Travel

အရှေ့တောင်အာရှမှာ ဈေးအသက်သာဆုံး လည်ပတ်နိုင်တဲ့ မြို့ ၇ မြို့

အာရှနိုင်ငံတွေရဲ့ ဈေးအသက်သာဆုံး လည်ပတ်နိုင်ပတ်နိုင်တဲ့ မြို့ ၁၀ မြို့ရဲ့ စာရင်းကို ခရီးသွားအာမခံ လုပ်ငန်း တခုဖြစ်တဲ့ British Alpha က ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီမြို့တော်တွေရဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာကတော့ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမြို့က ထိပ်ဆုံးနေရာက ရှိနေပြီး မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့က စတုတ္ထနေရာက ရှိနေပါတယ်။

နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ တနှစ်တနှစ် အာရှနိုင်ငံတွေကို ပိုမိုလည်ပတ်လာကြတဲ့ အကြောင်းရင်းတွေထဲမှာ ဈေးနှုန်းချိုသာတာကြောင့်လည်း ပါပါတယ်။ အဓိကကတော့ အရှေ့တောင်အာရှနိုင်ငံတွေပါ။ နိုင်ငံတကာ ခရီးသွားတွေ အဖို့တော့ အရှေ့တောင်အာရှနိုင်ငံအများစုဟာ ငွေကုန်ကြေးကျ သက်သာတဲ့အပြင် လည်ပတ်စရာ နေရာတွေလည်း များလွန်းပါတယ်။

အာရှနိုင်ငံရဲ့ မြို့တော်တွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ လည်ပတ်နိုင်တဲ့ မြို့ ၁၀ မြို့ စာရင်းကို ပြုစုခဲ့တဲ့ British Alpha ခရီးသွားအာမခံလုပ်ငန်းအနေနဲ့ တရက်တာ တည်းခိုစရိတ် ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ အစားအသောက်နဲ့ အာရှတဝှမ်း အဆွဲဆောင်နိုင်ဆုံးမြို့ စတဲ့ အချက်တွေကို အခြေခံပြီး ဒီစာရင်းကိုပြုစုခဲ့တာပဲ ဖြစ်ပါတယ်။

အာရှရဲ့ ဈေးနှုန်းအသက်သာဆုံး မြို့ ၁၀ မြို့ရဲ့ စာရင်းမှာ အရှေ့တောင်အာရှက မြို့ ၇ မြို့ ပါဝင်ပါတယ်။ အဲဒီမြို့ ၇ မြို့ ကတော့ အောက်ပါအတိုင်းပါ။


(၁) ဟနွိုင်းမြို့ (ဗီယက်နမ်နိုင်ငံ)

(၂) ဗီယင်ကျန်းမြို့ (လာအိုနိုင်ငံ)

(၃) ဟိုချီမင်းမြို့ ( ဗီယက်နမ်နိုင်ငံ)

(၄) ရန်ကုန်မြို့ (မြန်မာနိုင်ငံ)

(၅) ဟွိုင်အမ်မြို့ (ဗီယက်နမ်နိုင်ငံ)

(၆) ချင်းမိုင်မြို့ (ထိုင်းနိုင်ငံ)

(၇) ဖနွမ်းပင်မြို့ (ကမ္ဘောဒီးယားနိုင်ငံ) တို့ ဖြစ်ကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံက မြို့တွေကို ဈေးအသက်သာဆုံး လည်ပတ်နိုင်တဲ့မြို့တွေထဲ ဗီယက်နမ်နိုင်ငံက ၃ မြို့ပါဝင်ပါတယ်။ ဇယားမှာတော့ တရက်တာ လည်ပတ်မှု ကုန်ကျစရိတ်ကိုလည်း တွက်ချက်ပေးထားပါတယ်။

Ref: nitravelnews,bigseventravel

Loading