Travel

ဂိမ်းဆော့ပြီး အချိန်ကုန်နေတဲ့သားကို ဖုန်းလိုင်းမမိတဲ့နေရာ ခရီးထွက်ဖို့ ခေါ်ခဲ့တဲ့ ဖခင်

ဆယ်ကျော်သက်တွေရဲ့ လက်ထဲမှာ ဖုန်းက တချိန်လုံးရှိနေပြီး မိသားစုဝင်အချင်းချင်း စကားပြောဖို့တောင် အချိန်မရှိတော့တာတွေကို မိသားစုတော်တော်များများမှာ ကြုံတွေ့ရမှာပါ။ ဒါကို အဖြေရှာသွားနိုင်တဲ့ ဖခင်တဦးရှိပါတယ်။ သူကတော့ စွန့်စားရေးသမား Jamie Clarke ပဲ ဖြစ်ပါတယ်။

သားဖြစ်သူ Khobe ဟာ ဖုန်းသုံးပြီး ဂိမ်းဆော့အချိန်ကုန်နေတာကို သတိထားမိတဲ့ Jamie ဟာ သူ့ရဲ့သားကို ခေါ်ပြီး မော်တော်ဆိုင်ကယ်စီးကာ မွန်ဂိုလီးယားကို သွားဖို့ စီစဉ်ခဲ့ပါတယ်။ ခရီးစဉ်ကိုတော့ စီစဉ်နေတာကြာပြီဖြစ်ပေမယ့် Jamieရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာမှ အမှန်တကယ်သွားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ သားအဖတွေဟာ ခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်တလျှောက်မှာ သားဖြစ်သူကို ဖုန်းမသုံးဖို့ Jamie က မှာကြားခဲ့ပြီး ခရီးစဉ်တလျှောက်လုံးမှာ အမှန်တကယ် ဖုန်းမသုံးဘဲ နေခဲ့ကြပါတယ်။

” ကျနော့်မှာ ဖုန်းမရှိဘဲ တရက်တောင် မနေဖူးဘူးဗျ။ ဖုန်းမရှိဘဲ နေခါစကဆို တမျိုးကြီးပဲ နေရအရမ်းခက်ခဲ့တယ်။ ခရီးထွက်မယ်လို့ အဖေပြောတုန်းက ကျနော် ချက်ချင်းပဲ ငြင်းခဲ့တာ။ ဒါပေမယ့် သွားလိုက်တော့လည်း အရမ်းကို ပျော်ဖို့ကောင်းပြီး ဗဟုသုတတွေရခဲ့တယ် ” လို့ Khobe က BBC သတင်းဌာနကို ပြောပါတယ်။

ခရီးထွက်ခါစမှာ ဖုန်းမသုံးရတဲ့အတွက် ဒေါသထွက်တာတွေ ရှိခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းဖြစ်သူတွေ ဘာတွေ လုပ်နေတယ်ဆိုတာ မသိနိုင်လို့ စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်လို့ Khobe က ဝန်ခံခဲ့ပါတယ်။

သူတို့ သားအဖဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ဆိုင်ကယ်ခရီးစဉ် စခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ၊ဖေဖော်ဝါရီလအထိ ခရီးဆက်သွားနေမှာဖြစ်ပါတယ်။ ခရီးစဉ်ဟာ ၁၃၆၇ မိုင်ခန့် ရှိနေပြီဖြစ်ပြီးတော့ ဆိုင်ကယ်အပြင် ကုလားအုတ်၊ မြင်း စတာတွေကိုလည်း စီးပြီး မွန်ဂိုလီးယားတခွင် လည်ပတ်ကြဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref;bbc

You may also like these stories:

ဂိမ်း ပရိသတ်တွေအတွက် ရည်ရွယ်တဲ့ Netflix ရဲ့ “The Witcher” စီးရီး

Alexa ကို အသုံးချပြီး မိခင်ရဲ့ အကြွေးဝယ်ကတ်နဲ့ အရုပ်တွေ ဝယ်ခဲ့တဲ့ ကလေး ၂ ယောက်

ကမ်ပိန်း ရန်ပုံငွေတွေကို ဂိမ်းပစ္စည်းတွေ ဝယ်သုံးခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ်

Loading