မကြာခင် ရောက်ရှိလာတော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်က ဇန်နဝါရီလ ၂၅ ရက်နေ့ဖြစ်ပြီး တရုတ် ရိုးရာပြက္ခဒိန်အရ ဆိုရင်တော့ ကြွက်နှစ် ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းခရီးသွား ပလက်ဖောင်းတခုဖြစ်တဲ့ Thepaper.cn ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားပေါင်း သန်း ၄၅၀ ရှိလာနိုင်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေး အခြေအနေက နှေးကွေးနေပေမယ့်လည်း နှစ်သစ်ကူးပွဲတော်ကာလအတွင်းမှာတော့ ခရီးသွားအများအပြား ရှိလာနိုင်ပါတယ်။
Thepaper.cn ရဲ့ ခန့်မှန်းချက်အရ တရုတ်ခရီးသွားတွေ အဓိက လည်ပတ်ကြမယ့် နေရာကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ဂျပန်နိုင်ငံက အိုဆာကာ၊ တိုကျိုမြို့တို့ ဖြစ်ကြပါတယ်။ တရုတ်ခရီးသွားတွေအနေနဲ့ အာရှဒေသတွေကို ခရီးအများဆုံးထွက်လေ့ရှိပြီး ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေကို အများဆုံး သွားရောက် လည်ပတ်လေ့ ရှိပါတယ်။
၂၀၁၉ ခုနှစ်မှာ ပြီးဆုံးသွားတဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း တရုတ်ပြည်မကြီးက ခရီးသွားပေါင်း ၄၁၅ သန်း ပြည်တွင်း ခရီးသွားခဲ့ကြပြီး၊ ၂၀၁၇ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၇ ဒဿမ ၆ ရာခိုင်နှုန်း တိုးလာကာ ဝင်ငွေ ယွမ် ၅၁၄ ဘီလီယံ ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်ပခရီးသွား သုတေသနဌာနရဲ့ ခန့်မှန်းချက်အရဆိုရင်လည်း ၂၀၂၀ ခုနှစ် တရုတ် နှစ်သစ်ကူးပွဲတော်ကာလအတွင်း ပြည်ပကို ပထမဆုံးအကြိမ် ခရီးသွားမယ့် တရုတ်ခရီးသွား အရေအတွက် ၇ သန်းကျော် ရှိလာနိုင်ပြီး ၂၀၁၉ ခုနှစ်ထက် ၆ ဒဿမ ၃ သန်း ပိုမိုများပြားလာမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၀၀ ခုနှစ်တုန်းက ပြည်ပနိုင်ငံတွေကို ခရီးသွားတဲ့ တရုတ်ခရီးသွား အရေအတွက်က ၁၀ ဒဿမ ၅ သန်းလောက်သာ ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ သန်း ၁၅၀ အထိ ရှိလာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ တရုတ်ခရီးသွားတွေအဓိက လည်ပတ်တာကတော့ ဘန်ကောက်မြို့ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ ဂျပန်နိုင်ငံကို ပိုမို လည်ပတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၁၉ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဟောင်ကောင်မြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ တရုတ်ပြည်မကြီးက ခရီးသွားအရေအတွက် ၁ ဒဿမ ၂ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ပိုမိုများပြားလာခဲ့ပါတယ်။
Ref: Bangkokpost
You may also like these stories:
နှစ်သစ်ကူးကာလအတွင်း ထိုင်းလူမျိုး ၂ သန်းနီးပါး ပြည်ပခရီး ထွက်ခဲ့ကြ
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအကြား ရေပန်းအစားဆုံးမြို့များ
သြစတြေးလျ တောမီးလောင်မှုအတွင်း တိရစ္ဆာန်ပေါင်း ၉သောင်းကျော် ကယ်တင်ခဲ့တဲ့ မိသားစု