်ငံတကာ ခရီးသွားပေါင်း ၂၆ ဒဿမ ၇ သန်းကျော် လာရောက် လည်ပတ်ခဲ့ပါတယ်။
(၂) ဘန်ကောက်
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားတွေအကြား ရေပန်းအစားဆုံး မြို့ ၁၀၀ ရဲ့ စာရင်းမှာ ဘန်ကောက်မြို့က ဒုတိယနေရာမှာရှိနေပြီး ခရီးသွားပေါင်း ၂၅ ဒဿမ ၈ သန်း လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘန်ကောက်မြို့ဟာ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဇိမ်ခံဟိုတယ်တွေ ပေါများသလို အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ လမ်းဘေး စားသောက်ဆိုင်တွေလည်း ပေါများတဲ့ မြို့တမြို့ ဖြစ်ပါတယ်။
(၃) မကာအို
တတိယနေရာမှာ ရပ်တည်နေတာကတော့ မကာအိုမြို့ဖြစ်ပြီး နိုင်ငံတကာခရီးသွားပေါင်း ၂၀ ဒဿမ ၆ သန်း လာရောက် လည်ပတ်ခဲ့ပါတယ်။ မကာအိုမြို့ဟာ သေးငယ်တဲ့ မြို့လေးတမြို့ ဖြစ်ပေမယ့် အေးအေးဆေးဆေးအနားယူ အပန်းဖြေနိုင်တဲ့ နေရာတွေ ပေါများသလို ဆိတ်ငြိမ်တဲ့ဘုရားရှိခိုးကျောင်းတွေမှာ ဘုရားဝတ်ပြုရင်း နေနိုင်ပါသေးတယ်။
(၄) စင်ကာပူ
စတုတ္ထနေရာမှာ ရှိနေတာက စင်ကာပူဖြစ်ပြီး နိုင်ငံတကာ ခရီးသွားပေါင်း ၁၉ ဒဿမ ၈ သန်း လာရောက်လည်ပတ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ စာရင်းကို ကြည့်မယ်ဆိုရင် နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အာရှဒေသကို ပိုမိုစိတ်ဝင်စားလာကြောင်း တွေ့ရပါတယ်။
(၅) လန်ဒန်
အာရှဒေသတွေအပြီးမှာတော့ ဥရောပတိုက်ရဲ့ လန်ဒန်မြို့က အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လန်ဒန်မြို့ကို နိုင်ငံတကာ ခရီးသွားပေါင်း ၁၉ ဒဿမ ၆ သန်း လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဥရောပတိုက်မှာဆိုရင်တော့ လန်ဒန်မြို့ဟာ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်စွမ်း အရှိဆုံးမြို့အဖြစ် ရပ်တည်နေပါသေးတယ်။
(၆) ပဲရစ်
လန်ဒန်ပြီးရင် ဥရောပတိုက်မှာ ရေပန်းအစားဆုံးမြို့ကတော့ ပဲရစ်မြို့ ဖြစ်ပြီး ခရီးသွားပေါင်း ၁၉ ဒဿမ ၁ သန်း လာရောက်ခဲ့ပါတယ်။ ပဲရစ်မြို့ဟာ ဥရောပမှာ အလှဆုံးမြို့ ဖြစ်သလို Pre Wedding ဓာတ်ပုံ ရိုက်ကူးလို့ကောင်းတဲ့ မြို့လည်း ဖြစ်ပါတယ်။
(၇) ဒူဘိုင်း
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှာ ပါဝင်တဲ့ ဒူဘိုင်းမြို့ကလည်း ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားတွေအကြား ရေပန်းအစားဆုံးမြို့ ၁၀ မြို့စာရင်းမှာ ပါဝင်ခဲ့သလို ခရီးသွားပေါင်း ၁၆ ဒဿမ ၃ သန်း လာရောက် လည်ပတ်ခဲ့ပါတယ်။ အခုနောက်ပိုင်းကာလတွေမှာ ဒူဘိုင်းမြို့ကလည်း ခရီးသွားလုပ်ငန်း ပိုပြီးဖွံ့ဖြိုးလာအောင် ကြိုးစာနေတာ တွေ့ရပါတယ်။
(၈) ဒေလီ
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကတော့ ရေပန်းအစားဆုံး မြို့စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာနိုင်ခဲ့တာဖြစ်ပြီး ခရီးသွားပေါင်း ၁၅ ဒဿမ ၂ သန်း လာရောက် လည်ပတ်ခဲ့ပါတယ်။ ဒေလီမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးဗဟိုချက်ဖြစ်သလို ခေတ်ပြိုင် ယဉ်ကျေးမှုပေါင်းစုံ စီးဆင်းနေတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
Ref: timesofindia
You may also like these stories:
အာရှခရီးသွားတွေကြောင့် ပိုမို အောင်မြင်လာတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း
၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၁ ဒဿမ ၄၇ ထရီလီယံ ရရှိ
၂၀၂၀ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်မယ့် အရာများ