ပိတ်ရက်တွေကလည်းများ၊ ခရီးသွားရာသီလည်း ဖြစ်တာကြောင့် လူတော်တော်များများက ခရီးတွေထွက်ဖို့ ပြင်ဆင်နေကြပြီ ထင်ပါတယ်။ ခရီးသွားတဲ့အခါ နေရာဒေသနဲ့ ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေးပြဿနာ အသေးအဖွဲလေးတွေကနေ ကြီးကြီးမားမားထိ ဖြစ်နိုင်တာကြောင့် ခရီးတွေ ထွက်တဲ့အခါ မပါမဖြစ် ဆောင်သွားသင့်တဲ့ ဆေးအမျိုးအစားတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ခရီးသွားလာရင်းနဲ့ အအေးမိ နှာစေးတာ၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် အကိုက်အခဲပျောက်ဆေးလို ဆေးဝါးတွေနဲ့ နှာမွှန်နှာစေး ပျောက်ဆေးလို ဆေးဝါးတွေကို သယ်ဆောင်သွားသင့်ပါတယ်။
(၂) နေရာဒေသ အသစ်တခုကို ရောက်တဲ့အခါ ဒေသစာတွေကို မြည်းစမ်းကြည့်ရင်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာမျိုးတွေ ဗိုက်အောင့်၊ ဗိုက်နာတာမျိုးတွေ ဖြစ်နိုင်တာကြောင့် အစာကြေဆေးလို ဆေးဝါးတွေနဲ့ ဓာတ်ဆားထုပ်၊ လက်သန့်ဆေးရေလို တကိုယ်ရည်သုံး ပစ္စည်းလေးတွေကို မဖြစ်မနေ ယူသွားသင့်ပါတယ်။
(၃) တောင်တက်ခရီးလို၊ တောတွင်း လမ်းလျှောက်ခရီးလိုမျိုးတွေ သွားမယ့်သူဆိုရင်တော့ အသေးစား ထိခိုက်ဒဏ်ရာတွေ၊ ပွန်းပဲ့ခြစ်ရာတွေ မတော်တဆ ဖြစ်နိုင်တာကြောင့် အရက်ပြန်၊ ဂွမ်း၊ အနာကပ်ပလာစတာလိုမျိုးနဲ့ Betadine လို ဆေးဝါးမျိုးတွေကို မပါမဖြစ် ဆောင်သွားသင့်ပါတယ်။
(၄) နောက်ထပ် အရေးကြီးတာတခုကတော့ ကိုယ်သောက်နေကျ ဆေးဝါးတွေ ရှိမယ်ဆိုရင် ခရီးသွားတဲ့အခါလည်း မပြတ်စေဖို့ ခရီးသွားမယ့်ရက်ကို တွက်ပြီး ယူသွားသင့်ပါတယ်။ ဆေးဆိုင်ရှိတဲ့ ဘယ်နေရာမဆို ဝယ်လို့ရတဲ့ ဆေးအမျိုးအစားဆိုး ကိစ္စ မရှိပေမယ့် သောက်နေကျဖြစ်ပြီး ရှာရလည်း ခက်တဲ့ ဆေးမျိုးဆိုရင်တော့ သတိပြု သယ်ဆောင်သွားသင့်ပါတယ်။
(၅) ဆေးဝါးတွေအပြင် နောက်ထပ် မမေ့မလျော့ သယ်သွားသင့်တာကတော့ တကိုယ်ရည်သုံး သန့်ရှင်းရေး ပစ္စည်းလိုမျိုးတွေပါ။ လက်သန့်ဆေးရည်၊ အမျိုးသမီးတွေမှာဆိုရင် အမျိုးသမီးသုံး သန့်စင်ဆေးရည်လိုမျိုးတွေကို သယ်ယူသွားသင့်ပါတယ်။
Ref. matadornetwork.com